ကောင်းကျိုးမပေးသော သမီးပျို
အခန်း(၅၆၀)ကာယကံရှင်ဖြစ်သူထက်တောင် ပိုစိတ်ဆိုးနေကြတဲ့ ကောင်တွေကိုကြည့်ပြီး သူမရယ်လိုက်မိပါတယ်။
“အင်း ငါလည်း အစကတော့ အရမ်းဒေါပွနေတာနဲ့ အကြံကောင်းမတွေးမိခဲ့ဘူး အခု နင်တို့ရောက်လာတာက ငါ့ကို အကြံကောင်းတစ်ခုပေးလိုက်တာပဲ”လို့ ရှန်ယန်ရှောင်က ကျောချမ်းစရာအပြုံးနဲ့ပြုံးရင်းပြောလိုက်သည်။
“ငါတို့နားထောင်နေတယ်”လို့ ငနာတို့ကမျက်ခုံးတွေပင့်ကာ ပြောလိုက်ကြသည်။
သူတို့အားလုံး ဒီအပြုံးမျိုးကို ရင်းနှီးနေကြပါပြီ တစ်ယောက်ယောက်ကတော့ ကံဆိုးတော့မှာဖြစ်ပါတယ်။
“ငါ့အဖွဲ့တွေကို သူတို့က အနှောက်အယှက်ပေးချင်နေကြတာဆိုတော့ ငါ့လူတွေကို သူတို့နှောက်ယှက်ခွင့် ပေးလိုက်မှာပေါ့”
သူမရဲ့စကားကြောင့် တိရစ္ဆာန်တစ်ဖွဲ့လုံး ကြောင်တောင်တောင်ဖြစ်သွားကြပါသည်။ဒီကောင်မလေး ဒေါသကြောင့် စိတ်ရှုပ်ထွေးနေတာပဲဖြစ်ရမယ် ဒါက ဘယ်လိုစိတ်ကူးကြီးလဲ။
“နင် သေချာလို့လား”ဟု တန်နာဇီက ရှန်ယန်ရှောင်ကို တွက်တွက်ဆဆဖြင့်ကြည့်ကာ ပြောလိုက်သည်။
“ငါပြောတာကို အရင်နားထောင်ပါဦီး သူတို့က အဖွဲ့မှာပါတဲ့ အဆင့်မြင့်နတ်ဆိုးတွေရဲ့ အာရုံစက်ကွင်းကနေ ပုန်းကွယ်နေနိုင်တာက သူတို့ကိုယ်ပေါ်မှာ အထူးပြုလုပ်ထားတဲ့ အမှုန့်တွေသုတ်လိမ်းထားလို့ပဲ ဒီတော့ အဆင့်မြင့် နတ်ဆိုးတွေလည်း သူတို့ရှိနေတဲ့နေရာကို မသိကြတော့ဘူးလေ။ဒါပေမဲ့ သူတို့အနေနဲ့ အဆင့်မြင့်နတ်ဆိုးတွေကို ရှောင်တိမ်းနိုင်ရင်တောင် ဒဏ္ဍာရီသတ္တဝါရဲ့ အာရုံကနေတော့ မရှောင်နိုင်ပါဘူး”
တိရစ္ဆာန်တစ်သိုက်ကလည်း ပေါကြောင်ကြောင်တွေမဟုတ်တော့ ချက်ဆိုနားခွက်ကမီးတောက်သွားကြပါသည်။
“နင့်အဖွဲ့တွေထဲမှာ ငါတို့ကို ထည့်ပေးလိုက်မလို့ပေါ့လေ”ဟု ကြူရှီယာက ပြောလိုက်သည်။
လောင်းရွှမ်တိုင်းပြည်ဖက်မှာ တက်သစ်နေမြို့တော်ထဲက နတ်ဆိုးတွေရှိနေပါတယ်။ဒဏ္ဍာရီသတ္တဝါကတော့ ရှန်ယန်ရှောင်ရဲ့ ဇာမဏီငှက်နဲ့ဆို အားလုံးပေါင်းငါးကောင်ပါ။
