ကောင်းကျိုးမပေးသော သမီးပျို
အခန်း(၅၈၂)နောက်ဆုံးမှာတော့ စောင့်နေကြတဲ့လူစုရှေ့သို့ သေးငယ်သောလူလေးယောက် ဖြည်းညင်းစွာ ရောက်ရှိလာခဲ့ပါသည်။
အဝေးကလာခဲ့ကြသော ဧည့်သည်တို့ဆီသို့ ရှန်ယန်ရှောင်က အေးဆေးစွာ လျှောက်လှမ်းသွား သည်။
“နေပြည်တော်ကလွှတ်လိုက်တဲ့ အထူးတမန်တော်အဖွဲ့လား မသိဘူးနော် ကျွန်မကတော့ တက်သစ်နေမြို့တော်ရဲ့ မြို့တော်သခင်ဖြစ်တဲ့ ရှန်ယန်ရှောင်ပါ”လို့ ရှန်ယန်ရှောင်က မောက်မာမှုမရှိသလို အရမ်းနှိမ့်ချမှုမရှိသော လေသံဖြင့် ဣန္ဒြေရရပြောလိုက်သည်။
ရှန်ယန်ရှောင်၏ မင်သက်ဖွယ်ကောင်းတဲ့ အသွင်အပြင်ကို တွေ့တွေ့ချင်းမှာ လူတစ်ချို့ သတိလက်လွတ်ဖြစ်သွားခဲ့သည်။
ရှန်ယန်ရှောင်ကသာ မိတ်ဆက်ချင်းမရှိပါက သူ့ရှေ့မှာရှိတဲ့ အလှပဂေးလေးနဲ့ တက်သစ်နေမြို့တော်ရဲ့ မြို့တော်သခင်တို့ကို ဆက်စပ်ကြည့်မိမှာမဟုတ်ဘူးလို့ လီချီ တွေးလိုက်မိသည်။
ရှန်ယန်ရှောင် နန်းတွင်းကိုလာခဲ့တုန်းက ခဏလေးသာ ကြာခဲ့တာဖြစ်ပြီး လီချီကလည်း ရှိမနေခဲ့ပါ ဒါကြောင့် ရှန်ယန်ရှောင်၏ အသွင်အပြင်ရုပ်ရည်ရူပကာကို လီချီ မသိထားခဲ့ပါဘူး။
ဒါပေမယ့် လီချီကတော့ သူမရဲ့ အလှထက်စာရင် အပြုအမူကို ပိုအလေးထားတာဖြစ်သည်။ တစ်ဖက်အနေနဲ့ သူ့ကို တမန်တော်မှန်းသိထားပြီးဖြစ်တာကို ကြိုဆိုတဲ့အချိန်က နောက်ကျနေပါ သေးသည် ထားလိုက် အဲ့ကိစ္စကို သူ မေ့ထားလို့ရသည်။ဒါပေမယ့် သူမက သူတို့ကို ကြိုဆို နှုတ်ဆက်ဖို့အတွက် ကလေးသုံးယောက်ကိုပဲ ခေါ်လာတယ်တဲ့ ဒါက ဘာအထာလဲ ယမထာလား။
“မင်းက ရှန်ယန်ရှောင်လား”လို့ လီချီက မာနတစ်ခွဲသားဖြင့် ဖွင့်ဟပြောပြီး ဆရာကြီးစတိုင် လုပ်နေလိုက်သည်။
ရှန်ယန်ရှောင်ဘေးမှာ ရှိနေတဲ့ ဇာမဏီကတော့ သိပြီးသားကိစ္စကို ပြန်မေးလိုက်တဲ့ လီချီကြောင့် ရှေ့ကိုတက်ပြီး ပါးရိုက်ပစ်ချင်စိတ်ပေါက်သွားခဲ့သည်။
ဒီကောင်က ဘာလဲဟ တုံးတလား အတာလား နတာလား ထူတာလား ဒူတာလား…
အခုလေးတင် ငါ့ဆရာသမားက မိတ်ဆက်စကားဆိုလိုက်တာကို မကြားရလို့ မေးနေတာလား…
မင်းခေါင်းထဲ ရေတွေပဲရှိနေတာလားဟ…
ရှန်ယန်ရှောင်ကတော့ သဘာဝကျကျ ပြုံးပြီးနောက် “အတိအကျပါပဲ”လို့ ပြန်ပြောလိုက်သည်။
