ကောင်းကျိုးမပေးသော သမီးပျို
အခန်း(၄၉၉)
နောက်ခုနှစ်ရက်နေရင် ထွက်ခွာမယ့်အကြောင်းအား ဖီးနစ်မောင်နှံကိုအသိပေးလိုက်ပြီးနောက် ထိုနေ့ရောက်လျှင် မြို့တံခါးအပြင်ကနေ စောင့်နေဖို့ပါ တစ်ဆက်တည်းပြောခဲ့လိုက်ပါတယ်။
အပြန်လမ်းတစ်လျှောက်လုံး ရှန်ယန်ရှောင်စိတ်လက်ပျော်ရွှင်နေပြီး အကျေနပ်ကြီးကျေနပ်နေပါတော့သည်။
သခင်ဖြစ်သူ၏ အပြုံးကို သတိပြုမိသွားတဲ့အခါမှာတော့ ဇာမဏီငှက်လည်း သဘောပေါက်သွားပါတယ်။
“ဖီးနစ်မောင်နှံကို မင်းနဲ့အတူ စွန့်ပစ်နယ်မြေကိုလိုက်လာဖို့အတွက် လိမ်လည်ဖို့ကို အစတည်းက ကြံစည်ထားတာပေါ့လေ”
“လိမ်တယ်လို့ သုံးနှုန်းလို့မသင့်တော်ဘူး နည်းဗျူဟာလို့ခေါ်ရတယ်ဟ”လို့ ရှန်ယန်ရှောင်က လက်လေးခါခါခါခါနဲ့ ပြောလိုက်ပါသည်။
“အရှက်ကိုမရှိဘူး တစ်စက်တောင်မရှက်တတ်ဘူးပဲ”
သူတစ်ပါးသားသမီးကို အနိုင်ကျင့်ယူထားရုံတင်မက မိဘတွေကိုပါ လှည့်ဖြားလိုက်သေးတယ်တဲ့။ဒီလိုကိစ္စမျိုးကို သူ့သခင်ဖြစ်သူလို အရှက်တရားဆိုတာ ချိုနဲ့လားလို့ မေးတတ်သူသာလျှင် လုပ်ဆောင်နိုင်မှာပါ။
ရှန်ယန်ရှောင်ကတော့ ပုခုံးတွန့်၍သာလျှင် ဇာမဏီငှက်၏ အထင်အမြင်သေးသော အကြည့်ကို ခံယူလိုက်ပါတယ်။
ထို့နောက်မှာတော့ ဇာမဏီငှက်ရဲ့ ပုခုံးကိုပုတ်လိုက်ပြီး “အရေမရအဖတ်မရတွေ ပြောမနေနဲ့တော့ ငါ့မှာ လုပ်စရာတွေ တစ်ပုံကြီးရှိသေးတယ် မြန်မြန်သာပြန်ကြစို့”ဟု ပြောလိုက်ပါသည်။
စွန့်ပစ်မြေအတွင်းမှာ မြို့တော်တစ်ခု တည်ဆောက်ဖို့အတွက် သူမ ပြန်ဆင်ချင်တာတွေ ရှိပါသေးတယ်။နယ်မြေတစ်ခု လုံးမှာ နတ်ဆိုးတွေပြည့်နှက်နေတော့ သူမအနေဖြင့် အစစအရာရာ အသင့်ဖြစ်နေဖို့ လိုပါတယ်။
ရိက္ခာ၊ဆေးဝါး၊ပစ္စည်းကိရိယာ၊အဝတ်အထည်၊ဆေးမြစ်တို့ဟာ စွန့်ပစ်နယ်မြေအတွင်းမှာ အဖိုးဖြတ်မရအောင် တန်ဖိုးကြီးမားပါလိမ့်မယ်။