ကောင်းကျိုးမပေးသော သမီးပျို
အခန်း(၅၇၃)ကန်းတီရှေ့ကိုရောက်လာတဲ့ ကျူရူက ငေးကြောင်ကြောင်နဲ့ ရပ်နေပါတယ်။မျက်နှာကို ကန်းတီလက်နဲ့ ရိုက်ခံလိုက်ရတာကို ဘာဖြစ်လို့ ဖြစ်နေမှန်း မသိသေးပါဘူး။
“စောက်သုံးမကျတဲ့ကောင် မင်းလိုကောင်က ဘာမှကို အဖြစ်ရှိအောင် လုပ်နိုင်မှာလည်း မဟုတ်ဘူး”
ရုတ်တရက်ရိုက်ခံလိုက်ရတဲ့ ကျူရူက မျက်နှာကို လက်နဲ့ပွတ်ပြီးတော့ ဒေါကန်နေတဲ့ ကန်းတီကိုသာ ဘာမှမသိဟန်ဖြင့် ကြည့်နေမိပါသည်။သူအိပ်လို့ကောင်းနေခဲ့တာဖြစ်ပြီး ကန်းတီကို ဘယ်လိုဖြစ်လို့ ဒေါသထွက်စေတာမှန်း သူ တွေးမရသေးပါဘူး။
“ကျနော်…ကျနော် ဘာအမှားလုပ်မိလို့လဲ”ဟု ကျူရူမေးလိုက်သည်။
“မင်းဘာအမှားလုပ်မိတာလဲ ဟုတ်လား မင်းက မင်းဘာအမှားလုပ်ထားလဲဆိုတာကို မေးဝံ့သေး တယ်ပေါ့လေ။မင်းပြောစမ်း တက်သစ်နေမြို့တော်က ရှန်ယန်ရှောင်ဆီမှာ တစ်ကယ်ပဲ ဒဏ္ဍာရီ သတ္တဝါနှစ်ကောင်ရှိတယ်ဆိုတာ ဟုတ်သလား”
“ဟုတ်ပါတယ်”လို့ ကျူရူက ရိုးသားစွာ ခေါင်းညိတ်လိုက်သည်။ဒီအကြောင်းက သူ သိပြီးသားပဲ မဟုတ်ဘူးလားလို့ ကျူရူတွေးလိုက်မိသည်။
“မင်းစောက်လုံးတွေကန်းနေတာလားကွ ဟမ် နှစ်ကောင်ပေါ့လေ နှစ်ကောင်ပေါ့ ဟုတ်သလား အဲ့မှာက ရှစ်ကောင်ကွ ဒဏ္ဍာရီသတ္တဝါရှစ်ကောင်တောင် မင်းပြောတဲ့ နှစ်ကောင်ဆိုတာက ချီးကိုနှစ်ကောင်တာလား ဟာ”
ကန်းတီဟာ အမြဲတစေ သတိနဲ့လုပ်ကိုင်ခဲ့တာဖြစ်သည်။ကျူရူပြောတဲ့သတင်းကိုသာ သူ မယုံခဲ့မိရင် ရှန်ယန်ရှောင်ကိုလည်း သူ အလွယ်တကူနဲ့ ကောက်ချက်ချမိခဲ့မှာ မဟုတ်ပါဘူး။
ကျူရူကတော့ တိုက်ပွဲမဖြစ်ဘဲ ရိုက်နှက်ခံလိုက်ရပါတယ်။အခြေအနေကို သူလုံးဝ နားမလည်နိုင် ဖြစ်နေပါတယ်။သူမြင်တွေ့ခဲ့တာက နှစ်ကောင်သေချာပါတယ် ဘယ်လိုရှစ်ကောင်တာလဲ…
ကန်းတီ ကျူရူရဲ့နားကိုဆွဲကာမလိုက်ပြီးနောက် နားမှာကပ်ပြီး အော်ပြောလိုက်ပါသည်။
“မင်းသိလား မင်းလိုအရူးက ပြောတဲ့သတင်းအမှားကြောင့် အဲ့ရှန်ယန်ရှောင်ကို ရန်စခဲ့မိလို့ သူကိုယ်တိုင် ငါ့မြို့ရှေ့ကို ဒဏ္ဍာရီသတ္တဝါရှစ်ကောင်နဲ့အတူ ရောက်ချလာတာကို။အဲ့ဒီ ဒဏ္ဍာရီသတ္တဝါရှစ်ကောင်ဆိုတာ ဘယ်လောက်ကြီးမားတဲ့ ကိစ္စမှန်း မင်းနားလည်လား။ ဒီလို ပလိပ်နတ်ဆိုးကို သွားရန်စလာခဲ့တာ မင်းအဖေရော မင်းကို ကာကွယ်ပေးနိုင်သေးလား ကြည့်ကြသေးတာပေါ့”
