ကောင်းကျိုးမပေးသော သမီးပျို
အခန်း(၅၇၇)စွန့်ပစ်နယ်မြေမှာရှိတဲ့ ပေါကြွယ်ဝလှသော သယံဇာတများကြောင့်လည်း လေးနိုင်ငံဟာ ဒီဒေသမှာ နယ်မြေချဲ့ထွင်နိုင်ဖို့ အသည်းအသန်ကြိုးစားနေကြခြင်းဖြစ်ပါသည်။နယ်မြေတစ်ခုကို ဒီဒေသမှာ ဖွင့်လှစ်ချဲ့ထွင်နိုင်ပြီဆိုတာနဲ့ တစ်တိုင်းပြည်လုံး သိသိသာသာကို ပြောင်းလဲသွားစေမှာ ဖြစ်ပါတော့သည်။
ခုနှစ်ပါးပြည်က သာဓကကောင်းတစ်ခုဖြစ်သည်။ခုနှစ်ပါးပြည်ဟာ တိုင်းနိုင်ငံငယ်ခုနှစ်ခု ပေါင်းစည်းအုပ်ချုပ်နေတာလည်း ဖြစ်သည်။တောင်ကြီးသုံးလုံးဖြစ်ကြတဲ့ လောင်းရွှမ်ပြည်၊ လန်းယူမင်းဆက်နိုင်ငံနှင့် နတ်လေမဟာမိတ်အဖွဲ့တို့ရှေ့မှာ အမြဲတမ်း ပါမွှားအဆင့်သာ ရှိခဲ့တာ ဖြစ်ပါသည်။
လွန်ခဲ့သော ဆယ်စုနှစ်အချို့မှာ စွန့်ပစ်နယ်မြေအတွင်းရှိ ဆည်းဆာမြို့ကို အောင်အောင်မြင်မြင် တည်ဆောက်နိုင်ပြီးမှသာ တိုးတက်ပေါက်ရောက်လာပြီး ကျန်သုံးနိုင်ငံကို ပုခုံးချင်းယှဉ်လာနိုင်ခဲ့ တာ ဖြစ်သည်။
စွန့်ပစ်နယ်မြေအတွင်းမှာ နယ်မြေသစ် မချဲ့ထွင်နိုင်သေးတဲ့ လောင်းရွှမ်အင်ပါယာကြီးကတော့ ဩဇာပြင်းတဲ့အင်ပါယာအဖြစ်ကနေ တဖြည်းဖြည်းချင်း လျော့ပါးကျဆင်းလာခဲ့ရပါသည်။ ဒါကြောင့်လည်း ဧကရာဇ်ဖြစ်သူအနေနဲ့ အိုးကင်းပူပေါ်က ပုရွက်ဆိတ်တစ်ကောင်လို ဆောက်တည်ရာမရဖြစ်နေခဲ့ခြင်းပါ။
“ဒါနဲ့ စွန့်ပစ်နယ်မြေထဲကို မင်းရောက်တာ တော်တော်လေးကြာနေပြီဆိုတော့ နေပြည်တော်က သက်ကြားအိုကြီးဆီ သတင်းပို့ထားသေးလား”လို့ ကြူရှီယာက မေးလိုက်သည်။
နေပြည်တော်က သက်ကြားအိုကြီး…
ဧကရာဇ်ကို သက်ကြားအိုကြီးလို့ ပြောင်ပြောင်တင်းတင်းကြီး ပြောဆိုနေတာက အဆင်ပြေနိုင်ပါ့မလားလို့ ရှန်ယန်ရှောင်တွေးလိုက်သည်။
“ပြီးခဲ့တဲ့နှစ်ရက်ကပဲ သတင်းပို့ထားသေးတယ်ဟ ဒါပေမယ့်လည်း ဘာမှ အကြောင်းမပြန်ဖို့ များပါတယ်။ဧကရာဇ်က ငါ့ကိုမှ သဘောမတွေ့တာကိုး မဟုတ်ရင် တက်သစ်နေမြို့တော်ကို ငါ့ကို ပေးစရာအကြောင်းမရှိဘူးလေ”လို့ ရှန်ယန်ရှောင် ပုခုံးတွန့်၍ ပြောလိုက်သည်။
သူမရဲ့မိခင်နိုင်ငံထံမှ ဘာမှကို မျှော်လင့်မထားခဲ့ပါဘူး သို့သော်လည်း တူလန်းက လေးစားသမှုတော့ ပြဖို့လိုတယ်ဟု သတိမပေးခဲ့ရင် သူမကတော့ ဧကရာဇ်ဆီ စာရေးတင်ပြဖို့ သတိတောင်ရမှာမဟုတ်ပါဘူး။
