ကောင်းကျိုးမပေးသော သမီးပျို
အခန်း(၄၉၇)
“ကျနော်တို့ကလေးက အရမ်းဆိုးလို့ မင်းအတွက် ဒုက္ခဖြစ်သွားတာလား”လို့ ဖီးနစ်မောင်နှံက ပြန်မေးလိုက်ပါသည်။
ရှန်ယန်ရှောင် ခေါင်းယမ်းလိုက်သည်။
“ဖီးနစ်ကလေးက အရမ်းချစ်စရာကောင်းပြီးတော့ အရမ်းလည်းလိမ္မာပါတယ် ဒါပေမယ့် ကျနော်က မကြာခင်မှာပဲ နတ်ဆိုးမျိုးနွယ်တွေရှိတဲ့ စွန့်ပစ်နယ်မြေကိုသွားရတော့မှာလေ။အဲ့နေရာက လုံခြုံစိတ်ချရတာမဟုတ်တော့ ဖီးနစ်လေးကို ကောင်းကောင်းမစောင့်ရှောက်ပေးနိုင်မှာကို စိုးရိမ်တာနဲ့ အခုလိုပြန်လာပို့ပေးရတာပါ”
“စွန့်ပစ်နယ်မြေ”ဆိုပြီးတော့ ဖီးနစ်မောင်နှံတို့ဟာ ရှန်ယန်ရှောင်သွားမယ့်နေရာကို အံ့အားသင့်သွားကြပါတယ်
“စွန့်ပစ်နယ်မြေဟာ နတ်ဆိုးတွေ တစ်ချိန်တုန်းက အုပ်စိုးလွှမ်းမိုးခဲ့တဲ့နေရာဖြစ်ပြီး လူသားတွေအတွက် အလွန်ပဲ အန္တရာယ်ကြီးလွန်းပါတယ် မင်း သေသေချာချာပြန်စဉ်းစားကြည့်ပါဉီးလား”လို့ ဖီးနစ်ဖိုက ရင်ထဲကလာသော စကားကိုပြေလိုက်ပါတယ်။
မှော်သားရဲတွေဟာ လူသားတွေထက်စာရင် သူတို့ရဲ့မိတ်ဆွေတွေအပေါ်မှာပိုပြီးတော့ သစ္စာရှိတာသေချာပါတယ်။
“အဲ့နေရာမှာ အန္တရာယ်တွေအပြည့်ရှိနေမှန်း ကျနော်သိပါတယ် ဒါပေမယ့်လည်း ကျနော်တို့လူတွေမှာ လူတွေ လိုက်နာရမယ့် စည်းမျဉ်းစည်းကမ်းတွေရှိတာကို ခင်ဗျားတို့ သိချင်လည်းသိလိမ့်မယ် ကျနော့်ကို အဲ့စွန့်ပစ်နယ်မြေမှာ မြို့တော်ကြီး ပြန်လည်တည်ဆောက်ဖို့ တာဝန်ပေးအပ်ထားတာကြောင့် ဒီတာဝန်မအောင်မြင်မချင်း အဲ့မှာ ကျနော်နေနေရဉီးမှာပါ”လို့ ရှန်ယန်ရှောင်ကပြန်ပြောလိုက်သည်။
ဖီးနစ်မောင်နှံတို့ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြကာ အနည်းငယ်တုံ့ဆိုင်းဆိုင်းဖြစ်သွားပါတယ်။
“မင်း တစ်ကယ်ကြီးသွားမှာလား”
ရှန်ယန်ရှောင် ခေါင်းညိတ်ပြလိုက်သည်။