ကောင်းကျိုးမပေးသော သမီးပျို
အခန်း(၅၂၇)
“ဟုတ်ပါတယ်”လို့ ကျားလန်က ဝံ့ကြွားစွာဖြေလိုက်သည်။
“ငါတို့ညီအစ်ကိုနှစ်ယောက်က တက်သစ်နေမြို့တော်ထဲမှာ တော်တော်နာမည်ကြီးတယ်လေ”
“ဩ မင်းစောစောကပြောလိုက်တဲ့ထဲမှာ တက်သစ်နေမြို့တော်အတွင်းမှာ အဆင့်မြင့်နတ်ဆိုး ရာကျော် တယ်ဆို။သူတို့တွေရဲ့ စွမ်းအားအလိုက်ဆို ထိပ်သီးငါးယောက်က ဘယ်သူတွေဖြစ်မလဲ”လို့ ရှန်ယန်ရှောင်က မေးလိုက်ပြန်သည်။
အဆင့်မြင့်နတ်ဆိုးနှစ်ရာကျော်ရှိတာဖြစ်လို့ တစ်ယောက်ချင်းစီလိုက်မေးနေရရင် သူမလည်း အမောဆို့ သေရုံသာရှိပါတယ်။ဒါကြောင့် သူတို့တွေထဲက ထိပ်သီးခေါင်းဆောင်ပိုင်းတွေနဲ့ အရင်ဆွေးနွေးလိုက်ရင် ကျန်တဲ့သူတွေအတွက် သိပ်မခက်တော့ပါဘူး။
နတ်ဆိုးညီအစ်ကိုနှစ်ယောက် တစ်ယောက်ကိုတစ်ယောက်ကြည့်လိုက်ကြပြီးနောက် တက်သစ်နေမြို့တော် ရဲ့ အင်အားအကြီးဆုံး အဆင့်မြင့်နတ်ဆိုးတွေအမည်အား ထုတ်ဖော်ပြောကြားလိုက်ကြပါတော့သည်။
ညီအစ်ကိုနှစ်ယောက်စကားအရ တက်သစ်နေမြို့တော်၏ ထိပ်သီးငါးဉီးထဲတွင် သူတို့နှစ်ဉီးအပါအဝင်ဆို တော့ သုံးယောက်သာကျန်မည်ဖြစ်ကာ ထိုသုံးယောက်၏စွမ်းအားမှာ သူတို့နှစ်ယောက်နှင့် မတိမ်းမယိမ်း သာဖြစ်ကြောင်း သိရသည်။သို့ပေမယ့် သူတို့ညီအစ်ကိုနှစ်ယောက်၏ စွမ်းအားပူးပေါင်းလိုက်ပါက ထိုသုံးဉီးအား တစ်ယောက်ပြီးတစ်ယောက် အနိုင်ယူနိုင်ကြောင်းလည်း သိရသည်။
မည်သို့ပင်ဖြစ်စေ ညီအစ်ကိုနှစ်ယောက်က သူတို့ရဲ့တန်ဖိုးကို ရှန်ယန်ရှောင်ထံ ပြသဖို့ဆုံးဖြတ်ထားကြသည်။ ဒါမှသာလျှင် သူတို့ကိုကျွေးမွေးမည့်သူက စိတ်ပျက်လက်ပျက်ဖြစ်မသွားဘဲ ဆက်လက်ကျွေးမွေးပြုစုသွား မည်ဖြစ်သည်။
လေးယောက်သား စကားလက်ဆုံကျနေချိန်မှာ တူလန်းတို့ကတော့ လေထဲပျံဝဲနေသလို ခံစားမိနေကြသည်။
သူတို့ခရီးလမ်းတစ်လျှောက်လုံး အဆင်ပြေချောမွေ့ခဲ့သော်လည်း ဒီလိုအဆင်ပြေချောမွေ့နေမှုက တစ်ခုခုလွဲချော်နေတယ်လို့ သူတို့တစ်တွေ ဘာကြောင့်ခံစားမိနေရတာများလဲ။