၅၇၈

2.2K 309 0
                                    

ကောင်းကျိုးမပေးသော သမီးပျို
အခန်း(၅၇၈)

“ဟုတ်တယ်လေ ဒီထက်လည်း ပိုရှင်းတဲ့ကိစ္စမရှိတော့ဘူး။အဲ့သက်ကြားအိုက ရှောင်လေးကို ဘာအထောက်အကူ ပံ့ပိုးမှုမှ မပေးခဲ့တဲ့အပြင် လူတွေလွှတ်ပြီးတော့ သူမကို ပြဿနာရှာဦးမှာ သူပြောချင်တဲ့ အဓိပ္ပါယ်က ရှောင်လေးသာ ပါးနပ်တဲ့သူတစ်ယောက်ဆိုရင် မြို့တည်ဆောက်ရေး ကို မေ့ထားလိုက်ပြီးတော့ စွန့်ပစ်နယ်မြေကနေ မြန်မြန်လေး လစ်ပေတော့ ဆိုတဲ့သဘောပဲ”ဟု အဓိပ္ပါယ်မရှိလှတဲ့ ဒီအဖြစ်ကို သဘောမတွေ့တဲ့ တန်နာဇီက စိတ်မပါလက်မပါပြုံးရင်း ပြောလိုက်ခြင်းဖြစ်သည်။
တစ်ခြားလူတွေကိုဆိုရင် ဧကရာဇ်ဟာ စွန့်ပစ်နယ်မြေထဲမှာ မဆိုစလောက် အောင်မြင်မှုလေး ရလိုက်ရင်တောင် ရွှေဒင်္ဂါးတွေပို့ပေးခဲ့ပါသည်။ရှန်ယန်ရှောင်ခမျာမှာတော့ အကူအညီမပြောနဲ့ ဒုက္ခမပေးရင်တောင် ကျေနပ်နေရတဲ့ အဖြစ်ဖြစ်နေရပါသည်။
“အချက်ကျကျပြောရမယ်ဆိုရင် ရှောင်လေးရဲ့ ဆင့်ခေါ်သူပုံရိပ်က လင်းလက်တိုက်မှာ လုံးဝ မျက်နှာပန်းမလှတော့ဘူးဆိုရင်တောင် ဧကရာဇ်အနေနဲ့ကတော့ ဇာမဏီမျိုးနွယ်ရဲ့ မျက်နှာကို ဒီလောက်အထိ ပျက်စေမှာတော့မဟုတ်ဘူးကွ။ဒါပေမယ့် အခုသူက ဇာမဏီမျိုးနွယ်ကို ထိပါးမိမှာကို လုံးဝစိုးရိမ်ဟန်မရှိတာဘဲ။ဒါက တစ်ကယ့်ကို ယုတ္တိမရှိဘူးနော်”လို့ ယန်းရှီက မျက်မှောင်ကုတ်ကြီးနဲ့ ပြောလိုက်လေသည်။အနေအထားက တစ်ကယ့်ကို ထူးလှပါသည်။
“ဒီတစ်ခါလာမယ့် အထူးတမန်တော်က ရှောင်လေးကို မြို့ဆက်မတည်ဖို့ လုပ်မယ်လို့တော့ ငါမထင်ဘူး”လို့ ယန်ယုက အေးအေးဆေးဆေးပြောလိုက်သည်။
“နင်က ဘာလို့ ဒီလိုတွေးမိတာလဲ”လို့ စာကိုလုံးချေပစ်လိုက်တဲ့ ရှန်ယန်ရှောင်က ယန်ယုကိုကြည့်၍ မေးလိုက်သည်။
“စွန့်ပစ်နယ်မြေက အန္တရာယ်တွေ ပြည့်နေတဲ့ နေရာတစ်ခုပဲ နင် မြို့တည်တာကို ဧကရာဇ်က အနှောက်အယှက်ပေးချင်တယ်ဆိုရင် နင့်ဆီဘာအကူအညီ အထောက်အပံ့မှ မရတော့အောင် သူ ပိတ်ဆို့ထားလိုက်လို့ရတာပဲ။ငါတို့လာခဲ့တဲ့အပေါ်မှာလည်း နင့်အတွက် အထောက်အပံ့ ဖြစ်စေနိုင်မယ်လို့ သူ တွေးမိစရာမရှိဘူး ဒီတော့ ဇာမဏီမျိုးနွယ်ရဲ့ အကူအညီလောက်နဲ့ တက်သစ်နေမြို့တော်ကြီးကို ပြန်တည်ဆောက်ဖို့ဆိုတာကလည်း အရမ်းခက်တဲ့အလုပ် ဖြစ်နေတယ်။ဆိုတော့ နင့်အနေနဲ့ ဧကရာဇ်ဆီက အကူအညီမတောင်းခံဘဲနဲ့တော့ မြို့တည်ဖို့က မဖြစ်နိုင်သလောက်ပဲလေ။ဒါကို သူက အထူးတမန်လွှတ်လိုက်တယ်ဆိုတော့ နင့်ကို တားဆီးဖို့တော့ မဟုတ်လောက်ဘူး တစ်ခြားရည်ရွယ်ချက် တစ်ခုခုတော့ ရှိလိမ့်မယ်”လို့ ယန်ယုက ရှင်းပြလိုက်သည်။
