၅၅၅

2.4K 343 5
                                    

ကောင်းကျိုးမပေးသော သမီးပျို
အခန်း (၅၅၅)

ရှန်ယန်ရှောင် အသက်တစ်ချက်ရှိုက်လိုက်ပြီးနောက် “ဇာမဏီ”လို့ ပြောလိုက်သည်။
သခင်ဖြစ်သူရဲ့ အလိုက်ကိုသိသော ဇာမဏီက မီးငှက်အဖြစ် ချက်ချင်းပြောင်းလဲကာ သူမကို တင်ဆောင်ပြီးနောက် မြို့ထဲကို လျှင်မြန်စွာပျံသန်းလိုက်ပါတော့သည်။
ရင်ကျူးချန်ကတော့ မြေပြင်မှာပုံရက်သားလေးဖြစ်ပြီး တုန်လှုပ်ကျန်ရစ်ခဲ့ပါတယ်။
“အစ်ကိုကြီးစူ…အစ်ကိုကြီးစူကို ဘာဖြစ်ခဲ့တာလဲမသိဘူး”
ကောင်မလေးအဖြစ်ကို ကြည့်မနေရက်တဲ့ ဦးလေးကြူက ပုခုံးကိုပုတ်ကာ နှစ်သိမ့်ပြီး “စိုးရိမ်မနေပါနဲ့ ငါတို့လည်း ပြန်ပြီးတော့ အခြေအနေကြည့်ကြတာပေါ့”လို့ ပြောလိုက်ပါတယ်။
ဇာမဏီနဲ့အတူ ပျံသန်းလာတဲ့ ရှန်ယန်ရှောင်ဟာ မြို့တံခါးနားမှာ လူတွေစုရုံးနေတာကို မြင်လိုက်ရပြီးနောက် ခုန်ချလိုက်ပြီး လှပစွာကျွမ်းထိုး၍ ကိုယ်ရှိန်သတ်ကာ မြေပြင်ပေါ်သို့ တည်ငြိမ်စွာဖြင့် ဆင်းသက်လိုက်သည်။
ရှန်ယန်ရှောင်ရောက်လာတာကို တွေ့လိုက်တဲ့ တူလန်းတို့လည်း သူမအတွက် လမ်းဖယ်ပေးလိုက်ကြပါတယ်။
စူဟီတို့တစ်တွေက ထမ်းစင်ပေါ်မှာ လှဲလျောင်းနေကြပြီး အားလုံးလိုလို မြားများစိုက်ဝင်နေကြပါတယ်။ တစ်ချက်ကြည့်ရုံဖြင့် လေးသမားတို့၏ တိုက်ခိုက်ခြင်း ခံခဲ့ရတာကို သိနိုင်ပါတယ်။လူဆယ်ယောက်မက မြေပေါ်မှာ ရှိနေပြီး အဝတ်အစားတွေမှာ သွေးတွေရွှဲနစ်နေသလို စိုက်ဝင်နေတဲ့ မြားတွေကိုလည်း မနှုတ်ယူရသေးတာကို တွေ့ရပါတယ်။
စူဟီနဲ့အတူ လူလေးဆယ်ကျော် ထွက်သွားတာဖြစ်ပြီး ပြန်ရောက်လာတာက ဆယ်ယောက်ကျော်ကျော်ပဲ ရှိပါတယ်။ဒီအဖွဲ့မှာ နတ်ဆိုးပေါင်း နှစ်ရာကျော်ပါဝင်ပြီး အဆင့်မြင့်နတ်ဆိုး နှစ်ယောက်လည်းပါပါသေးတယ်။
ရှန်ယန်ရှောင်ကို တွေ့တာနဲ့ တစ်ပြိုက်နက်မှာ အဆင့်မြင့်နတ်ဆိုးနှစ်ယောက်လုံး ဒူးတစ်ဖက်ထောက်ပြီးနောက် “မြို့တော်သခင် ဒီတစ်ခေါက်က ကျနော်တို့ရဲ့ အမှားကြောင့်ပါ ကျနော်တို့ရဲ့ လူသားညီအစ်ကိုတွေကို ကာကွယ်ဖို့ ပျက်ကွက်ခဲ့တာကြောင့် ကျနော်တို့ကို အပြစ်ပေးပါ မြို့တော်သခင်”လို့ ပြောဆိုလိုက်ကြသည်။
ရှန်ယန်ရှောင်မျက်နှာဟာ သွေးဆုတ်နေပါပြီ။သတိမေ့နေတဲ့ စူဟီတို့ကို ကြည့်ပြီးနောက် အခဲလိုက်အလိပ်လိုက် ဖြစ်ပေါ်နေသော ဒေါသကို မြိုသိပ်ကာ မေးလိုက်ပါတယ်။
“ဘာဖြစ်ခဲ့ကြတာလဲ”
အဆင့်မြင့်နတ်ဆိုးနှစ်ယောက်လည်း အပြစ်မကင်းသောပုံဖြင့် ပြန်ဖြေလိုက်ကြပါတယ်။
