၅၈၇

2.2K 308 0
                                    

ကောင်းကျိုးမပေးသော သမီးပျို
အခန်း(၅၈၇)

ဇာမဏီမျိုးနွယ်က အင်အားကြီးတာမှန်သော်လည်း တိုင်းပြည်တစ်ခုလုံးနှင့်ယှဉ်ပါက ရင်ဆိုင်ဖို့ အရမ်းခက်တဲ့ကိစ္စဖြစ်ပါသည်။ထို့အပြင် ဇာမဏီမျိုးနွယ်ရဲ့ လက်ရှိမျိုးဆက်ထဲမှာ အရည်အချင်းရှိ သူတွေ ခေါင်းပါးတဲ့အပြင် အချင်းချင်းလည်း ပဋိပက္ခဖြစ်နေပါသေးသည်။သူမက နေပြည်တော်နဲ့ အလှမ်းကွာဝေးတဲ့ စွန့်ပစ်နယ်မြေမှာ ရောက်နေတာဖြစ်လို့ ဒီလိုအချိန်မှာသာ ဘုရင်ဖြစ်သူက ရှန်ဖန်အပေါ်မှာ လှုပ်ရှားခဲ့ရင် သူမ ကူညီချင်ရင်တောင် ဘာမှတတ်နိုင်မှာ မဟုတ်ပါဘူး။
ရှန်ယန်ရှောင် သည်းခံနေလိုက်ခြင်းက သူမ စိတ်ပူရသူတွေ ရှိနေလို့ဖြစ်သည်။ဒါကြောင့် သူမရဲ့ မာနကို အသာချလို့ ဒေါသကို မြိုသိပ်ထားရဦးမှာဖြစ်ပါသည်။
သို့သော် အမြဲတမ်းတော့ ခေါင်းငုံ့သည်းခံသွားမှာ မဟုတ်ပါလေ။တက်သစ်နေမြို့တော်ကြီး တည်ဆောက်ပြီးလို့ သူမရဲ့ အတောင်ပံတွေ ဖြန့်ထုတ်ပြီးချိန်မှာတော့ ဒီလောကပေါ်ရှိ ဘယ်သူကမှ သူမအပေါ်တွင် လာရောက်စော်ကားလို့ ရမှာမဟုတ်တော့ပါဘူး။
“မြို့တော်သခင် အဲ့ဒီခွေးကောင်တွေက မြို့တော်သခင်ကို ခေါ်ခိုင်းလိုက်လို့”ဟူ၍ မကျေမနပ် ဖြစ်နေဟန်ပေါ်တဲ့ အဆင့်မြင့်နတ်ဆိုးတစ်ယောက်က သူမကိုပြောလိုက်သည်။
“ရှောင်လေးကို ဘယ်ခေါ်တာလဲ”ဟု မျက်နှာဖုံးကိုယ်စီ ဝတ်ဆင်ထားကြတဲ့ ငနာငါးကောင်က ရှန်ယန်ရှောင်ရှေ့မှာ ပြိုင်တူရပ်၍ပြောလိုက်သည်။
သူတို့၏ ချောမောသော မျက်နှာတွေဟာ သာမန်ရုပ်အသွင်ဖြစ်နေပါပြီ။လူအုပ်ကြားထဲ ပစ်ထည့်လိုက်ရင် မည်သူကမှ သတိပြုမိစရာမရှိပါဘူး။
“ကြူရှီယာလား”လို့ တူလန်းက သူ့ရှေ့ရှိ လူငယ်ကို ဇဝေဇဝါဖြင့် ကြည့်လိုက်သည်။အသွင်အပြင် က နေ့နဲ့ညလိုပင် ခြားနားလှသည်ကိုး။
“အားရှီလုပ်တဲ့ မျက်နှာဖုံးက တစ်ကယ့်ကို ကောင်းလွန်းတယ်”ဟု ကြူရှီယာက မျက်နှာကို တစ်ချက်တို့ရင်း ပြောလိုက်သည်။
