ကောင်းကျိုးမပေးသော သမီးပျို
အခန်း(၄၉၆)
“မှော်သားရဲတွေက တစ်ခြားသူတွေကို အနံ့နဲ့ခွဲခြားနိုင်တာကြောင့် မင်းရုပ်ဖျက်မဖျက်က သူတို့အတွက် ဘာမှ သက်ရောက်မှုမရှိဘူးလေ”လို့ ရှူက ရှင်းပြပေးလိုက်ပါသည်။
“ခင်ဗျားတို့တွေ ဒီနေရာမှာ နေသားကျရဲ့လား”လို့ ရှန်ယန်ရှောင်က ပြုံးကာပြန်ပြောလိုက်ပါသည်။
ဒီလိုဆိုတော့ သူမကိုယ်သူမ မိတ်ပြန်ဆက်စရာ အချိန်မကုန်တာပေါ့လေ…….
“မင်းရဲ့ကူညီပေးမှုအတွက် အများကြီးကျေးဇူးတင်ပါတယ်။ ဒီနေရာက ငါတို့နေဖို့အတွက် အလွန်ပဲသင့်လျော်လှပါတယ်။ ဒီအတောအတွင်းမှာ မင်းတို့မိသားစုက ငါတို့အပေါ်မှာ ကူညီပေးခဲ့တာတွေ အတွက်လည်း အလွန်ပဲ ကျေးဇူးတင်မဆုံးဖြစ်နေရတာပါ”လို့ ဖီးနစ်ဖိုက လှိုက်လှိုက်လှဲလှဲနဲ့ ကျေးဇူးတင်စကား ပြောကြားလိုက်ပါသည်။
“အားနာနေဖို့ မလိုပါဘူး။ ခင်ဗျားတို့အတွက် လျော်ကြေးပေးတဲ့သဘောပါ”လို့ ရယ်ရင်းပြောလိုက်သော ရှန်ယန်ရှောင်က ဖီးနစ်မဟာ ရင်သွေးဖြစ်သူအား ငေးစိုက်ကြည့်နေတာကို သတိပြုမိသွားပါတယ်။
ဖီးနစ်လေးကို လှမ်းယူလိုက်ပြီးတော့ ရှေ့သို့လှမ်းလိုက်ကာ အိပ်ပျော်နေသော ဖီးနစ်လေးအား ဖီးနစ်မထံ ပေးအပ်လိုက်ပါသည်။
သူမလက်မောင်းပေါ်တွင် အိပ်စက်နေသော ရင်သွေးဖြစ်သူအား ကြည့်ကာ ဖီးနစ်မလည်း အလွန်အမင်းစိတ် လှုပ်ရှားပြီး မျက်ရည်ပါလည်လာပါတော့သည်။ သို့သော်လည်း ခနအကြာမှာ တစ်ခုခုကို သတိပြုမိသွားဟန်နဲ့ ခေါင်းမော့ပြီးတော့ ရှန်ယန်ရှောင်နဲ့ဇာမဏီတို့ကို ကြည့်လိုက်ပါသည်။
“ဘာဖြစ်လို့ သူ့အမွှေးက မလဲသေးတာလဲ”
“အမွှေးလဲတာ” ဟု ပြောရင်း ရှန်ယန်ရှောင် မျက်စိပုတ်ခတ်ပုတ်ခတ်လုပ်လိုက်မိသည်။
ဖီးနစ်ဖိုက ဝင်ရှင်းပြသည်မှာက “ငါတို့ရင်သွေးမှာ မွေးကင်းစမှာ အပေါ်မှာဖုံးအုပ်နေတဲ့ အမွှေးရှိပေမယ့် လအနည်းငယ်ကြာရင် အလိုလိုကျွတ်ပြီးတော့ အမွှေးအတောင်အစစ်တွေ ကြီးထွားလာမှာလေ။ဒါပေမယ့် အခုက လတော်တော်ကြာနေပြီဖြစ်တာတောင် အခုထိ အမွှေးမလဲသေးလို့ ငါတို့အနေနဲ့ သိချင်လို့မေးလိုက်တာပါ”