ကောင်းကျိုးမပေးသော သမီးပျို
အခန်း(၅၉၅)“မိုးပြာနဂါး၊ ကျားဖြူ၊ လိပ်နက်နဲ့ တိုးနယား…အိမ်တော်ငါးခုက ဒဏ္ဍာရီသတ္တဝါငါးကောင်လုံး အတူရှိနေကြတာပဲ။ကျန်တဲ့အိမ်တော်လေးခုလည်း ဒီမှာပဲရှိနေတယ်လို့ ငါ ယူဆလိုက်မယ်။ လောင်းရွှမ်ပြည်သားတွေဖြစ်ကြပြီး ဒီသူပုန်ဖြစ်သူ ရှန်ယန်ရှောင်က မင်းသားလောင်ယုကို ဖမ်းဆီးတဲ့အပေါ်မှာ ဘာမှမလုပ်ဘဲ ဒီအတိုင်းကြည့်နေကြတော့မှာလား”ဟု စိတ်ဓာတ် လုံးဝကျ သွားသော ဖေးယွမ်က ပြောလိုက်သည်။ဇာမဏီတစ်ကောင်ဆိုရင် ရပါသေးတယ် ဘာလို့ ကျန်တဲ့ လေးကောင်လုံးပါ ရှိနေရတာလဲ။
ဒါဆိုရင် အိမ်တော်ငါးခုအကြား ပဋိပက္ခတွေရှိတယ်ဆိုတာ ကောလဟာလသက်သက်ပဲလား။
“ဟား”ဆိုသော သက်ပြင်းချသံတစ်ခု ရှန်ယန်ရှောင်နောက်မှ ထွက်ပေါ်လာသည်။
ဖေးယွမ်၏ စိတ်ဓာတ်ကျစွာ အော်ဟစ်လိုက်သံကြောင့် ကြူရှီယာက မျက်နှာဖုံးကိုချွတ်၍ ရှေ့ထွက်လိုက်ပါသည်။
“မင်းက တိုးနယားအိမ်တော်က ကြူရှီယာမဟုတ်လား”လို့ ကြူရှီယာကို တစ်ချက်ကြည့်ရုံဖြင့် မှတ်မိလိုက်သော ဖေးယွမ်ကပြောလိုက်သည်။
တိုးနယားအိမ်တော်က လောင်းရွှမ်ပြည်အတွင်းရှိ စီးပွားရေးလုပ်ငန်းကြီး အများစုကို ပိုင်ဆိုင်ထား ကြပါသည်။နန်းတော်နှင့် ကုန်သွယ်မှုပမာဏကလည်း မနည်းမနောဖြစ်ပါသည်။နန်းတော်ထဲမှာ ကြူရှီယာနှင့် အကြိမ်ရေတစ်ချို့ ဆုံတွေ့ထားခဲ့ဖူးသော ဖေးယွမ်ဟာ အရည်အချင်း ထက်မြက်လှ သော ဒီလူငယ်လေးကို အရမ်းသဘောကျ တန်ဖိုးထားခဲ့သူလည်း ဖြစ်ပါသည်။
“ဟုတ်ပါတယ်”လို့ ကြူရှီယာဖြေလိုက်သည်။
ဆက်တိုက်ဆိုသလိုပဲ ယန်ယု၊ ယန်းရှီနဲ့ တန်နာဇီတို့ကလည်း သူတို့ရဲ့ မျက်နှာဖုံးတွေကို ချွတ်လိုက်ကြပါသည်။
လီရှောင်ဝေတစ်ယောက်သာ အနည်းငယ်တုံ့ဆိုင်းသွားပြီး မချွတ်တော့ဘဲ နေလိုက်ပါသည်။
“မင်းတို့…ဘယ်လိုဖြစ်လို့ မင်းတို့ဖြစ်နေရတာလဲ မင်းတို့က ရှန်ယန်ရှောင်ကို ဘာအတွက် ကူညီပေးနေရတာလဲ။စောနက သူပြောလိုက်တဲ့ အရိုအသေတန်တဲ့ စကားတွေကို မင်းတို့ မကြားကြဘူးလား”ဟု ဖေးယွမ်က လူငယ်လေးယောက်အား အံ့ဩစွာကြည့်၍ ပြောလိုက်ခြင်း ဖြစ်ပါသည်။
“ကျနော်တို့ အားလုံးကိုကြားလိုက်ပါတယ်”လို့ ကြူရှီယာက ပြုံးစစဖြင့်ခေါင်းညိတ်၍ ပြောသည်။
“ဒါဆိုရင် သူ့ကို ဘာလို့ကူညီပေးနေတာလဲ”
