ကောင်းကျိုးမပေးသော သမီးပျို
အခန်း (၅၅၆)“ကျနော်တို့က မြို့ကိုမြန်မြန်တည်ဆောက်နိုင်တာကို သူတို့တွေ့လိုက်ရတော့ အနှောက်အယှက်ပေးချင်ကြ ပြီလေ။ဒါပေမဲ့ လေးနိုင်ငံစာချုပ်က ဒီနေရာမှာ သက်ရောက်နေတော့ ကျနော်တို့ အလျင်စလို မလုပ်သင့် ဘူး။ကျနော်တို့ကို တွယ်လို့ရတဲ့ သတင်းအချက်အလက်ကိုသာ သူတို့ဖက်က ရသွားကြရင် လေးနိုင်ငံစာချုပ်ကို ဖောက်ဖျက်မှုနဲ့ ကျနော်တို့ကို စွပ်စွဲကြမှာပဲ”လို့ ပေါက်ကွဲလုနီးနီးဖြစ်နေသော ရှန်ယန်ရှောင်ကို တွေ့မြင်လိုက်ရတဲ့ တူလန်းက သဘောပေါက်နားလည်သော်လည်း သတိပေးစကားကိုတော့ စေတနာဖြင့် ပြောလိုက်ပါတယ်။
သူတို့ကို တိုက်ခိုက်တာခံခဲ့ရပြီး ဘယ်သူတွေလက်ချက်ဆိုတာကိုလည်းသိတယ် ဒါပေမဲ့ လက်ဆုပ်လက်ကိုင်ပြစ ရာ ဘာသက်သေအထောက်အထားမှ မရှိတာကြောင့် လက်တုံ့ပြန်ချင်ရင်တောင် ရှန်ယန်ရှောင်တစ်ယောက် သုံးဖွဲ့ရဲ့ကိုက်ဖြတ်စားသောက်မှုကိုသာ ခံရမှာကို သူစိုးရိမ်နေမိခြင်းဖြစ်သည်။အဲ့လိုဖြစ်သွားရင် လောင်းရွှမ်တိုင်းပြည်အနေနဲ့ ရှန်ယန်ရှောင်ကို အကာအကွယ်မပေးနိုင်သလို ကျန်သုံးနိုင်ငံအနေနဲ့ သူမရဲ့ တက်သစ်နေမြို့တော်ကို တိုက်ခိုက်ဖို့ အကြောင်းပြချက်ကောင်းကောင်း ရသွားမှာဖြစ်ပါတယ်။
မြို့တံတိုင်းတွေက အပြီးမသတ်သေးတာကြောင့် သုံးနိုင်ငံ၏ တိုက်ခိုက်မှုခံရပါက ခုခံဖို့ဆိုတာတောင် မျှော်လင့်လို့ မရပါဘူး အရာရာအားလုံး ပျောက်ကွယ်သွားမှာဖြစ်ပါတယ်။
“ဒါဆိုရင် သူတို့ကို ဒီအတိုင်းလေးပဲ သည်းခံနေလိုက်ရမှာလား”ဟု ရှန်ယန်ရှောင်က မျက်စိကိုမှေးကာ ပြောလိုက်သည်။သူမရဲ့စိတ်အာရုံမှာ သွေးအလူးလူးဖြစ်နေကြသော မိုင်းလုပ်သားတွေကိုသာ မြင်ယောင်နေသည်။ ကိုယ့်လူကိုယ်တောင် မကာကွယ်နိုင်မှတော့ မြို့တော်သခင်အဖြစ် သူမ ဘယ်လိုလုပ်ပြီး မျက်နှာပြဝံ့မှာလဲ။
“ဒါက…လည်း လုပ်စရာ ဒီတစ်ခုပဲရှိလို့ပါ။မြို့တည်ဆောက်ရေးကို ကျနော်တို့အနေနဲ့ အားသွန်ခွန်စိုက်နဲ့ အမြန်လေးလုပ်ပြီး မြို့တော်ကြီးတည်ပြီးတဲ့အခါမှ ပြန်တုံ့ပြန်လို့လည်း နောက်မကျပါဘူး။သူတို့က ကျနော်တို့ အဖွဲ့တွေကို တိုက်ခိုက်ပြီးတော့ မြို့တည်ဆောက်ရေးကို အနှောက်အယှက်ပေးရဲတာက လေးနိုင်ငံစာချုပ်ကို ကျနော်တို့ဖောက်ဖျက်တာပဲဖြစ်ဖြစ် အဲ့လူတွေကို တုံ့ပြန်ဖို့ လူအင်အားခွဲပေးလိုက်ရတာပဲဖြစ်ဖြစ် ကျနော်တို့ မြင်တွေ့ရမှာက နှောင့်နှေးမှု ဒါမှမဟုတ်ရင် တက်သစ်နေမြို့တော်တည်ဆောက်ရေး ကျရှုံးမှုတို့ပဲဖြစ်ပါတယ်”လို့ တူလန်းလည်း မျက်နှာမကောင်းစွာနဲ့ ပြောလိုက်ပါတယ်။သူတို့ ရင်ဆိုင်နေရတဲ့ ဖိအားက တော်တော်လေးကြီးလွန်းပါတယ်။
