ကောင်းကျိုးမပေးသော သမီးပျို
အခန်း(၅၉၄)ရှန်ယန်ရှောင်ကို သူစော်ကားမော်ကား ပြောထားတာတွေကို တွေးလိုက်မိတာနဲ့ လီချီ သွေးပျက် သွားခဲ့ပြီး ခြေထောက်တို့ ဂျယ်လီလိုဖြစ်သွားသည်။ဖေးယွမ်သာ သူ့အသက်ကို အရေးမထားရင် သူအသက်ရှင်စရာ လမ်းမရှိတော့ပါဘူး။
ရှန်ယန်ရှောင်က မျက်ခုံးပင့်၍ ဖေးယွမ်ကိုကြည့်ပြီးနောက် အသာရယ်လိုက်ရင်း ခေါင်းယမ်းလိုက် သည်။
“မင်းတိုင်ပင်ကြီးရယ် မင်းတိုင်ပင်ကြီးရဲ့ ဒဏ္ဍာရီသတ္တဝါက ဒီနေရာကနေ ထွက်သွားနိုင်တယ်လို့ တစ်ကယ်ထင်နေတာတော့ မဟုတ်လောက်ပါဘူးနော်”ဟု ဖေးယွမ်အား စိတ်ဝင်စားဖို့ကောင်းတဲ့ အရာတစ်ခုကို ကြည့်သလိုမျိုးကြည့်၍ ရှန်ယန်ရှောင်ပြောလိုက်သည်။
ဖေးယွမ် မတုံ့ပြန်ခဲ့ပါဘူး ပိုင်ဇီက သူ့ရဲ့ နောက်ဆုံးဖဲချပ်ဖြစ်သည်။အဆင့်မြင့်နတ်ဆိုးတွေဟာ စွမ်းအားကြီးသော်လည်း ပိုင်ဇီထွက်ပြေးခြင်းကိုတော့ တားဆီးနိုင်စွမ်း မရှိပါဘူး။ဒီမှာရှိသော နတ်ဆိုးတွေကို မသတ်နိုင်သော်လည်း လောင်ယုနှင့်အတူ ထွက်ပြေးလွတ်မြောက်ဖို့ကတော့ အရမ်းမခက်ခဲလှပါဘူး။
ဖေးယွမ်က ရတဲ့အချိန်လေးမှာ ပိုင်ဇီကို ဆင့်ခေါ်လိုက်ပါသည်။
ရုတ်တရက်ချက်ချင်းဆိုသလို တစ်ကိုယ်လုံးဖြူဆွတ်နေသော ဒဏ္ဍာရီသတ္တဝါကြီးတစ်ကောင် ကောင်းကင်ထက်မှာ ပေါ်လာပါသည်။သူ့ကိုယ်ထည်က မြင်းတစ်ကောင်နဲ့တူပြီး နှင်းပွင့်လို ဖြူစင်တဲ့အတောင်ပံတစ်စုံက ခန့်ခန့်ညားညား ဖြန့်ဝဲနေကာ ကြီးမားလှသော ကိုယ်လုံးကတော့ လူတွေကို အုပ်မိုးနေလျှက်ရှိပါသည်။
“ဒဏ္ဍာရီသတ္တဝါပဲ ကြည့်ရတာ မင်းတိုင်ပင်ကြီးဖေးယွမ်က ဒီဒဏ္ဍာရီသတ္တဝါအပေါ်မှာ အရမ်းယုံ ကြည်အားကိုးနေပုံပဲ”လို့ ကောင်းကင်မှာရှိနေတဲ့ ပိုင်ဇီကိုကြည့်နေတဲ့ ရှန်ယန်ရှောင် မျက်လုံးတွေ မှာ ရွှတ်နောက်နောက်အရိပ်တို့ ဖြစ်ပေါ်နေသည်။
ထို့နောက် ဖေးယွမ်အား ဝံ့ကြွားစွာကြည့်၍ ဆက်ပြောလိုက်သည်က “မင်းတိုင်ပင်ကြီးရဲ့ ပိုင်ဇီက ကျွန်မရဲ့ ဒဏ္ဍာရီသတ္တဝါရှစ်ကောင်လက်ကနေ လွတ်အောင်ပြေးနိုင်ပါ့မလားတော့ မသိဘူး”ဟု ပြောလိုက်လေသည်။
ရှန်ယန်ရှောင်ရဲ့ စကားအဆုံးမှာပဲ သူမနောက်မှာ ရပ်နေတဲ့ ငနာငါးကောင်လုံး သူတို့ရဲ့ ဒဏ္ဍာရီသတ္တဝါတွေကို ဆင့်ခေါ်လိုက်ကြပါသည်။
