ကောင်းကျိုးမပေးသော သမီးပျို
အခန်း(၅၃၅)
သူမရဲ့မြို့တော်အတွင်းရှိ လမ်းများပေါ်မှာ နတ်ဆိုးတွေခြေချင်းလိမ်နေကြပါတယ်။ ဆောက်လုပ်ရေးလုပ်သားတွေ ရောက်လာကြရင်တောင် မြို့ထဲဝင်ဝင်ချင်းမှာပဲ နတ်ဆိုးတွေကို တွေ့တာနဲ့ ကြောက်ချီးပန်းသွားကြမှာဖြစ်ပါသည်။
ထို့အပြင်လည်း လောင်းရွှမ်ပြည်၏ဧကရာဇ်မင်းဟာ ရှန်ယန်ရှောင်က ဆင့်ခေါ်သူဖြစ်နေမှုအပေါ်မှာ သဘောကျမှုမရှိတာ သံသယဝင်နေစရာမလိုပါဘူး။သူမက ဇာမဏီအိမ်တော်ကဖြစ်နေလို့သာ ဧကရာဇ်အနေဖြင့် ပေါ်ပေါ်ထင်ထင်လုပ်လို့မရတော့ခြင်းဖြစ်ပေမယ့် နောက်ကွယ်မှာတော့ သူမအား အနှောက်အယှက်ပေးဖို့အတွက် တစ်ခုခုကြံစည်နေမှာသေချာလှပါသည်။
တက်သစ်နေမြို့တော်က အထင်ရှားဆုံးသက်သေပါပဲ သူမအနေနဲ့ ရှန်ဖန်အား အကူအညီတောင်းလို့တော့ ရပါသည်။သို့ပေမယ့် ဒီလိုလုပ်ရပ်က သူမ၏ထုံးစံမဟုတ်ပါဘူး။လူကြီးမိဘအရှိန်အဝါကို အသုံးချမယ့် သူဌေးသူကြွယ်သားသမီးအဖြစ်မခံနိုင်ပါဘူး။မိမိအစွမ်းအစဖြင့်သာ တက်သစ်နေမြို့တော်ကို ပြန်ပြီးတည်ဆောက်မှာဖြစ်ပါသည်။
ရှန်ယန်ရှောင်စိတ်ဓာတ်ကျစွာဖြင့် မှိုင်တွေကာ မြို့ပျက်ကြီးကို ကြည့်နေမိပါသည်။ငါ့အရင်ဘဝတုန်းက သူခိုးမလုပ်ခဲ့ဘဲ အင်ဂျင်နီယာလုပ်ခဲ့မိရင် ဘယ်လောက်ကောင်းလိုက်မလဲဟု တွေးနေရင်းပေါ့……
ဒီလိုဆိုရင် အချိန်တိုအတွင်းမှာပဲ အဆောက်အဉီကြီးတွေက မြေပေါ်မှာထွက်ပေါ်လာမှာပဲ… ဒါဆိုရင် သူမလည်း အခုလို စိတ်ပျက်ဝမ်းနည်းနေစရာမလိုတော့ဘူးပေါ့…
ဒီရက်ပိုင်းအတွင်းမှာ နတ်ဆိုးတွေနှင့်အတူနေထိုင်ရတာ အကျင့်ရလာပြီဖြစ်လို့ တူလန်းစိတ်အခြေအနေ လန်းဆန်းတက်ကြွလာပါသည်။သူက ရှန်ယန်ရှောင်ဘေးနားကို သွားလိုက်ပြီးနောက် သက်ပြင်းတချချ ဖြစ်နေရှာသော ကောင်မလေးအား ကြည့်လိုက်ကာ ထိုင်ခုံတစ်လုံးယူ၍ထိုင်လိုက်ပါသည်။
“တစ်ကယ်ပြောရရင် ငါတော့ လက်ဖျားခါမိပါရဲ့ ဒီမြို့တော်ကြီးကို မင်းကဒီလိုနည်းလမ်းမျိုးနဲ့ ထိန်းကွပ်နိုင်လိုက်တယ်ဆိုတော့။ငါတွေးခဲ့တာက ဒီတစ်ခေါက် မင်းနဲ့အတူ စွန့်ပစ်နယ်မြေကို လိုက်လာခဲ့လို့ အနည်းနဲ့အများတော့ သေကြေကြမှာပဲလို့ပေါ့”ဟု တူလန်းက ပြုံးကာပြောလိုက်သည်။