ကျူရူ ထိတ်ထိတ်ပြာပြာဖြစ်သွားသည်။သူဆိုသည်မှာ လူကြီးမိဘတွေရဲ့ အမည်ကို အမှီပြုလို့ စားသောက်နေထိုင်နေရသော ဒုတိယမျိုးဆက်ကလေးတစ်ယောက်ဖြစ်ပါတယ်။သူ့အဖေတောင် ဘာမှမတတ်နိုင်တဲ့သူကို သွားပြီးတော့ ရန်စမိမယ်လို့ သူမထင်ခဲ့မိပါဘူး။
အမြဲလိုလို တည်တည်ငြိမ်ငြိမ်ရှိတဲ့ ကန်းတီရဲ့ ဒေါကန်မှုကို တွေ့ရတဲ့အခါမှာတော့ သူ့အနေနဲ့ တစ်ကယ့်ပုဂ္ဂိုလ်ကြီးကို သွားထိပါးခဲ့မိပြီဆိုတာကို ရိပ်မိလိုက်ပါတယ်။
“ကျနော် ဒီအကြောင်းကို တစ်ကယ်မသိပါဘူး သခင်ကြီး ကျနော် တစ်ကယ်မသိတာပါ။ကျနော် တစ်ကယ်တွေ့ခဲ့တာက ကောင်မလေးက ဒဏ္ဍာရီသတ္တဝါနှစ်ကောင်ကို ဆင့်ခေါ်လိုက်တာကို ဖြစ်ပါတယ် သခင်ကြီး”ဟု ပြောရင်း ကန်းတီရဲ့ခြေသလုံးကိုဖက်ကာ ကျူရူတစ်ယောက် နှပ်ချေးတွေပါထွက်တဲ့အထိ ငိုကြွေးနေပါတယ်။
“မင်းကို ဘာသုံးစားလို့ရသေးလဲဆိုတာကို ငါလည်း မသိတော့ဘူး”
ကန်းတီခေါင်းအကြီးကြီးခဲနေပါတယ်။ဒီကိစ္စအတွက် ကျူရူအနေနဲ့ တာဝန်ရှိတာ ဟုတ်သော်လည်း ကန်းတီဆိုတဲ့သူကိုယ်တိုင်လည်း ရန်သူကို လျှော့တွက်ခဲ့မိတာ ပါပါတယ်။
မြောက်များစွာသော ထက်မြက်တဲ့အရည်အချင်းရှိသူတွေ စွန့်ပစ်နယ်မြေထဲကို လာကြပြန်ကြနဲ့ နှစ်ချီနေခဲ့ပါပြီ။ဒီနေရာမှာ ခိုင်ခိုင်မတ်မတ်ရပ်တည်နေနိုင်သူဆိုတာ အနည်းငယ်သာရှိပါတယ်။
လောင်းရွှမ်ပြည်ရဲ့ လက်ရွေးစင်တွေက ယုံကြည်မှုအပြည့်နဲ့ ရောက်လာကြမြဲဖြစ်သော်လည်း ဘာမှမဖြစ်မြောက်ဘဲ ပြန်သွားခဲ့ကြရတာချည်းပါပဲ။ဒါကြောင့်လည်း ကန်းတီအနေနဲ့ တစ်ဖက်လူကို အဲ့လိုအရှုံးသမားတွေနဲ့ အတူတူပဲဟု အလိုလိုသတ်မှတ်လိုက်မိခြင်း ဖြစ်ပါတယ်။
ရှန်ယန်ရှောင်က လောင်းရွှမ်ပြည်ရဲ့ ဒဏ္ဍာရီသတ္တဝါအကုန်လုံးကို လက်ထဲမှာ ကိုင်ထားနိုင်မယ် လို့ ဘယ်သူကရော ထင်မှတ်ခဲ့မိပါ့မလဲလေ။
“သူ့ကို ငါနဲ့ဝေးရာကို ခေါ်သွားကြစမ်း”
ကျူရူကိုကြည့်မိလေလေ ဒေါသပိုထွက်လာလေ ဖြစ်နေတဲ့ ကန်းတီဟာ ကျူရူကို ခေါ်ထုတ်သွားခိုင်းလိုက်ပါတယ်။အခြေအနေတွေက ဒီလောက်ထိ ဖြစ်သွားခဲ့ပါပြီ။ရှန်ယန်ရှောင် ဒီကိုလာပြီး အစွမ်းပြသွားတယ်ဆိုမှတော့ ကြားဖြတ်တိုက်ဖို့လွှတ်ထားသူတွေအကုန် သွားပြီလို့ ပြောနိုင်ပါတယ်။
ကန်းတီတစ်ယောက် စိတ်ရောကိုယ်ပါပင်ပန်းစွာဖြင့် အခန်းဆီကို ပြန်သွားလိုက်ပါတယ်။ ခေါင်းထဲမှာတော့ ကြိတ်မနိုင်ခဲမရဖြစ်နေတာပေါ့လေ…