ကောင်းကျိုးမပေးသော သမီးပျို
အခန်း(၅၆၄)အမြင်အရတော့ ရိုးရိုးအဖွဲ့တစ်ဖွဲ့ဖြစ်ပုံရပါတယ်။ထွားကြိုင်းသန်မာကြတဲ့ ယောကျ်ားငါးဆယ်က ပစ္စည်းကိရိယာတွေနှင့်အတူ လာကြတာဖြစ်သည်။အဖွဲ့ရဲ့ရှေ့ဆုံးကနေပြီးတော့ အဆင့်မြင့်နတ် ဆိုးတစ်ယောက်က အလတ်တန်းနတ်ဆိုးငါးယောက်နှင့်အတူရှိနေပြီး အဖွဲ့ရဲ့ နောက်ဆုံးမှာ တော့ အဆင့်နိမ့်နတ်ဆိုးတစ်ရာရှိပါတယ်။
သို့သော် သင်သာ သေချာစူးစူးစိုက်စိုက်ကြည့်မိပါက ဒီအဖွဲ့ရဲ့ နောက်နားလေးမှာ သေးသွယ် သော လူတစ်ယောက်က သူ့ကိုယ်ကို အနက်ရောင်ဝတ်ရုံနဲ့ ဖုံးကွယ်ဝတ်ဆင်ထားတာကို တွေ့မြင်နိုင်မှာဖြစ်သည်။
အနက်ရောင်ဝတ်ရုံကြောင့် ထိုလူဟာ ဘေးအနားက နတ်ဆိုးတွေနဲ့ ဘာမှခြားနားမှုမရှိသလို ဖြစ်နေပါတယ်။
“ရှူရေ ခင်ဗျားရဲ့အာရုံကိုလွှတ်ပြီး အနီးအနားက လှုပ်ရှားမှုတွေကို စောင့်ကြည့်ပေးပါဦီး”
ဒီပုံဖျက်ထားသူဟာ သတ္တုရှာအဖွဲ့တစ်ဖွဲ့ကို တစ်ကိုယ်တော် ဦးဆောင်လာရဲသော ရှန်ယန်ရှောင်ပဲ ဖြစ်ပါတယ်။အဖွဲ့တစ်ဖွဲ့ကို ခေါင်းဆောင်လာရမှာကို သူမကတော့ စိုးရိမ်မှု မရှိပါဘူး သို့သော်လည်း နောက်ဆုံးမှာတော့ သူမကိုယ်သူမ အဆင့်နိမ့်နတ်ဆိုးတွေနှင့်အတူ ရောနှောလိုက်လာပြီး ရုပ်ဖျက်ထားလိုက်ရပါတယ်။
အဖွဲ့တစ်ဖွဲ့ကို သူမ ဦီးဆောင်မှာလို့ ပြောစဉ်တုန်းက အားလုံးရဲ့ ကန့်ကွက်မှုကို သူမ ရခဲ့တာပါ။
ဇာမဏီနဲ့ဖီးနစ်နှစ်ကောင်မပါရင် သူမဆိုတာ အကြီးတန်းအဆင့် ပညာရှင်တစ်ယောက်သာ ဖြစ်ပါတယ်။ဒီလိုကျယ်ပြောလှသော ဖုန်းဆိုးနယ်မြေထဲမှာ ပုန်းကွယ်နေတဲ့ ရန်သူတွေကို သူမဖာသာ ရှာတွေ့နိုင်ဖို့ဆိုတာ တစ်ကယ်ခက်ပါတယ်။ငနာလေးတွေက သူမကို ကြိုးနဲ့တုပ် ထားဖို့တောင် လုပ်လိုက်ကြပါတယ်။
တစ်ယောက်ထဲလည်း အဆင်ပြေတယ်လို့ ခဏခဏထုတ်ဖော်ပြောကြားခဲ့ပေမယ့် အားလုံးရဲ့ ကန့်ကွက်မှုအောက်မှာ တူလန်းကလွဲရင် ကျန်တဲ့ဝံပုလွေခြောက်ကောင်ကို သူမရဲ့ အဖွဲ့ထဲမှာ ခေါ်လိုက်တော့မှသာလျှင် သဘောမတူချင်တူချင်နဲ့ ခွင့်ပြုခဲ့ကြတာပါ။
တစ်ကယ်ဆိုရင် မှော်သားရဲတွေထက် ပိုအားကောင်းသော အာရုံကို ပိုင်ဆိုင်ထားသော ရှူက သူမဆီမှာရှိတာကြောင့် မှော်သားရဲမလိုအပ်ပါဘူး။ဒီအကြောင်းကိုတော့ ဘယ်သူ့ကိုမှ သူမ မပြောခဲ့ပါဘူး အကြောင်းကတော့ ဒီကိစ္စက သူမရဲ့ အရေးကြီးဆုံးလျှို့ဝှက်ချက်တစ်ခု ဖြစ်နေလို့ပါ။