“ငါက အထူးတမန်တော်ဖြစ်တဲ့ လီချီပဲ ဒါက အရှင့်သားတော် မင်းသားလောင်ယုဖြစ်ပြီး ဒါက မင်းတိုင်ပင်ကြီးဖြစ်တဲ့ ဖေးယွမ်ပါ”လို့ လီချီက ဟွန့်ကနဲလုပ်ပြီး ပြောလိုက်သည်။
ဒီမိတ်ဆက်စကားကို ကြားလိုက်ရတဲ့ ရှန်ယန်ရှောင် မျက်ခုံးပင့်လိုက်မိသည်။ဒီဘိုးတော်ကြီး ဘာတွေများတွေးနေတာလဲမသိဘူး အထူးတမန်နဲ့တင် မပြီးသေးဘဲ သူ့သားနဲ့ မင်းတိုင်ပင် ကြီးကိုပါ စေလွှတ်လိုက်သေးပါလားလို့ တွေးလိုက်မိသော်လည်း အမူအယာမပျက်စေဘဲ ချိုသာသောအပြုံးဖြင့် “မင်းသားလေးနဲ့ မင်းတိုင်ပင်ကြီးတို့ကို ဂါရဝပြုပါတယ်”ဟု ပြောလိုက်ပါ သည်။
ဖေးယွမ်ကတော့ ခေါင်းကိုအသာပဲ ဆတ်ပြလိုက်ပြီး ထိပ်သီးပညာရှင်တစ်ဦးရဲ့ အပြုအမူကို ပြလိုက်ပါသည်။
လောင်ယုမင်းသားကသာ သူ့အကြည့်ကို ရှန်ယန်ရှောင်မျက်နှာပေါ်ကနေ မခွာနိုင်သေးဘဲ ဖြစ်နေပါသည်။
နန်းတော်ထဲမှာ ကြီးပြင်းနေထိုင်လာတဲ့ လောင်ယုမင်းသားအနေဖြင့် မြင်တွေ့ခဲ့ဖူးသော အလှပဂေးတွေဟာ တစ်ထောင်မရှိရင်တောင် အနည်းဆုံးတော့ ရှစ်ရာကျော်ပါသည် သို့သော် ရှန်ယန်ရှောင်ကဲ့သို့ လှပသောသူ တစ်ဦးတစ်ယောက်ကိုမှ သူ မတွေ့ခဲ့ဖူးသေးပါဘူး။
အချိန်တစ်ခုအထိ သူ အရူးတစ်ယောက်လိုဖြစ်နေခဲ့ပါသည်။
“ရှန်ယန်ရှောင် အထူးတမန်တော်လာနေတာကို မင်းသိထားရဲ့နဲ့ တစ်ခါတည်း မကြိုဆိုဘဲ ငါတို့ကို ဒီမှာဘာကြောင့် စောင့်ခိုင်းထားရတာလဲ”လို့ ရှန်ယန်ရှောင်က ဇာမဏီမျိုးနွယ်စုကြီးက ဖြစ်မှန်း သိထားသော်လည်း ဇာမဏီမျိုးနွယ်စုဟာ မင်းမှုထမ်းမျိုးရိုးမဟုတ်သလို ဧကရာဇ်ဖြစ်သူကိုယ်တိုင်က ရှန်ယန်ရှောင်ကို မနှစ်မြို့မှန်းသိထားတာကြောင့် လီချီဟာ ရှန်ယန်ရှောင်ကို အလေးပေးဆက်ဆံနေမှာ မဟုတ်ပါဘူး။
တစ်ဖက်လူက ဘာမှမသိတဲ့ ကလေးပဲရှိသေးတာကြောင့် သူ့အာဏာကို ကောင်မလေးရှေ့မှာ ထုတ်ပြတာ ဘာမှမှားစရာအကြောင်းမရှိပါဘူး။
လီချီရဲ့ပြောစကားအရ တက်သစ်နေမြို့တော်ကို သူတို့ရောက်တာနဲ့ ရှန်ယန်ရှောင်အနေနဲ့ သူတို့ကို ကြိုဆိုဖို့အတွက် လူတွေခေါ်လာပြီး နှုတ်ဆက်ဂါရဝပြုရမှာဖြစ်သည်။သို့သော် ရှန်ယန်ရှောင်က ဒါတွေကို တစ်ခုမှ စီစဉ်မထားတာကြောင့် သူတို့ကို အလေးမထားတာ အသိသာ ကြီး ဖြစ်ပါသည်။
အခန်း(၅၈၂)