ကြူရှီယာက ဘေးမှာရှိတဲ့ ဘော်ဒါဖြစ်သူကို တစ်ချက်စောင်းကြည့်ပြီး ပုခုံးတွန့်လိုက်ကာ ဖေးယွမ်ဆီ ပြန်လှည့်လိုက်ပြီးတော့ “မင်းတိုင်ပင်ကြီးကို ကျနော် အရမ်းလေးစားခဲ့ပါတယ်။ဒါပေ မယ့် ဒီနေ့တွေ့လိုက်ရတာတွေကြောင့် ဒီကောင်လေးအနေနဲ့ မင်းတိုင်ပင်ကြီးကို အထင်သေး အမြင်သေးသွားခဲ့ပါပြီ”လို့ ပြောလိုက်သည်။
“မင်းဘာပြောလိုက်တာ”
ဖေးယွမ်ဟာ အမြဲတမ်း ဂုဏ်မာနနဲ့ နေခဲ့သူဖြစ်ပြီး ဒီနေ့မှာတော့ လူငယ်မျိုးဆက်ဖြစ်သူ တစ်ယောက်က ဒီလိုစကားမျိုး သူ့အပေါ်ပြောလာတဲ့အတွက် လက်သင့် မခံနိုင်စရာ ဖြစ်နေခဲ့ပါသည်။
“မင်းတိုင်ပင်ကြီးကို မေးပါရစေ တက်သစ်နေမြို့တော်ကို ရှန်ယန်ရှောင် လက်ခံရယူလိုက်က တည်းက ဧကရာဇ်အနေနဲ့ သူ့ကို ရွှေဒင်္ဂါးတစ်ပြားတောင် ပေးခဲ့ဖူးပါသလား ဒါမှမဟုတ်ရင် အလုပ်သမားတစ်ယောက်တစ်လေပေးခဲ့ဖူးသလား”လို့ ကြူရှီယာမေးလိုက်သည်။
ဖေးယွမ် ခနတာ ကျောက်ရုပ်ဖြစ်သွားခဲ့ပြီးနောက် တုံ့ဆိုင်းစွာဖြင့် ခေါင်းခါယမ်းလိုက်သည်။
“အဲ့လိုဆိုရင် မြို့တံခါးနားမှာ အထူးတမန်တော်က ရှောင်လေးအပေါ်မှာ မတရားစွပ်စွဲပြီး မြို့ရိုးတံတိုင်းတွေပါ ဖျက်စီးခိုင်းခဲ့တုန်းက မင်းတိုင်ပင်ကြီးရဲ့ တရားမျှတမှုနဲ့ သစ္စာတရားတွေက ရှောင်လေးအတွက် ဘာကြောင့်မရှိခဲ့တာလဲ။တက်သစ်နေမြို့တော်ရဲ့ တည်ဆောက်မှုတွေက ဧကရာဇ်နဲ့ လားလားမှ မသက်ဆိုင်တာကို မင်းတိုင်ပင်ကြီး ရှင်းရှင်းလင်းလင်း သိပြီးသားပါ။ ဒီမှာ ရှိသမျှအားလုံးကို ရှောင်လေးကိုယ်တိုင် ရယူထားခဲ့ရတာပါ။ဒါတင်မကသေးဘဲ ဒီက သယံဇာတတွေကို သယ်ယူပို့ဆောင်ချင်ရုံတင်မကျေနပ်သေးလို့ တက်သစ်နေမြို့တော်အနေနဲ့ စွန့်ပစ်နယ်မြေထဲက သယံဇာတတွေနဲ့ လုံးလုံးမသက်ဆိုင်ဘူးလို့ ပြောတာတွေက ရယ်စရာ မကောင်းလွန်းဘူးလား”
“ကံကောင်းလွန်းလို့သာ စွန့်ပစ်နယ်မြေကို လာရောက်ခဲ့ကြဖူးတဲ့ အရင်မျိုးဆက်ကို ကျနော် သိရှိခဲ့တာပဲ။ကျနော် သူ့ဆီကကြားခဲ့တာကတော့ အခုကျနော် ကြုံတွေ့နေရ မြင်တွေ့နေရတဲ့ အခြေအနေနဲ့ တစ်ခြားဆီဖြစ်နေတာပဲ။လောင်းရွှမ်ပြည်ရဲ့ အပြည့်အဝ ကူညီပံ့ပိုးမှုတွေ ရတဲ့အပြင် စွန့်ပစ်နယ်မြေမှာရှိတဲ့ သယံဇာတအားလုံးကလည်း သူ့အခွင့်အာဏာအောက်မှာ အပြည့်အဝရှိခဲ့တာတဲ့လေ။စွန့်ပစ်နယ်မြေမှာ နယ်မြေသစ်ချဲ့ထွင်သူကို ဦးစားပေးထားတာပါ။ ဒါကို ဘယ်လိုဖြစ်လို့ တက်သစ်နေမြို့တော်နဲ့ ရှောင်လေးကျမှ အားလုံး ကွဲပြားကုန်ရတာလဲ”