“အင်း နင်တို့က မနက်ဖြန်ကြရင် တစ်ယောက်ကိုအဖွဲ့တစ်ဖွဲ့စီနဲ့ လိုက်သွားရမယ်။မသွားခင် ဒဏ္ဍာရီသတ္တဝါကို ဆင့်ခေါ်ပြီးတော့ နင်တို့ပတ်ဝန်းကျင်ကို စောင့်ကြည့်ခိုင်းထားရမယ်။တစ်ဖက်အုပ်စုကိုတွေ့ရင် မသိသလိုပုံနဲ့ တိုက်ခိုက်လို့ရတဲ့ အကွာလောက်ထိဆက်သွား မနက်ဖြန်မှာ အဖွဲ့တိုင်းက မိုင်းတူးသမားဆယ်ယောက်ဆီကို ထုတ်ထားပြီးတော့ ဂူဝံပုလွေအဖွဲ့သားတွေနဲ့ အစားထိုးထားလိုက်မယ်။သူတို့က တိုက်ပွဲအတွေ့အကြုံရှိတော့ နင်တို့ရဲ့ ဒဏ္ဍာရီကောင်တွေနဲ့ပေါင်းလိုက်ရင် ဟိုဖက်အဖွဲ့ကို အလဲထိုးဖို့လုံလောက်ပြီလေ”လို့ ရှင်းပြလိုက်သော ရှန်ယန်ရှောင်ရဲ့ အမူအယာဟာ အရမ်းကြောက်ဖို့ကောင်းပါတယ်။ငါနဲ့များ လာကစားရဲတယ်ပေါ့လေ အရှက်မရှိ ဘူးဆိုတာရဲ့ ခက်ဆစ်ကို နားလည်အောင်ပြပေးရတာပေါ့လေ။
“ဒါပေမဲ့ မင်းမှာက တစ်ရက်ကို အဖွဲ့နှစ်ဆယ်လောက်တောင်ရှိတာလေ ငါတို့မှာက ဒဏ္ဍာရီသတ္တဝါငါးကောင်ပဲ ရှိတာ”လို့ ယန်းရှီက ပြဿနာတစ်ခုကို ထုတ်ပြောလိုက်ပါတယ်။
“တိုက်ခံထားရလို့ ငါ့အဖွဲ့တွေကို နောက်နှစ်ရက်လောက် လျှော့ထားမှာလေ ဆယ်ဖွဲ့ပဲသွားခိုင်းမှာ”လို့ ရှောင်လေးက ပြုံးကာပြောလိုက်သည်။
“အဲ့ဒါလည်း ထက်ဝက်တောင်ကွာသေးတယ်”
“အိုး ငါပြောဖို့မေ့သွားလို့ ဒဏ္ဍာရီသတ္တဝါအဆင့် ဖီးနစ်နှစ်ကောင်ကိုလည်း ငါနဲ့လိုက်ခဲ့ဖို့ ဖိတ်ခဲ့သေးတယ်ဟ”လို့ ရှောင်လေးက အေးအေးဆေးဆေးပဲ ပြောပြလိုက်သည်။
“…”
“…”
“…”
“…”
“…”
“နင့်မှာ ဒဏ္ဍာရီအဆင့် ဖီးနစ်နှစ်ကောင်ရှိတယ် ဟုတ်လား”လို့ တန်နာဇီက သေချင်စော်နံစွာဖြင့် ပြောလိုက်သည်။ရှန်ယန်ရှောင်တစ်ယောက် လူအများအပြားနဲ့ဖြစ်နေလို့ ရိက္ခာတွေ ပစ္စည်းတွေပျက်နေပြီး သူတို့ရဲ့ ရောက်ရှိမှုက တစ်အားဖြစ်စေမယ်လို့ ထင်ထားခဲ့တာပါ။ဒါပေမဲ့ ဒီကောင်မလေးက ဝှက်ဖဲတွေရှိနေပါသေးတယ်။ဇာမဏီအပြင် နောက်ထပ် ဒဏ္ဍာရီအဆင့်နှစ်ကောင်ပါ ရှိနေပါသေးသည်။
ဒီလောကကြီး ပြောင်းလဲသွားပြီလား ဒဏ္ဍာရီသတ္တဝါတွေရဲ့ တန်ဖိုးက ဒီလောက်တောင် လျော့ကျသွားပြီလား မဟုတ်ရင် ဒီချာတိတ်မက ဒဏ္ဍာရီသတ္တဝါတွေအများကြီး ဘာလို့ရှိနေရတာလဲ။
“ဟေး ငါလည်း အထောက်အကူပေးနိုင်မယ်လို့ ငါထင်တယ်”ဟု လီရှောင်ဝေက စိတ်လှုပ်ရှားမှုကို ဖိနှိပ်ရင်း ပြောလိုက်တာဖြစ်သည်။လူတစ်ချို့ကိုလည်း တွန့်ဆုတ်သောပုံဖြင့် ကြည့်လိုက်ပါသေးသည်။
“မင်းမှာလည်း တစ်ကောင်ရှိတယ်ပေါ့”ဟု လျှာကိုက်မိမတတ်ဖြစ်သွားသော နာဇီက အစ်ကိုဖြစ်သူအား မျက်လုံးပြူးကြီးဖြင့် ကြည့်ကာပြောလိုက်ပါသည်။