ကောင်းကျိုးမပေးသော သမီးပျို
အခန်း(၅၈၅)ဒါကို ရှန်ယန်ရှောင်ကတော့ အစကနေအဆုံးအထိ တည်တည်ငြိမ်ငြိမ်ပဲ ရှိနေခဲ့သည်။လီချီရဲ့ စကားလုံးတွေက ဘယ်လောက်ပဲ ဆိုးရွားနေပါစေ သူမမျက်နှာတစ်ချက် မပျက်သလို နှုတ်ခမ်းပေါ်က အပြုံးကလည်း တစ်ချက်မဲ့မသွားခဲ့ပါဘူး။
ဖေးယွမ် အရမ်းအံ့ဩသွားခဲ့ပါသည် သူ့အနေဖြင့် တိုက်ပေါ်ရှိ မရေမတွက်နိုင်သော လူများစွာဖြင့် တွေ့ဆုံကြုံတွေ့ခဲ့ဖူးပါသည်။သူ ခန့်မှန်းသိမြင်နိုင်စွမ်းမရှိတဲ့ လူအရေအတွက်က အရမ်းကို နည်း ပါးလှပါသည်။အခုအခါမှာတော့ ရှန်ယန်ရှောင်ကို သူ သိမြင်နားလည်နိုင်စွမ်း မရှိပြန်ပါဘူး။သူမရဲ့ ပင်ကိုယ်သဘာဝကိုက ပျော့ညံ့တာလား ဒါမှမဟုတ် တစ်ခြားတစ်ခုခုလားဆိုတာကို သူ မပြောနိုင်ဘူး ဖြစ်နေပါသည်။
ရှန်ယန်ရှောင်က စားပွဲပြင်ဆင်ထားတယ်လို့ ပြောခဲ့တာဖြစ်ပေမယ့် တစ်ကယ်ကတော့ သာမန် အစာခြောက်တွေသာ ဖြစ်ပါသည်။ဒီစားစရာတွေက အလွယ်တကူ ထုတ်ပိုးသယ်ဆောင်နိုင်တာ ကြောင့် အများအပြားရှိနေတာလည်း ဖြစ်ပါသည်။တက်သစ်နေမြို့ဆီ မလာခင်မှာ ရှန်ယန်ရှောင် ဟာ သိုလှောင်ဖို့အလွယ်ကူဆုံး ရိက္ခာခြောက်တွေကို ရွေးချယ်ဝယ်ယူခဲ့တာဖြစ်သည်။ကြက်တို့ ဘဲတို့ ငါးတို့တွေကတော့ ရှိကိုမရှိပါဘူး။
စားပွဲအပြည့်ရှိတဲ့ ပေါက်စီတွေကိုကြည့်ပြီး လီချီပါးစပ် တလှုပ်လှုပ်ဖြစ်နေသည်။အဲ့ကလေးမက ငါ့ကိုများ လာပြောင်ရဲတယ်ပေါ့လေ…
ဒီစားပွဲပေါ်ကဟာတွေက လူစားဖို့တဲ့လား…
“လာကြစမ်း မင်းတို့မြို့တော်သခင်ကို ခေါ်လိုက်စမ်း”ဟု အရမ်းပျက်ယွင်းနေသော မျက်နှာဖြင့် လီချီအော်ပြောလိုက်သည်။ကြည့်ရတာတော့ ရာထူးမြင့်အရာရှိတွေကို ဘယ်လိုဘယ်ပုံ ဧည့်ခံရမလဲဆိုတာကို သူ ကောင်မလေးအပေါ်မှာ ကောင်းကောင်းသင်ကြားပေးရဦးမယ့်ပုံပါပဲ။
လီချီတို့ရဲ့ အစားအသောက်အတွက် တာဝန်ကျသူက လူသားအသွင်ယူထားသော အဆင့်မြင့်နတ် ဆိုးတစ်ယောက်ဖြစ်သည်။အခုအချိန်မှာတော့ ဒီနတ်ဆိုးဖြစ်သူဟာ လူသားတို့ကို ရင်ထဲမှ လက်သင့်ခံလာပြီဖြစ်သော်လည်း အခုမှ မြို့ထဲကို ရောက်လာကြသော ဒီအဖွဲ့ကိုတော့ မနှစ်မြို့ဘူး ဖြစ်နေပါသည်။
ဒါပေမယ့်လည်း ရှန်ယန်ရှောင်ရဲ့ အမိန့်ကြောင့် သူ့အနေနဲ့ ပြဿနာရှာလို့ မကောင်းတာကြောင့် နှုတ်ခမ်းကိုတင်းတင်းစေ့၍သာ ထွက်သွားလိုက်ပါသည်။
ဒီအချိန်မှာတော့ ဖေးယွမ်၏ မျက်ဝန်းတွေမှာ သံသယအရိပ်တစ်ခု ဖြစ်ပေါ်သွားခဲ့ပါသည်။
“ဒါတွေက ဘာတွေလဲ ငါတို့ကိုကျွေးတဲ့ စားစရာတွေက စားလို့ရော ရသလားဟ ဘာပဲဖြစ်ဖြစ် ရှန်ယန်ရှောင်က ဇာမဏီမျိုးနွယ်ကလေ ငါတို့ကို ဒါမျိုးလာစမ်းလို့ ရမလား ကျွန်တော်မျိုးကတော့ သည်းခံနိုင်ပေမယ့် အရှင့်သားအနေနဲ့ ဒါမျိုးဒုက္ခဆင်းရဲခံလို့ မဖြစ်ပါဘူး”ဟု လောင်ယူမင်းသားနဲ့ ဖေးယွမ်တို့ရှေ့မှာ သူ့ကိုယ်သူ ဆရာကြီးအသွင် မဖမ်းနိုင်တာကြောင့် လောင်ယူအပေါ်ကို ပုံချလိုက်ပါသည်။
လောင်ယူ တန့်ကနဲဖြစ်သွားပြီးနောက် ပုံဆိုးပန်းဆိုးဖြစ်နေတဲ့ လီချီကိုကြည့်ကာ နဝေတိမ် တောင် ဖြစ်သွားခဲ့သည်။
“မင်း ဘာပြောလိုက်တာလဲ”
မင်းသားလေးဟာ အတွေးထဲမြောနေဆဲဖြစ်ပြီး လီချီပြောလိုက်သမျှ တစ်လုံးမှကို သူ မကြားခဲ့ပါဘူး။
“အရှင်…အရှင့်သား”
လီချီမျက်နှာကို ဘယ်နားထားရမလဲ မသိဖြစ်သွားရသည်။သူ သရုပ်ဆောင်နေရတာ တော်တော်လေး ကြာခဲ့ပါပြီ ဒါပေမယ့် လောင်ယူမင်းသားက ဂရုကိုမစိုက်ခဲ့တာကြောင့် မျက်နှာ ပန်းမလှ ဖြစ်သွားခဲ့သည်။
“ငါကဘာဖြစ်တာ…မင်း အခုလေးတင် ဘာပြောလိုက်တာလဲ”လို့ လောင်ယူက မျက်မှောင်ကြုတ် ကာ မေးလိုက်သည်။