ကောင်းကျိုးမပေးသော သမီးပျို
အခန်း(၅၇၆)“မြို့တော်ပေါ့ဟ ခံတပ်တစ်ခုလောက်နဲ့ စစ်တိုက်လို့ဖြစ်တာလည်းမဟုတ်ဘူး။နောက်ပြီး ငါ့မြို့ထဲမှာ စားသောက်ဖို့လိုတဲ့ လူအများကြီးရှိတယ်။ငါ့မှာရှိတဲ့ငွေနဲ့ဆို နှစ်အနည်းငယ်လောက် ကြာအောင်ထိ သူတို့တွေ စားဝတ်နေရေးအတွက် ပူစရာမလိုဘူးဆိုပေမယ့် ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်နိုင်မှ ဖြစ်မယ်လေ ဒီတော့ မြို့ကြီးတစ်ခုပဲပေါ့”လို့ ရှန်ယန်ရှောင်က ပြောလိုက်သည်။
“ဒါဆိုရင် ကုန်သွယ်ရေးစနစ်တစ်ခု ချမှတ်ပြီးတော့ ကုန်သည်တွေနဲ့ လူသုံးကုန်ပစ္စည်းတွေ ဒီကို ဝင်လာဖို့လုပ်ရမယ် ဒါမှမဟုတ်ရင် စွန့်ပစ်နယ်မြေကထွက်တဲ့ ကုန်တွေကို အသုံးချပြီး အကျိုးအမြတ်ရချင်တဲ့ ကုန်သည်တွေကို သွေးဆောင်ရမယ်”လို့ ကြူရှီယာက ပြောလိုက်သည်။
“စွန့်ပစ်နယ်မြေက ထွက်ကုန်တွေဟုတ်လား နတ်ဆိုးတွေကိုပြောတာလား”လို့ တန်နာဇီက ရယ်လိုက်သည်။
“နင်သာ တစ်ယောက်ဝယ်ချင်တယ်ဆိုရင် ငါရောင်းပေးမယ်လေ ငါတို့ရဲ့ သူငယ်ချင်းကဏ္ဍအရ နှစ်ဆယ်ရာခိုင်နှုန်းလျှော့ပေးမယ်”လို့ ရှန်ယန်ရှောင်က ပြန်ပြောလိုက်သည်။
“ကျေးဇူးပဲ ဒါပေမယ့် ငါ့အကြိုက်မဟုတ်ဘူးဟ”လို့ တန်နာဇီက လက်ခါရင်းပြောသည်။
“နတ်ဆိုးတွေက လူသုံးကုန်မဟုတ်ဘူး အဲ့အပြင် သူတို့က ပြဿနာတစ်ခုဖြစ်နေတယ်။ငါတို့က ဒီမှာရှိတဲ့ နတ်ဆိုးတွေကို လက်ခံထားနိုင်တယ်ဆိုပေမယ့် တစ်ခြားသူတွေအနေနဲ့ လက်ခံနိုင်မယ်လို့ တွေးလို့မရဘူး။စီးပွားရေးသမားတွေ မျက်စိကျလောက်စရာ ကုန်တွေကို တက်သစ်နေမြို့မှာ မပြနိုင်သေးဘူးလေ ဒီတော့ ကုန်သည်တွေ မြို့ထဲကို ဝင်လာချိန်မှာ မြို့အနှံ့ ပြည့်နေတဲ့ နတ်ဆိုးတွေကိုသာ တွေ့သွားကြရင် ချက်ချင်းပြန်ပြေးကြမှာပဲ။မကြာခင်မှာပဲ လင်းလက်တိုက်တစ်ခုလုံးမှာ တက်သစ်နေမြို့မှာရှိတဲ့ နတ်ဆိုးတွေရဲ့ သတင်းက ပျံ့သွားမှာပဲ အဲ့အခါကျရင် သရဲတောင် နင်နဲ့စီးပွားရေး လာလုပ်မှာမဟုတ်တော့ဘူး”လို့ ကြူရှီယာက ပျင်းတိပျင်းရွဲဖြင့် ပြဿနာကြီးတစ်ခုကို ထောက်ပြလိုက်ပါတယ်။
နတ်ဆိုးတွေဆိုသည်မှာ လူသားတို့၏ နှလုံးသည်းပွတ်တွင် စွဲမြဲနေသော အကြောက်တရားဖြစ်ပါ သည်။
နတ်ဆိုးတွေနှင့် လူသားတို့ကြားက ရုန်းကန်မှုဟာ နတ်မျိုးနွယ်နှင့် နတ်ဆိုးမျိုးနွယ်ကြားက စစ်ပွဲကြီးနဲ့ ယှဉ်ထိုးလို့ရပါသည်။ဖြေရှင်း၍မရနိုင်သော သဘာဝရဲ့ ရန်သူတော်တွေဖြစ်ပါသည်။
ရှန်ယန်ရှောင်မတိုင်ခင်မှာ နတ်ဆိုးတွေကို လက်သင့်ခံပေးနိုင်သူ တစ်ဦးတစ်ယောက်မျှပင် မရှိခဲ့ဖူးပါဘူး။