“ဘယ်လိုပဲဆိုဆို သူတို့က မကောင်းတဲ့ ရည်ရွယ်ချက်ပဲဆိုတာ သေချာတယ်”လို့ တန်နာဇီက နှာရှုံ့ကာပြောသည်။
“ငယုပြောတော အဓိပ္ပါယ်ရှိတယ်ဟ။အခုလောလောဆယ်တော့ ဧကရာဇ်ရဲ့ ရည်ရွယ်ချက်ကို ငါတို့မသိသေးတာကြောင့် အထူးတမန်တော် ရောက်လာမှသာ အခြေအနေကြည့်ပြီး စီစဉ်ကြတာပေါ့ကွာ ဘယ်လိုလဲ ရှောင်လေး”လို့ ကြူရှီယာက ရှန်ယန်ရှောင်ကို မေးလိုက်သည်။
“အထူးတမန်တော်ရဲ့ ဆန္ဒကဘာပဲဖြစ်နေနေ ငါတို့အတွက်ကတော့ မကောင်းနိုင်ဘူး။တစ် ကယ်လို့ သူတို့အနေနဲ့ ငါ့ကို ပြဿနာရှာချင်တယ်ဆိုရင်တောင် သူတို့မှာ ရှာနိုင်တဲ့ အစွမ်းအစရှိ မရှိ ကြည့်ရသေးတာပေါ့။အရင်ဆုံးကတော့ မြို့ပြင်ကလူတွေကို လူစိမ်း တွေ လာတာတွေ့တာနဲ့ ငါ့ဆီကို ချက်ချင်းသတင်းပို့ဖို့ ပြောထားလိုက်မယ် အဲ့အထူးတမန်တော်မှာ ဘယ်လိုအစွမ်းအစမျိုး ရှိသလဲဆိုတာကို ငါ ကြည့်ချင်မိတယ်”လို့ ရှန်ယန်ရှောင် ပြောသည်။
စွန့်ပစ်နယ်မြေဟာ ဧည့်သည်အသစ်တွေကို လက်ခံကြိုဆိုလိုက်ပါသည်။
လူရာနဲ့ချီရှိသော အုပ်စုတစ်စုက စွန့်ပစ်နယ်မြေထဲကို ဝင်ရောက်လာကြတာဖြစ်သည်။အဖွဲ့ရဲ့ အလယ်မှာရှိတဲ့ ခမ်းနားထည်ဝါတဲ့ လှည်းတစ်စီးကို အားလုံးက စောင့်ကြပ်နေကြသည်။
ကြွယ်ဝပြီး ချောမောတဲ့ ရုပ်ရည်ပိုင်ရှင် လူငယ်လေးတစ်ယောက်က လှည်းရဲ့ပြူတင်းပေါက်ကို ဖွင့်လိုက်ပြီး အပြင်က ရှုခင်းကို ကြည့်ကာ မျက်ခုံးပင့်လိုက်လေသည်။
“ဒါက စွန့်ပစ်နယ်မြေလား လူတွေပြောပြောနေကြတော့ စွန့်ပစ်နယ်မြေက အရမ်း အန္တရာယ်များတယ်ဆို အခုကျတော့ ဘာနတ်ဆိုးမှ လာတိုက်ခိုက်တာကို မတွေ့ရပါလား ကြည့်ရတာ အဲ့လောက် ဟုတ်ပုံမရဘူး”လို့ လူငယ်က လှည်းထဲမှာ တည်ငြိမ်စွာဖြင့် ထိုင်လိုက်ပြီးနောက် အထင်အမြင်သေးစွာပြောလိုက်သည်။
လှည်းထဲမှာ နောက်ထပ်လူနှစ်ယောက် ထိုင်နေတာကို တွေ့ရသည်။အသက်လေးဆယ်ခန့်ရှိ လူလတ်ပိုင်းမျက်နှာမှာ ဖားတဲ့အပြုံးတစ်ခုကပ်နေပြီး လူငယ်ကို “အရှင့်သား စွန့်ပစ်နယ်မြေက အန္တရာယ်ရှိပေမယ့် အရှင့်ဘေးမှာ မင်းအတိုင်ပင်ခံကြီး တစ်ယောက်လုံးရှိပါတယ်။ မင်းအတိုင်ပင်ခံကြီးရဲ့ အစွမ်းက ကြီးလွန်းလို့ ဘယ်နတ်ဆိုးမှ မကပ်ဝံ့ကြတာဖြစ်ပါတယ်”ဟု ပြောပြီးတာနဲ့ လူလတ်ပိုင်းဖြစ်သူဟာ ငါးဆယ်ကျော်လူကြီးကို ဖားတဲ့အကြည့်ဖြင့် ကြည့်လိုက်ပါသည်။
အမတ(မသေမျိုး)တွေကဲ့သို့ အသွင်အပြင်ရှိသော ထိုလူကြီးကလည်း ခေါင်းညိတ်ပြလိုက်သည်။

ကောင်းကျိုးမပေးသော သမီးပျို Part-3Where stories live. Discover now