“မြို့တော်သခင်ကို သတင်းပို့ပါတယ် မိုင်းတူးအဖွဲ့သုံးဖွဲ့မြို့တော်ကို ပြန်လာနေကြပါတယ် နောက်ပြီး သူတို့အားလုံး အတိုက်ခံခဲ့ရပါတယ်”လို့ အဆင့်မြင့်နတ်ဆိုးတစ်ယောက်က လျှင်မြန်စွာရောက်လာပြီး ပိုဆိုးသော သတင်းဆိုးကို တင်ပြလိုက်ပါတယ်။
ရှန်ယန်ရှောင် အသက်ပြင်းပြင်းရှူသွင်းလိုက်သည်။ကြည့်ရပုံအရ ဟိုဖက်က သူမရဲ့ မြို့တည်ဆောက်ရေးကို တစ်ကယ်ပဲ နှောင့်နှေးစေချင်နေပုံရပါတယ်။တိုက်ဆိုင်မှုသက်သက်တင် မဟုတ်မှတော့ တစ်ခြားအဖွဲ့တွေလည်း တိုက်ခိုက်ခံရပြီးလောက်ပါပြီ။
ဆက်တိုက်အတိုက်ခံရမှုကြောင့် မိုင်းလုပ်သားတွေရဲ့ သေဆုံးမှုနဲ့ ထိခိုက်မှုတို့က အလွန်ပြင်းထန်လှပါတယ်။ အချိန်တိုအတွင်းမှာ အလုပ်ပြန်လုပ်နိုင်ဖို့ဆိုတာ မဖြစ်နိုင်သလောက်ပါပဲ။သတင်းကောင်းဆိုလို့ မြို့တံတိုင်းကြီး ပြီးဆုံးကာနီးပြီဖြစ်ကာ ကျန်ရှိနေတဲ့ မီးသင့်ကျောက်တွေက တံတိုင်းပြီးအောင် ဆောက်လုပ်ဖို့ လုံလောက်နေခြင်း ဖြစ်ပါတယ်။
“သည်းခံရမယ် ဟ ကျနော့်ရဲ့ မြို့သားတွေကို ကျနော့်ပိုင်နက်အတွင်းမှာ ထိခိုက်စေတာကို သည်းခံနိုင်ရမယ်လား။ ဒီနေ့ သူတို့တွေက အရှေ့ဖက်ဒေသထဲမှာ ကျနော်တို့အဖွဲ့တွေကို လာအနှောက်အယှက်ပေးတယ်လေ နောင်ကျ ရင် ကျနော့်ရဲ့ တက်သစ်နေမြို့တော်ကို လာဖြိုရဲသွားမှာလေ။သူတို့ကိုသာ တစ်ခေါက်လောက် သည်းခံပေးမိရင် သူတို့အားလုံး အကြောက်အလန့်မရှိတော့ဘဲ တက်သစ်နေမြို့တော်ကို အနိုင်ကျင့်ကြတော့မှာ”လို့ ဒေါကန်နေသော ရှန်ယန်ရှောင်က အမျက်ဖြင့်ပြောလိုက်သည်။
“ကျနော်သာ လက်တုံ့မပြန်ဘူးဆိုရင် တက်သစ်နေမြို့တော်ရဲ့ ညီအစ်ကိုမောင်နှမတွေကို စိတ်ပျက်အောင် လုပ်မိရာကျမသွားဘူးလား”ဟု ရှန်ယန်ရှောင်က ပြောရင်းမှ မျက်စိမှိတ်လိုက်ပါတယ်။
သူမရဲ့ လက်ရှိပုံရိပ်အခြေအနေကြောင့်သာမဟုတ်ရင် စူဟီတို့တစ်တွေ ထိခိုက်မိတာသိသိချင်း ဇာမဏီငှက်နဲ့အတူ သွားပြီး မြို့သုံးမြို့မှာ လူသတ်ပွဲကြီး ဆင်နွှဲနေပြီးပါပြီ။
တူလန်းလည်း သက်ပြင်းရှည်ကြီး ချလိုက်မိသည်။ရှန်ယန်ရှောင်က သူ့လူကို ဘယ်လောက်အထိ ကာကွယ်ပေးလဲ ဆိုတာကို သူကောင်းကောင်းသိပါတယ်။သူမ ