ကောင်းကျိုးမပေးသော သမီးပျို
အခန်း(၅၂၉)
တစ်ရက်မကုန်ခင်မှာဘဲ တက်သစ်နေမြို့တော်မှာရှိတဲ့ နတ်ဆိုးအချို့ကို ရှန်ယန်ရှောင် စေခိုင်းကိုင်တွယ် နေနိုင်ပြီဖြစ်သည်။လူတစ်ယောက်မှ မသေစေရဘဲနှင့် အဆင့်မြင့်နတ်ဆိုးအတော်များများကို သူမရဲ့ မောင်ငယ်တွေအဖြစ်ရရှိလိုက်တာဖြစ်သည်။
အဖွဲ့သားအားလုံး အိပ်စက်ဖို့အတွက် ကောက်ရိုးမွေ့ယာတွေကို ကို့ရိုးကားယားပုံစံတွေဖြင့် ခင်းကျင်းပေးနေ ကြသော အဆင့်နိမ့်နတ်ဆိုးတွေကို ရှန်ယန်ရှောင်ပြုံးတုံ့တုံ့ဖြင့် ကြည့်နေမိသည်။
ရှန်ယန်ရှောင်ကတော့ အလွန်တရာကျေနပ်နေပေမယ့် ကျန်လူတွေကတော့ မကျေနပ်နိုင်ကြပါဘူး။
နတ်ဆိုးတွေ သူတို့မျက်စိအောက်မှာတင် သွားလာလှုပ်ရှားနေကြတာကို ကြည့်နေကြရင်း ဂူဝံပုလွေအဖွဲ့သား တွေ နှလုံးသည်းပွတ်ကြွေမတတ် ဖြစ်နေကြခံစားနေကြရပါသည်။
တိုက်ပွဲတိုက်ခိုက်စရာမလိုအပ်သလို သေဆုံးသူတစ်ယောက်မှမရှိပေမယ့်လည်း သူတို့မျက်မှောက်မှာ ဖြစ်ပျက်နေတာတွေကို လက်သင့်ခံဖို့ ခက်ခဲလွန်းနေပါသည်။
သူတို့စိတ်ထဲမှာလည်း ရှေ့လျှောက်ကစပြီး ဒီနတ်ဆိုးတွေနဲ့ ဒိုးတူပေါင်ဖက်လုပ်ကိုင်ကြရတော့မယ့်ပုံပဲဟု တွေးနေမိကြပါသည်။လူသားတွေဖြစ်ကြတာကြောင့် စိတ်ထဲမှာတော့ခံစားနေမိကြရပါသည်။
ဒါပေမယ့်လည်း စွန့်ပစ်နယ်မြေအတွင်းမှာ ဒီလိုအခြေအနေနဲ့ကြုံတွေ့ရလို့ ကံကောင်းတယ်ဟုလည်း ခံစားမိနေကြပြန်ပါသည်။
နတ်ဆိုးတွေနှင့်အတူ ထမင်းလက်ဆုံစားမလား နတ်ဆိုးတွေရဲ့ စားသောက်ဝါးမြိုခြင်းကို ခံယူမလားဆိုရင်…
မည်သို့ပင်ဆိုစေကာမူ ဒီမေးခွန်းက ဖြေရခက်တဲ့မေးခွန်းတစ်ခုပါပဲ…
အဖွဲ့သားတွေရဲ့ ကြေကွဲမှုအကြည့်တွေအောက်မှာရောက်နေသော တူလန်းတစ်ယောက် မတ်တတ်ထရပ် လိုက်ပြီး ရှန်ယန်ရှောင်ထံ သွားလိုက်ပါသည်။