“ဟုတ်ပြီ ခုဏတုန်းက ဘာပြောလိုက်တာလဲ ရှောင်လေးကို ဘယ်ခွေးကောင်တွေက လာစေချင်တာလဲ”လို့ တန်နာဇီက အဆင့်မြင့်နတ်ဆိုးကိုကြည့်၍ မေးလိုက်သည်။
“နေပြည်တော်က ခွေးကောင်တွေပါ”လို့ နေပြည်တော်အဖွဲ့ကို အစကတည်းက သဘောမကျဖြစ် နေတဲ့ အဆင့်မြင့်နတ်ဆိုးက ပြန်ပြောလိုက်သည်။
“အထူးတမန်တော်လား”
“မင်းသားလောင်ယူနဲ့ မင်းတိုင်ပင်ကြီး ဖေးယွမ်တို့လည်း ပါတယ်”လို့ တူလန်းက ထပ်လောင်း ပြောကြားလိုက်သည်။
“အဲ့မသာလေး လောင်ယုလည်း လိုက်လာတာလား”
တိရစ္ဆာန်လေးကောင်အနေနဲ့ လောင်ယုကို သိထားပြီးဖြစ်ပုံပေါ်ပါသည်။
သူတို့အားလုံးက လောင်းရွှမ်ပြည် လူငယ်မျိုးဆက်ရဲ့ အတော်ဆုံးတွေ ဖြစ်တာကြောင့် လီရှောင်ဝေကလွဲရင် ကျန်လေးယောက်အနေနဲ့ လောင်ယုကို မကြာခဏတွေ့ဖူးပြီးသား ဖြစ်ကြသည်။
“ဖေးယွမ်လည်း လိုက်လာတာပေါ့။ဒီဘိုးတော်က ရင်ဆိုင်ဖို့နည်းနည်းခက်တယ်။ဒါနဲ့ စောနတုန်း က အကုန်လုံး နည်းနည်းထူးဆန်းနေသလိုပဲ ကျွန်တော်တို့ မရှိတုန်း ဘာတွေဖြစ်သွားခဲ့တာလဲ” လို့ ကြူရှီယာကမေးလိုက်သည်။
အစောပိုင်းက ရှန်ယန်ရှောင်ကို လီချီက ဘယ်လိုစော်ကားမော်ကားပြောဆိုခဲ့တဲ့အကြောင်း တူလန်းက ကျကျနနပြန်ပြောလိုက်တော့ ငါးကောင်လုံး မျက်နှာတွေ သုန်မှုန်သွားခဲ့ကြသည်။
“အဲ့လီချီက ဘယ်လိုကောင်တုန်းဟ ငါတို့မိသားစုရဲ့ ရှောင်လေးကို ဒီလိုမျိုးတွေတောင် ပြောရဲတယ်တဲ့ ယုံချင်ယုံမယုံချင်နေ အဲ့ကောင်ကို ငါ့လက်တစ်ချောင်းနဲ့တင် ချေသတ်ပစ်လိုက် လို့ ရတယ်ကွ”ဟု တန်နာဇီက ဒေါပွပွဖြင့်ပြောလိုက်သည်။
“ကဲပါ ဒီလောက်ထိ ပြောနေဖို့မလိုပါဘူး ငါသွားလိုက်မယ်”လို့ ခေါင်းကိုက်နေတဲ့ ရှန်ယန်ရှောင်က ပြောလိုက်သည်။ သူမအနေဖြင့် အခုလတ်တလောမှာတော့ ဘာပြဿနာမှ မဖြစ်ချင်သေးပါဘူး။
ငနာတို့လည်း ရှန်ယန်ရှောင်၏ တည်ငြိမ်နေသော မျက်နှာလေးကို အံ့အားသင့်စွာဖြင့် ကြည့်လိုက်မိကြသည်။ဒီကောင်မဆိုးလေးက သူမရဲ့ဒေါသကို ဒီအတိုင်းမြိုသိပ်ထားတဲ့အပေါ် အံ့အားသင့်နေမိပါသည်။

ကောင်းကျိုးမပေးသော သမီးပျို Part-3Donde viven las historias. Descúbrelo ahora