မိုးနဂါး၊ ကျားဖြူ၊ လိပ်နက်၊ တိုးနယား၊ ခေါင်းရှစ်လုံးမြွေနဂါးနှင့် ရှန်ယန်ရှောင်ဘေးက ဇာမဏီငှက်သာမက မည်သည့်အချိန်က ရောက်လာမှန်းမသိရသော ဖီးနစ်မောင်နှံတို့လည်း ရှိနေပါသည်။
သားရဲအသွင်ပြောင်းလိုက်ကြတဲ့ ဒဏ္ဍာရီသတ္တဝါရှစ်ကောင်တို့အနက် ဇာမဏီ၊ မိုးနဂါး၊ တိုးနယား နှင့် ဖီးနစ်မောင်နှံတို့က ကောင်းကင်ပေါ်ရှိ ပိုင်ဇီအား မျက်တောင်တစ်ခတ်အတွင်းမှာပဲ ဝိုင်းရံထား လိုက်ကြပါသည်။
ပိုင်ဇီဟာလည်း ခေသူမဟုတ်ပေမယ့် ရင်ဆိုင်ရမှာက သူနဲ့အစွမ်းတူတွေဖြစ်တဲ့ ဒဏ္ဍာရီသတ္တဝါ ရှစ်ကောင် ဖြစ်နေပါသည်။တစ်ကောင်နဲ့ရှစ်ကောင်ဖြစ်လို့ အခြေအနေကတော့ ကြည့်ရုံနဲ့ သိသာပါသည်။ဖေးယွမ်တစ်ယောက် လုံးဝကို ကြောက်တက်တက်ဖြစ်သွားခဲ့သည်။
သူက ကြောင်တက်တက်နဲ့ပဲ ကောင်းကင်ရှိ ဒဏ္ဍာရီသတ္တဝါငါးကောင်ကိုကြည့်လိုက် မြေပေါ်ရှိ လိပ်နက်၊ ကျားဖြူနဲ့ ခေါင်းရှစ်လုံးမြွေနဂါးတို့ကို ကြည့်လိုက်ဖြစ်နေပြီး အသံတောင် မထွက်နိုင်ဘဲ ဖြစ်နေရပါသည်။
အမိန့်တစ်ချက်ပေးရုံနဲ့ ဒဏ္ဍာရီသတ္တဝါရှစ်ကောင်ကို ဆင့်ခေါ်နိုင်သောသူ ဒီလောကမှာ ရှိမယ်လို့ သူ တစ်ခါတောင် တွေးမကြည့်ခဲ့မိပါဘူး။
ဒဏ္ဍာရီသတ္တဝါရှစ်ကောင်ဖြစ်ပါသည်။လောင်းရွှမ်တစ်ပြည်လုံးရှိသမျှ ဒဏ္ဍာရီသတ္တဝါအရေအ တွက်နှင့် အတူတူပဲလို့ ပြောလို့ရပါသည်။
ဒဏ္ဍာရီသတ္တဝါရှစ်ကောင်ကို ထပ်ကြည့်လိုက်တော့ မျိုးနွယ်စုကြီးငါးစုရဲ့ မျိုးနွယ်စောင့် သားရဲတွေဖြစ်သော မိုးပြာနဂါး၊ ကျားဖြူ၊ ဇာမဏီငှက်၊ လိပ်နက်နှင့် တိုးနယားတို့ကို သူ အမှတ်ရသွားပါသည်။
“မင်းက ဇာမဏီငှက်ကို ရထားတာပါလား”လို့ ဖေးယွမ်က အံ့ဩတုန်လှုပ်နေသော အကြည့်ဖြင့် ပြောလိုက်သည်။
မျိုးနွယ်စုကြီးငါးစုက နတ်ဘုံမှ တန်ခိုးရှင်ဖြစ်သူအား ဖိတ်ခေါ်၍ မျိုးနွယ်စောင့်သားရဲတို့ကို နှိုးစေခဲ့ခြင်းအား သူကြားသိထားသော်လည်း ဒဏ္ဍာရီသတ္တဝါငါးကောင်အား မည်သူက ရရှိသွားလဲ ဆိုတဲ့အကြောင်းကိုတော့ တစ်စွန်းတစ်စမျှ မကြားသိခဲ့ရတော့ပါဘူး။မထင်မှတ်စွာနဲ့ စွန့်ပစ်နယ် မြေထဲမှာ ငါးကောင်လုံးကို သူ မျက်ဝါးထင်ထင်တွေ့မြင်လိုက်ရပါသည်။