“ကျနော်တို့က မိုင်းတွင်းနေရာအသစ်ဆီကို သွားနေကြတုန်း လမ်းခုလတ်မှာပဲ ရုတ်တရက်အတိုက်ခံခဲ့ရတာပါ။ တစ်ဖက်အဖွဲ့ဖြစ်တဲ့ လေးသမား ရာချီက ဘယ်ကနေပေါက်ချလာမှန်းမသိဘဲ ကျနော်တို့ရဲ့ လူသားညီအစ်ကိုတွေကို ရုတ်တရက်ပဲ တိုက်ခိုက်ခဲ့ကြတာပါ။သူတို့ရဲ့ ပစ်မှတ်က လူသားညီအစ်ကိုတွေဆိုတာ ထင်ရှားပါတယ် သူတို့က ဘယ်နတ်ဆိုးကိုမှ မတိုက်ခိုက်ခဲ့ကြပါဘူး”
နတ်ဆိုးတစ်ယောက်ရဲ့ အာရုံက အရမ်းကောင်းပါတယ်။အဆင့်မြင့်နတ်ဆိုးတစ်ယောက်ဟာ မီတာရာချီတဲ့ အကွာအဝေးထိအောင် အာရုံခံနိုင်တာဖြစ်ပေမယ့် တစ်ဖက်အဖွဲ့ရှိတာကိုတောင် မသိခဲ့ဘူးဆိုတော့ နတ်ဆိုးရဲ့ အာရုံကနေလွတ်အောင် လုပ်နိုင်တဲ့အရာ သူတို့ဆီမှာရှိနေလို့သာ ဖြစ်မှာပါ။
ချက်ချင်းပဲ ဟောင်းရောင်အမှုန့်ကို သူမ တွေးမိလိုက်ပါတယ်။ဒီအရာကသာလျှင် နတ်ဆိုးတွေရဲ့ အာရုံကနေ လုံးဝလွတ်မြောက်စေမှာဖြစ်ပါတယ်။
“သူတို့ကို အရင်ကုသပေးလိုက်ကြပါ မင်းတို့က ငါနဲ့လိုက်ခဲ့ကြ”
ဒီလူတွေက သူမရဲ့ ကျွန်တွေလို့ ပြောလို့ရသော်လည်း သူမက သူတို့အပေါ်မှာ သာမန်လူလိုပဲ သဘောထားတာဖြစ်သည်။အထင်အမြင်သေးမှု တစ်စက်လေးမှကို မရှိခဲ့ပါဘူး။ဒီတစ်ခေါက် တိုက်ခိုက်မှုကြောင့် လူနှစ်ဆယ်ကျော် အသက်ဆုံးခဲ့ရပါတယ်။သူမသာ ဒီကိစ္စကို သည်းခံနိုင်မယ်ဆိုရင် ဒါ ရှန်ယန်ရှောင် မဟုတ်တော့ပါဘူး။
စူဟီတို့ကို ကုသမှုခံယူရန် ပို့လိုက်ပြီးနောက် ဂူဝံပုလွေအဖွဲ့သားတွေနဲ့ တက်သစ်နေမြို့ရဲ့ အဆင့်မြင့်နတ်ဆိုးအားလုံးကို သူမ ဆင့်ခေါ်လိုက်ပါတယ်။
“ဒီတစ်ခေါက်က ကျန်သုံးဖွဲ့ရဲ့ လက်ချက်ဖြစ်ဖို့များတယ်။သို့သော်လည်း ဒီနတ်ဆိုးအစ်ကိုနှစ်ယောက်ရဲ့ ပြောပုံအရ အဲ့လေးသည်တော်တွေပေါ်လာချိန်မှာ သူတို့ရဲ့ ဇစ်မြစ်ကိုရည်ရွယ်ချက်ရှိရှိ ဖုံးကွယ်ထားခဲ့ကြပြီး အဝေးကနေ ရုတ်တရက် တိုက်ခိုက်ခဲ့ကြတယ်။အဲ့တိုက်ခိုက်မှုက ကျနော်တို့လူတွေကို ချက်ချင်း ဆုတ်ခွာရစေတာကြောင့် သူတို့အကြောင်းကို ဘာမှမသိခဲ့ရဘူး”ဟု မျက်မှောင်ကြုတ်လျှက်သားနဲ့ တူလန်းကပြောလိုက်သည်။
အပြင်ကနေ ပြန်မလာကြသေးတဲ့ မိုင်းအဖွဲ့အချို့ ရှိနေသေးပြီး သူတို့တွေ လုံခြုံမှုရှိမရှိဆိုတာ ဘယ်သူမှ မသိပါဘူး။
“ဇစ်မြစ် ဟုတ်လား ကျနော်ကတော့ ဘယ်သူကလုပ်တာပဲဖြစ်ပါစေ အရေးမစိုက်ဘူး အဲ့သုံးဖွဲ့က ဒီလိုလုပ်ရုံနဲ့ ကိုယ်လွတ်ရုန်းနိုင်မယ်ထင်နေရင်တော့ အမှားကြီးမှားသွားပြီ”ဟု ပြောလိုက်သော သူမရဲ့ အသံထဲမှာ လူသတ်လိုသောအငွေ့အသက်တို့ ပြည့်နှက်နေပါတယ်။

ကောင်းကျိုးမပေးသော သမီးပျို Part-3Where stories live. Discover now