ကောင်းကျိုးမပေးသော သမီးပျို
အခန်း(၃၉၉)
သို့ပေမယ့်...
ဇာမဏီငှက်ရဲ့ မည်းမှောင်နေသော မျက်နှာကိုကြည့်တာနဲ့ သခင်လေးက ဖီးနစ်ငှက်လေးအား စောင့်ရှောက်ပေးချင်စိတ် တစ်စက်လေးမှမရှိတာကို သူမ မေးစရာမလိုဘဲ သိလိုက်ပါတယ်။
"ငါ သဘောမတူဘူး...လုံးဝလုံးဝကို သဘောမတူနိုင်ဘူး"လို့ ဇာမဏီငှက်က ထအော်ပြောလိုက်ပါတယ်။
ဇာမဏီငှက်ရဲ့ တင်းမာနေသောစိတ်ကြောင့် သူမ ဘာလုပ်ရမှန်းမသိဖြစ်သွားသည်။
"မောင်ငယ်လေး မင်းသဘောမကျဘူးဆိုတာ ငါတို့သိပါတယ် ဒါပေမယ့်လည်း သားငယ်လေးက မောင်လေးကို အရမ်းသဘောကျနေတာ။ အချိန်နည်းနည်းလောက်တော့ သူ့ကိုဂရုစိုက်ပေးလို့ အဆင်ပြေမှာပါ။ အသိုက်သစ်ကို ငါတို့ရှာတွေ့ပြီးတာနဲ့ သားငယ်လေးကိုချက်ခြင်းလာခေါ်ပါ့မယ်"ဟု ဖီးနစ်မက မျက်ရည်အရွှဲသားနဲ့ပြောလိုက်ပါတယ်။
"ဘယ်သူက မင်းမောင်ငယ်လေးတုန်း။ ငါက မင်းတို့နှစ်ကောင်ပေါင်းထက်တောင် အသက်ပိုကြီးသေးတယ်။ ငါသဘောမတူဘူး မတူဘူးပဲ။ ဒီလိုပေါက်စနိုးပေါက်စနကို ငါစောင့်ရှောက်မပေးချင်ဘူး"
ဇာမဏီငှက်ကတော့ လက်မခံသေးပါဘူး။ သူ့ဆီမှာ အလွန်စိတ်ပျက်စရာကောင်းတဲ့ သခင်ရှိနေပြီးပါပြီ။ နောက်ထပ်သာ ဒီလိုပေါက်စနလေးကို ထည့်ပေါင်းလိုက်ရင်တော့လား သူ့ဘ၀ကြီးဟာ တွေးဝံ့စရာကိုမရှိတော့ပါဘူး။
ဖီးနစ်မောင်နှံဟာ သူတို့နဲ့အဆင့်တူဖြစ်သော ဇာမဏီငှက်နဲ့ ရင်ဆိုင်နေရတာဖြစ်လို့ ဒီပြဿနာက အလွန်ခက်နေပါတယ်။ ဇာမဏီငှက်နေရာမှာသာ တစ်ခြားသူဆိုရင် ကျေကျေနပ်နပ်ကြီးလက်ခံသွားကြမှာဖြစ်သည်။
ဖီးနစ်ရင်သွေးဆိုတာ ဒဏ္ဍာရီသတ္တ၀ါဖြစ်မယ့်အကောင်လေ။ ဒီလောကအတွင်းမှာ အခုလိုမှော်သားရဲမျိုးကို မလိုချင်တဲ့လူ ဘယ်သူရှိမလဲ။
ဒီရှေးဒဏ္ဍာရီသတ္တ၀ါဖြစ်သော ဇာမဏီငှက်ကသာလျှင် မျိုးနွယ်တူကလေးငယ်အပေါ်မှာ သနားကြင်နာစိတ်မရှိပေးနိုင် ဖြစ်နေရတာပါ။