“ဒါက…အာ”ဟုသာ ကြူရှီယာပြောလိုက်နိုင်ပါသည်။
တက်သစ်နေမြို့တော်က အပြည့်အဝ အရှိန်ရနေပြီဖြစ်သလို သတင်းဆိုးလည်း ရောက်ရှိလာပါ သည်။
ခြေမြန်တော်ဆီက ရထားတဲ့ စာကို ရှန်ယန်ရှောင် စူးစိုက်ကြည့်နေမိပြီး မျက်လုံးတွေ ပြုတ်ကျမတတ် ပြူးကျယ်နေလေသည်။
“တက်သစ်နေမြို့တော်ကို စစ်ဆေးဖို့ အထူးတမန်တော်ကို စေလွှတ်မယ်တဲ့ သက်ကြားအို ဧကရာဇ်ခေါင်းချောင်သွားတာလားဟ”
ခန့်ညားလှပတဲ့ စာထဲမှာ အကြောင်းအရာတစ်ခုသာ ပါဝင်ပြီး လောင်းရွှမ်ဧကရာဇ်ဟာ စွန့်ပစ်နယ်မြေမှာရှိတဲ့ ရှန်ယန်ရှောင်၏ မြို့တည်ဆောက်မှုအခြေအနေကို အထူးတမန်တော် စေလွှတ်၍ လေ့လာဆန်းစစ်မယ်ဆိုတာဖြစ်သည်။
“သူက ငါ့ဆီကို ဘာငွေကြေးမှ မထောက်ပံ့သလို ဘာအထောက်အပံ့မှလည်း မပေးခဲ့ဘဲ အခုကျတော့ ငါ့မြို့ကို စစ်ဆေးဖို့ အထူးတမန်လွှတ်မယ်တဲ့ အဲ့ ဧကရာဇ်က ခေါင်းမကောင်းဘူး ထင်တယ်”ဟု ရှန်ယန်ရှောင်က စိတ်ပျက်စွာပြောလိုက်သည်။
တစ်ခြားသူတွေ စွန့်ပစ်နယ်မြေကို သွားရတိုင်း လောင်းရွှမ်ပြည်ဟာ ငွေကြေးအမြောက်အများနဲ့ ထောက်ပံ့မှုတွေပြုလုပ်ပြီး မြို့တည်ဆောက်နိုင်ရေးအတွက် ကူညီပေးခဲ့ပါတယ်။သူမကိုတော့ ဘာစကားမှ မပြောတဲ့အပြင် သူမမြို့ရဲ့ အခြေအနေကို လူလွှတ်ပြီးတောင် စစ်ခိုင်းမယ်တဲ့လေ။
စာကြောင်းတိုင်းမှာ ပါဝင်တဲ့ မောက်မာလှသော စကားလုံးတွေကြောင့် ဒီစာကို ချက်ချင်း မီးရှို့ပစ် ချင်စိတ် ဖြစ်ရပါသေးသည်။
“ဧကရာဇ်က မင်းကိုသဘောမကျတာ အသိသာကြီးပဲဟ ဒီတော့ တက်သစ်နေမြို့တော်ကို နင်က စတည်ဆောက်နေပြီဆိုတာ သိရင်တောင် နင့်ကို ဘာအကူအညီမှမပေးမယ့်အပြင် နင့်ကို ပြဿနာရှာလို့ရမယ့် အကြောင်းပြချက်ရှာနေမှာပဲ။ဇာမဏီမျိုးနွယ်ကို မျက်နှာသာပေးတဲ့ အနေနဲ့သာ အထူးတမန်စေလွှတ်ပြီး ပြဿနာလာရှာတာပဲကွ။သူတို့က မြို့တည်ဆောက်မှုကို မင်းရပ်စေဖို့အတွက် အချိန်အခါကောင်းကို စောင့်ပြီးတော့ အကြောင်းပြချက် တစ်ခုခုပေးမှာပဲ ပြီးတာနဲ့ စွန့်ပစ်နယ်မြေကနေ နင့်ကို ထွက်သွားခိုင်းလိုက်မှာပဲ”လို့ ကြူရှီယာက ပုခုံးတွန့်ကာ ပြောလိုက်သည်။
အခန်း(၅၇၇)