ရှန်ယန်ရှောင်ကိုတော့ လူသားတို့သမိုင်းမှာ လှပ၍ ထူးခြားဆန်းပြားသော ပန်းလေးတစ်ပွင့်လို့ ဆိုရမှာဖြစ်ပါသည်။
“မြေအောက်မြို့တော်မှာ အဆင့်နိမ့်နတ်ဆိုးတွေကို နေရာချထားပေးဖို့ ငါပြောပြီးပြီ။အဆင့်မြင့် နတ်ဆိုးတွေကိုတော့ အလွယ်တကူနဲ့ မခွဲခြား မသိမြင်နိုင်လောက်ပါဘူး”လို့ ဒီကိစ္စကို တွေးထားပြီးဖြစ်တဲ့ ရှန်ယန်ရှောင်က အစီအစဉ်ချထားပြီးပါပြီ။
တက်သစ်နေမြို့တော်ရဲ့ မြေအောက်မြို့ကို သူမ မကြာသေးခင်ကမှ ရှာတွေ့ထားခဲ့တာဖြစ်သည်။ မြေပြင်ပေါ်က အပျက်အစီးနဲ့စာရင် မြေအောက်က အခြေအနေက အရမ်းကောင်းသလို နတ်ဆိုးတွေ နေထိုင်ဖို့အတွက်လည်း ပိုအဆင်ပြေပါတယ်။
မြေအောက်မြို့မှာ နေနိုင်သလို နေ့ခင်းမှာ မြေပေါ်နေပြီး ညမှာ မြေအောက်မြို့ကို ပြန်အနားယူလို့ ရပါသည်။
အဆင့်မြင့်နတ်ဆိုးတွေကတော့ စိတ်ဆန္ဒရှိသလို ပုံပြောင်းနိုင်ကြလို့ အဆင့်လွန် ပညာရှင်နဲ့ မတွေ့ရင် လူကြားထဲမှာ လျှောက်သွားနေရင်တောင် နတ်ဆိုးမှန်းသိဖို့ မလွယ်ပါဘူး ဒါကြောင့် ပြဿနာဖြစ်စရာ အကြောင်းမရှိတော့ပါဘူး။
“ဒီနည်းက ကောင်းသားပဲ ဒါပေမယ့် ကုန်အရောင်းအဝယ်လုပ်ကာစ ရက်တွေမှာ သူတို့ရှိနေတာကို ဘယ်သူမှ သိမသွားဖို့တော့ မင်းသေချာအောင် လုပ်ထားဖို့လိုတယ်နော်။ အစပိုင်းမှာ ကုန်သည်အနည်းငယ်လောက်ပဲ လာပြီးတော့ အခြေအနေကို အကဲခတ်ကြ မှာ။တက်သစ်နေမြို့ရဲ့ ကြွယ်ဝတဲ့ သယံဇာတတွေအကြောင်း တစ်ဆင့်စကား တစ်ဆင့်နားနဲ့ သိသွားကြပြီးတဲ့နောက်မှသာ တစ်ခြားလူတွေလည်း ဒီကိုလာချင်သွားကြမှာ။ နောက်ကျရင် တော့ နတ်ဆိုးတွေအကြောင်း သိသိ မသိသိ ကိစ္စမရှိတော့ဘူး”လို့ ကြူရှီယာက ပြုံးကာပြောလိုက် သည်။
“ဒီကိစ္စအပေါ်မှာ ငါသေချာ ဂရုစိုက်လိုက်ပါ့မယ်”လို့ ရှန်ယန်ရှောင် ခေါင်းညိတ်လိုက်သည်။
သူမအနေနဲ့လည်း နတ်ဆိုးတွေနဲ့ပတ်သတ်တဲ့ သူမရဲ့ အစီအစဉ်ကြီး ပျက်သွားမှာကို မလိုလားပါဘူး။ရက်ပိုင်းအတွင်းမှာပဲ ရှူရဲ့အစွမ်းတွေ မြန်မြန်လေးပြန်ရစေချင်နေမိပါသည် ဒါမှသာ သူမရဲ့ နောက်ထပ်သော တားမြစ်အမှတ်ကို ဖျက်နိုင်မှာဖြစ်ပါသည်။
“ဘာပဲပြောပြော အလျင်မလိုသေးပါဘူး မြို့ပြီးဖို့က ငါးလလောက် အချိန်ကြာဦးမှာပဲ လေ။ဒီကြားထဲမှာ စွန့်ပစ်နယ်မြေထဲက သယံဇာတအရင်းအမြစ်တွေကို မင်းရှာဖွေဖို့ အချိန်ရတာ ပေါ့။ဒီနေရာကနေ နင့်ကို နင်မယုံနိုင်လောက်အောင်အထိ ချမ်းသာကြွယ်ဝမှု ပေးနိုင်တယ်ဆိုတဲ့ ငါ့စကားကိုတော့ နင်ယုံထားလိုက်”လို့ စီးပွားရေးသမားတစ်ဦးရဲ့ အာရုံရှိသော ကြူရှီယာက စွန့်ပစ်နယ်မြေကနေ ထွက်ရှိနိုင်သော ကြွယ်ဝမှုတွေကို ကြိုမြင်နေစွာ ပြောလိုက်ခြင်းဖြစ်သည်။