ကောင်းကျိုးမပေးသော သမီးပျို
အခန်း(၅၆၁)လီရှောင်ဝေက ရှက်ကိုးရှက်ကန်းပုံဖြင့် ခေါင်းကိုကုတ်ကာ “ငါကိုယ်တိုင်ရထားတာတော့မဟုတ်ပါဘူး ဒီ ဒဏ္ဍာရီ သတ္တဝါက ငါ့ဆရာက ငါ့အတွက်ပေးထားခဲ့တာပါ။သူနဲ့ငါနဲ့ဆက်ဆံရေးက မင်းတို့မျိုးနွယ်ရဲ့ ဒဏ္ဍာရီသတ္တဝါတွေနဲ့ ဆက်ဆံရေးလိုမျိုးမကောင်းဘူးကွ။ဒီကိစ္စအတွက် ငါသူနဲ့ အရင်တိုင်ပင်ကြည့်ဖို့တော့ လိုတယ်”ဟု ပြောလိုက်သည်။
သခင်ဖြစ်သော်လည်း ဆုံးဖြတ်ချက်ချဖို့အတွက် မှော်သားရဲကိုတိုင်ပင်ရဦီးမယ်တဲ့လား။ဒီအခြေအနေက သူတို့ကို အံဩစေခဲ့ပါတယ်။
ရှန်ယန်ရှောင်ဘေးမှာရှိတဲ့ ဇာမဏီရဲ့မျက်နှာကတော့ ဇီးရွက်လောက်ပဲရှိပါတယ်။
ကိုယ်ပိုင်ဆိုင်တဲ့ မှော်သားရဲ၏ စိတ်ကူးကို မေးမြန်းနေဆဲဖြစ်သော တစ်ခြားကောင်၏ သခင်ဖြစ်သူကိုကြည့်လိုက် အမြဲတမ်း မဆင်မခြင်လုပ်လေ့ရှိသော မိန်းမကြမ်းကြီးဖြစ်တဲ့ သူ့သခင်ကို ပြန်ကြည့်လိုက်လုပ်နေရှာပါတယ်။
လီရှောင်က မိခင်ဖြစ်သူနှင့်အတူ သာမန်လူတန်းစားအဖြစ် နေထိုင်ခဲ့သော်လည်း သူဟာ အစွမ်းကြီး လေးသည်ကျော်ကို ဆရာအဖြစ်နဲ့ တစ်လေးတစ်စားမှတ်ယူ သင်ကြားခဲ့တာဖြစ်ပါတယ်။သူ့ပညာတွေက အဆိုပါ ဆရာမှနေ သင်ကြားပေးခဲ့တာပါ။ကံမကောင်းစွာနဲ့ပဲ ဆရာဖြစ်သူဟာ လွန်ခဲ့တဲ့နှစ်အချို့တုန်းက မကျန်းမမာ ဖြစ်ပြီး ကွယ်လွန်သွားချိန်မှာ သူ့ဒဏ္ဍာရီသတ္တဝါကို လီရှောင်ဝေအား ပေးခဲ့တာဖြစ်သည်။
ဒီအကြောင်းကို တန်နာဇီသိထားပေမယ့် မှော်သားရဲကို ဆင့်ခေါ်တာကို တစ်ခါမှမတွေ့ဖူးခဲ့တာကြောင့် ဘာအဆင့် ရှိတဲ့မှော်သားရဲမှန်းတော့ မသိပါဘူး။
ဒီအကြောင်းကို ဒီနေ့မှသာ ကြားလိုက်ရတာြဖစ်ပြီး ဒဏ္ဍာရီသတ္တဝါအဆင့်ဖြစ်နေပါတယ်။
“ဘယ်လိုဒဏ္ဍာရီသတ္တဝါမျိုးလဲ”လို့ ရှန်ယန်ရှောင်က သိလိုစွာမေးလိုက်သည်။
လောင်းရွှမ်တိုင်းပြည်မှာ ဒဏ္ဍာရီသတ္တဝါအနည်းငယ်သာ ရှိတာဖြစ်ပြီး ပိုင်ရှင်တွေကလည်း မျိုးနွယ်စုကြီးငါးစု ဖြစ်ကြပါတယ်။လီရှောင်ဝေရဲ့ ဆရာဖြစ်သူက အရမ်းကို လူသူမသိအောင် နေလို့သာ မသိကြတာ ဖြစ်ပါလိမ့်မယ်။
“အဲ့ဒါက…”ဟုပြောကာ အားလုံးကို ကြည့်လိုက်ပြီးနောက် “ငါ သူ့ကိုခေါ်ထုတ်လိုက်မယ်လေ ငါလည်း သူနဲ့ ဆွေးနွေးရဦီးမှာဆိုတော့”ဟု လီရှောင်ဝေကပြောလိုက်သည်။
အားလုံးခေါင်းညိတ်လိုက်ကြသည်။သူတို့လည်း လောင်းရွှမ်ပြည်ထဲမှာ ရှိတဲ့ နောက်ထပ် ဒဏ္ဍာရီသတ္တဝါက ဘယ်လိုကောင်လဲဆိုတာကို သိချင်နေကြပါတယ်။
လီရှောင်ဝေလည်း နောက်ကိုခြေလှမ်းအနည်းငယ် ဆုတ်လိုက်ပြီးနောက် မှော်သားရဲကို ဆင့်ခေါ်လိုက်သည်။