ငနာငါးကောင်ကိုတောင် သူမ ထုတ်မပြောဝံ့ပါဘူး။
“ရှေ့တစ်ကီလိုမီတာမှာ လေးသည်တစ်ရာက အရှေ့တောင်အရပ်မှာရှိတဲ တောင်ပူစာတွေ နောက်မှာ ပုန်းနေကြတယ်”
ရှူကတော့ မျှော်လင့်ထားတဲ့အတိုင်းပဲ လူ့ငနွားတွေရဲ့ နေရာကိုအလွယ်တကူနဲ့ ရှာတွေ့ခဲ့တယ်။
ဒဏ္ဍာရီအဆင့်မှော်သားရဲတွေနဲ့ယှဉ်ရင် ရှူရဲ့ အာရုံစွမ်းပကားက ကြောက်ခမန်းလိလိပါပဲ။
ရှန်ယန်ရှောင်က မျက်လုံးကိုမှေးလိုက်ပြီးနောက် သူမရဲ့ကိုယ်လုံးလေးက နတ်ဆိုးတွေကြားက နေ လေပြည်တိုက်သလိုမျိုး ရွေ့လျားသွားခဲ့သည်။
အဖွဲ့ရဲ့ရှေ့ကနေ သွားနေတဲ့ ကြမ်းကြုတ်ဝံပုလွေအနဖြင့် ဖိအားကြီးတစ်ခုခံစားနေမိသည်။
သူတို့အဖွဲ့အနေဖြင့် ပုန်းအောင်းနေသော ရန်သူတွေကို ရင်ဆိုင်ရမည်သာမက မြို့တော်သခင်ကို လည်း ဘေးကင်းအောင် စောင့်ရှောက်ပေးရဦးမှာဖြစ်ပါတယ်။
တစ်ခြားအဖွဲ့တိုင်းမှာက ဒဏ္ဍာရီအဆင့်မှော်သားရဲ တစ်ကောင်စီ ပါဝင်ကြပြီး သူတို့အဖွဲ့ကတော့ နုံချာလှပါတယ်။ဝံပုလွေခြောက်ကောင်လုံးက အကြီးတန်းအဆင့်တွေဆိုသော်လည်း သူတို့၏ မှော်သားရဲတွေက အလတ်တန်းအဆင့်လောက်မှာသာ ရှိတာဖြစ်လို့ သူတို့မှော်သားရဲတွေရဲ့ အာရုံခံနိုင်စွမ်းဟာ တစ်ဖက်ရန်သူတို့၏ တည်နေရာကို သိရှိနိုင်ဖို့ဆိုတာ ခက်လွန်းပါတယ်။
သူတို့ခြောက်ယောက်လုံး ငိုချင်နေကြပါတယ် မြို့တော်သခင်က ဒီတစ်ခေါက် အရမ်းစွန့်စားရာ ကျပါတယ်။သူမအနေနဲ့ အဖွဲ့တစ်ဖွဲ့လျှော့လိုက်ရင် သူမရဲ့ ဒဏ္ဍာရီသတ္တဝါကို သူမနဲ့အတူ ခေါ်လာလို့ရပြီဖြစ်ကာ အခုလို တစ်ယောက်ထဲ စွန့်စားရမှာထက် ပိုစိတ်ချရမှာဖြစ်ပါတယ်။ သူ့ဆံတစ်မျှင်လျော့ခဲ့ရင်တောင် တူလန်းရဲ့သတ်ပုတ်မှုကိုအသာထားဦး မြို့တော်ထဲက နတ်ဆိုးတွေရဲ့ လက်ချက်နဲ့တင် သူတို့အားလုံး အရိုးအသားရှာလို့ရတော့မှာ မဟုတ်ပါဘူး။
နောက်ပြီးတော့လည်း နောက်ခံမျိုးရိုးအင်အားနဲ့တင် သူတို့ကို အစဖျောက်ပစ်လိုက်လို့ရတဲ့ သခင်လေးတွေလည်း ရှိနေပါသေးတယ်။ရှန်ယန်ရှောင်အပေါ်မှာ သူတို့ရဲ့ဆက်ဆံမှုကို မြင်ခဲ့ကြရုံနဲ့ ဒီညီမကလေးကို သူတို့တွေ ကောင်းကောင်းမစောင့်ရှောက်နိုင်ရင် ကိုယ့်ဖာသာ ကိုယ် ဗိုက်ကိုထိုးခွဲပစ်ရုံပဲရှိပါတယ်။
