ကောင်းကျိုးမပေးသော သမီးပျို
အခန်း(၄၇၆)
ငနာလေးကောင်လည်း အချင်းချင်းမျက်စပစ်လိုက်ကြပြီးနောက် နားလည်မှုရသွားကြပါတယ်။ လေးယောက်လုံး ရေတစ်ခွက်စီငှဲ့လိုက်ကြကာ လက်ကိုရေတို့၍ မျက်ခုံးနှစ်ဖက်အလယ်ကို ပွတ်လိုက်ကြပါတယ်။
ရှန်ယန်ရှောင်ရဲ့မီးတောက်အမှတ်လို ပုံစံတူသောအမှတ်အသားတွေက သူတို့လေးယောက်ဆီမှာရှိနေပါတယ်။
ရှန်ယန်ရှောင် ငေးမောသွားပါတယ်။
"ဇာမဏီငှက်ကို နတ်ဘုံကတန်ခိုးရှင်က နှိုးပေးလိုက်တာပဲဖြစ်မယ်"
ကြူရှီယာနဖူးအလယ်မှာက ငွေရောင်တိမ်တိုက်တစ်ခုက အမှတ်အဖြစ်ရှိနေတာပါ။
"တစ်ကယ်ကတော့ ဇာမဏီမျိုးနွယ်ကနေ တန်ခိုးရှင်ကိုဖိတ်ခေါ်အပြီးမှာပဲ ငါတို့မျိုးနွယ်တွေကလည်း ဖိတ်ခေါ်ဖို့ပြင်ဆင်ထားပြီးကြပြီလေ"
တန်နာဇီနဖူးမှာတော့ မြွေမျက်လုံးကဲ့သို့ အမှတ်အသားရှိနေပါတယ်။
ယန်ယုဟာက ကျားလက်ဝါးပုံဖြစ်ပြီး ယန်းရှီကတော့ နဂါးကြေးခွံပုံရှိနေပါတယ်။
"လက်စသတ်တော့ ငါတို့က အခြေအနေတူတွေကိုး"လို့ ရှန်ယန်ရှောင်က ရယ်မောကာပြောလိုက်သည်။
တစ်ခြားမျိုးနွယ်လေးခုကလည်း တန်ခိုးရှင်ကိုဖိတ်ခေါ်မှာပဲလို့ သူမတွေးထားပြီးသာဆိုပေမယ့် တိုက်တိုက်ဆိုင်ဆိုင်နဲ့ ဒဏ္ဍာရီသတ္တ၀ါငါးကောင်ရဲ့ သခင်ငါးဦးလုံးဒီလိုပုံစံနဲ့ဆုံဆည်းခဲ့မယ်လို့တော့ ထင်မထားခဲ့မိပါဘူး။
"ရှောင်လေး မင်းကလည်း နောက်တက်မယ့် ခေါင်းဆောင်အဖြစ်ရွေးခံထားရသလား"လို့ ယန်ယုကမေးလိုက်သည်။
ရှန်ယန်ရှောင် ခေါင်းညိတ်ပြလိုက်ပါသည်။
မျိုးနွယ်ငါးစုလုံးရဲ့ စည်းမျဉ်းစည်းကမ်းတွေက ဆင်တူယိုးမှားဖြစ်ကြပါတယ်။ သက်ဆိုင်ရာ ဒဏ္ဍာရီသတ္တ၀ါကောင်ရဲ့ အသိအမှတ်ပြုမှုကို ခံယူရရင် မျိုးနွယ်စုကို အမွေအဖြစ်ဆက်ခံရရှိမှာပါ။