သူတို့မြင်ရတာက အမည်းရောင်မြူခိုးတွေက လေထဲမှာ ပျံ့နှံ့သွားပြီးနောက် မကြာခင်မှာပဲ လူတစ်ယောက်အဖြစ် ပြောင်းလဲသွားခြင်းကိုပဲဖြစ်ပါသည်။ထို့နောက်မှာတော့ မျက်နှာထားမာသော လူငယ်တစ်ယောက်ကို သူတို့တွေ့လိုက်ရပါသည်။
မျက်နှာထားမာတဲ့လူငယ်၏ ရှည်လျားနက်မှောင်သော ဆံပင်တွေက သူ့နောက်မှာ ပျံ့ကြဲနေပါတယ်။ဖျော့တော့ သော အသားအရည်က သွေးမရှိပုံဖြစ်နေကာ လေထုနဲ့ထိတွေ့နေပြီး အနက်ရောင်ဘောင်းဘီရှည်နဲ့ ခါးမှာ လျော့တိလျော့ရဲဖြင့် ပတ်ထားသော ရွှေရောင်ခါးပတ်တစ်ချောင်းသာလျှင် ဝတ်စားထားတာဖြစ်သည်။
သူ့မျက်လုံးတွေက အစိမ်းရင့်ရောင်ဖြစ်ပြီး သူမတူအောင် ဖမ်းစားနိုင်စွမ်းအပြည့်နဲ့ဖြစ်တာကို တွေ့ရသည်။
“ကောင်စုတ်လေး ငါ့ကို ဘာလို့ခေါ်လိုက်တာလဲ”လို့ သွေးဆာ အေးဆေးပြီး ရက်စက်ဟန်ပေါက်တဲ့ ဒဏ္ဍာရီသတ္တဝါက လီရှောင်ဝေကို စိတ်မရှည်တဲ့အကြည့်ဖြင့် ပြောလိုက်သည်။
သူတို့အနေအထားအရ မည်သူက မှော်သားရဲဖြစ်ပြီး မည်သူက သခင်ဖြစ်တယ်ဆိုတာကို ဝေခွဲရခက်ပါတယ်။
“အစ်ကိုကြီးအဌဂီရိ ကျနော့်သူငယ်ချင်းတွေက အစ်ကိုကြီးနဲ့ ဆွေးနွေးချင်တာလေးရှိနေတယ်”လို့ ကိုယ့်မှော်သားရဲအား ပြန်တိုင်ပင်နေရတဲ့ လီရှောင်ဝေက မျက်နှာငယ်လေးနဲ့ပြောလိုက်တယ်။
“အဌဂီရိ ဒါက နာမည်ကြီး ခေါင်းရှစ်လုံးမြွေနဂါးများလား”ဟု ဒဏ္ဍာရီသတ္တဝါရဲ့ ဇစ်မြစ်ကို တစ်ခါတည်းနဲ့ သိသွားတဲ့ ကြူရှီယာက မျက်ခုံးပင့်လိုက်မိသည်။
သူ့နာမည်ကို ကြားလိုက်ရတဲ့ ခေါင်းရှစ်လုံးမြွေနဂါးက တစ်ချက်ဝေ့ကြည့်လိုက်တော့ သူ၏ ရှည်မျောမျော မြွေမျက်လုံးတွေက လူတွေကို ရွံ့သွားစေခဲ့ပါတယ်။
တစ်ချက်အဝေ့မှာပဲ သူ့အကြည့်က တစ်ယောက်သောသူထံမှာ စွဲမြဲစွာရှိနေပါတော့သည်။ခေါင်းရှစ်လုံးမြွေနဂါးက သရဲတစ်ကောင်လိုမျိုး လူတွေကို ကျော်ဖြတ်သွားပြီး မျက်စိတစ်မှိတ်အတွင်းမှာပဲ ရှန်ယန်ရှောင်ရှေ့ကို ရောက်သွားပါသည်။ခေါင်းရှစ်လုံးမြွေနဂါးရဲ့ ဖြူစင်သွယ်လျသောလက်ချောင်းလေးတွေက ရှန်ယန်ရှောင်ရဲ့ မေးကိုပင့်တင်လိုက်ပြီး မျက်စိကိုမှေးစင်းကာ ရှေ့မှာရှိနေတဲ့ မင်သက်ဖွယ်ရာအလှပဂေးလေးကို စိုက်ကြည့်နေပါတယ်။
“ဒီလောက်အရသာရှိတဲ့ လူသားတစ်ယောက်ကို မမြင်တွေ့ရတာ တော်တော့်ကိုကြာခဲ့ပြီပဲ”ဟု ပြောလိုက်တဲ့ သူ့နှုတ်ခမ်းမှာက ပြီတီတီအပြုံးတစ်ခုဖြစ်နေပါတယ်။
မြင်ကွင်းက အားလုံးကို ကြောင်အမ်းသွားစေခဲ့သည်။မှော်သားရဲတစ်ကောင်က လူသားတစ်ယောက်အပေါ်မှာ အသားယူခြင်းကို အခုမှသာ ပထမဆုံးအကြိမ်အဖြစ်မြင်တွေ့ကြဖူးတာဖြစ်ပါတယ်။
“ခွေးမသား မင်းလက်တွေကို သူ့ဆီကနေဖယ်လိုက်စမ်း”ဟူသော ဒေါသသံတစ်ခုထွက်လာသည်။