ဝံပုလွေခြောက်ယောက်တို့ အသံတိတ်ငိုကြွေးနေကြပြီး မျက်ရည်ခမ်းကာနီးအချိန်မှာ ရှန်ယန်ရှောင်၏ အသံက သူတို့နားထဲကို ပျားသကာလောင်းလိုက်သလိုမျိုး ဖြတ်သန်းစီးဝင်သွား ခဲ့ပါတယ်။
“ရှေ့တစ်ကီလိုမီတာမှာ လေးသည်တစ်ရာက အရှေ့တောင်အရပ်မှာရှိတဲ တောင်ပူစာတွေ နောက်မှာ ပုန်းနေကြတယ် အားလုံး အဆင်သင့်ပြင်ထားကြပါ ဂူဝံပုလွေအဖွဲ့သားတွေက ဘေးကနေပန်းတက်ပြီးတော့ ရန်သူကိုရင်ဆိုင်လိမ့်မယ်”
“ဟေး လုပ်ကြစမ်း အားလုံးအသင့်ပြင်ကြတော့”လို့ ရှန်ယန်ရှောင်တို့အဖွဲ့ကို တွေ့သွားတဲ့ မှော်ဆန်းကြယ်မြို့တော်ကလူတွေ လှုပ်လှုပ်ရှားရှားဖြစ်သွားကြပြီး အသင့်ပြင်ကြတော့သည်။
သူတို့မျက်နှာတွေမှာ ရက်စက်မှုအပေါ်မှာ သာယာကျေနပ်နေကြောင်း ပေါ်လွင်နေသည်။သူတို့ မနေ့တုန်းက တက်သစ်နေမြို့တော်ကလူတွေအား လက်ထဲမှာကိုင်ထားတဲ့ လေးနဲ့မြားတို့ဖြင့် သတ်ဖြတ်ခဲ့ကြရတယ်။မြေပြင်မှာ စွေးစွေးနီသောသွေးတို့ဖြင့် လိမ်းကျံထားလိုက်ရခြင်းကို သူတို့ သွေးဆူပွက်မတတ် နှစ်ခြိုက်ခဲ့ကြပါတယ်။
“ငါပြောချင်တာကကွာ ဒီလိုဝက်ကောင်တွေအတွက် အသင့်ပြင်စရာလိုသေးတာလား”
မနေ့ သူတို့တိုက်ခိုက်ခဲ့တုန်းက တစ်ဖက်အဖွဲ့အနေဖြင့် ပြန်လည်တိုက်ခိုက်နိုင်ခြင်း အလျဉ်းမရှိပေ။သူတို့ဟာ တစ်ဖက်အဖွဲ့ရဲ့ ပစ်မှတ်တွေကို အသီးသီးချိန်ရွယ်ပြီး တစ်ပြိုင်နက် ပစ်ခတ်တိုက်ခိုက်ခဲ့ကြလို့ လူဒါဇင်ခန့်ကို ချက်ချင်းသတ်နိုင်ခဲ့ပြီး ကျန်သူတွေကို ထွက်ပြေးသွားစေခဲ့ပါတယ်။ဒီသတ်ဖြတ်မှုမှာ ဘာအန္တရာယ်မှ မရှိပါဘူး။
“ဟားဟား ဒါကအမဲလိုက်တာပဲဟ တစ်ခုရှိတာက သားကောင်က သားရဲတိရစ္ဆာန်မဟုတ်ဘဲ လူတွေဖြစ်နေတာလေ ဟားဟားဟား”
တစ်ဖက်အဖွဲ့ သူတို့ရဲ့ပစ်ကွင်းအတွင်း ဝင်ရောက်လာတာကို တွေ့လိုက်ရတဲ့ ခေါင်းဆောင်ဟာ ကိုယ့်ပစ်မှတ်ကိုယ် ချိန်ရွယ်ပစ်ခတ်ဖို့ အမိန့်ပေးလိုက်ပါတယ်။
မြားရာဂဏန်းက လူအုပ်ဆီကို တမဟုတ်ချင်းပျံသန်းပြေးထွက်သွားပါတယ်။သို့သော်လည်း လူအုပ်ဆီ ရောက်ကာနီးမှာပဲ မြားအားလုံး လေထဲတွင် ချိတ်ဆွဲခံထားရသလို ရပ်တံ့သွားကြပါတယ်။
“ဒါ…ဘာဖြစ်တာလဲ”
မှော်ဆန်းကြယ်မြို့တော်အဖွဲ့သားတွေ ကြောင်အမ်းအမ်းဖြစ်သွားခဲ့သည်။ပစ်လွှတ်လိုက်တဲ့ မြားအားလုံး လေထဲမှာ ရပ်နေကြတယ်တဲ့လေ သူတို့ သရဲတွေကိုများ ပစ်မိသွားတာ ဖြစ်နိုင်မလား…