၅၃၄

3.4K 460 4
                                    

ကောင်းကျိုးမပေးသော သမီးပျို

အခန်း(၅၃၄)

စွန့်ပစ်နယ်မြေမှာ သူ့ဥပဒေနဲ့သူရှိပြီး မည်သူမှ ဖျက်စီးလို့မရနိုင်ပါဘူး။

စွမ်းအားကြီးသောနတ်နဂါးတောင် မြွေတွင်းအတွင်းရှိသော မြွေကိုမချေမှုန်းနိုင်ဘူးဆိုသော ဆိုရိုးစကားရှိ ပါတယ်။သူမနောက်ခံအင်အားက မည်မျှပင်ကြီးမားအားကောင်းသည်ဖြစ်စေ စွန့်ပစ်နယ်မြေဆိုတာ ပြင်ပကမ္ဘာနှင့်ဆက်စပ်မှုမရှိသော သီးသန့်လောကတစ်ခုဖြစ်ပါသည်။

ဒီနေရာမှာ မိသားစုတစ်စုရဲ့အင်အားလောက်နဲ့ မြို့တော်တစ်ခုပြန်လည် တည်ထောင်ဖို့ဆိုတာ မဖြစ်နိုင်သော အရာတစ်ခုဖြစ်ပါတယ်။လုံးဝအစွမ်းအစကြီးမားကောင်းမွန်သူတွေသာလျှင် ဒီနေရာမှာ ရပ်တည်နိုင်မှာပါ။

စွန့်ပစ်နယ်မြေအတွင်းမှာ မြို့တော်တစ်ခုပြန်လည်တည်ထောင်ရတဲ့ကိစ္စဟာ အရမ်းခက်ခဲတဲ့ အလုပ်ဖြစ်သည်။ဒီကိစ္စအောင်မြင်ဖို့အတွက် ငွေကြေးနဲ့လူအင်အားတင် အားကိုးလို့မရပါဘူး။ ခွန်အားသန်မာဖို့လည်း လိုအပ်ပါသေးတယ် အကြောင်းကတော့ ဒီနယ်မြေမှာ ရင်ဆိုင်ရမှာက ပျက်စီးနေသော မြို့ပျက်တင်မကဘဲ မြို့ပြန်လည်တည်ထောင်နေစဉ်မှာ နတ်ဆိုးတွေရဲ့သတ်ဖြတ်မှု မခံရစေဖို့အတွက် သတိထားဖို့လိုပါတယ်။

ကန်းတီအနေဖြင့် ဟုန်းရောင်အမှုန့်ဖော်စပ်နည်းကို ရရှိဖို့ အတော်လေးပေးဆပ်ခဲ့ရပါသေးတယ်။ ဟုန်းရောင်ကြောင့်သာ အချိန်တိုအတွင်းမှာပဲ မြို့တော်တည်ထောင်နိုင်ခဲ့တာဖြစ်ပါသည်။သို့သော် ဟုန်းရောင်ဆိုတာ လူတိုင်းရနိုင်သော အရာတော့မဟုတ်ပါဘူး။ဥပမာပေးရရင် အဲ့ဒီလူသစ်လေးဆီမှာ ဒီလိုပစ္စည်းကောင်းမျိုးမရှိနိုင်လောက်ပါဘူး။

ကန်းတီကိုကြည့်ရတာ ရက်စက်ကောက်ကျစ်သောမြွေဆိုးတစ်ကောင်လိုဖြစ်နေပါသည်။သူ့စိတ်ထဲမှာတော့ မျိုးနွယ်စုကြီးက သခင်မလေးတစ်ယောက်ဟာ ထောင်ချောက်ထဲသက်ဆင်းတော့မည့် သားကောင်သာသာဟု သဘောပိုက်ထားပါသည်။

အရှေ့ပိုင်းက အရင်းအမြစ်တွေဟာ မှော်ဆန်းကြယ်မြို့တော်တစ်ခုအတွက်တင် မဟုတ်ပါဘူး မြောက်ပိုင်းနဲ့ အနောက်ပိုင်းတို့ကလည်း ပါဝင်ပတ်သတ်ရယူနေကြတာဖြစ်ပါသည်။

ကောင်းကျိုးမပေးသော သမီးပျို Part-3Hikayelerin yaşadığı yer. Şimdi keşfedin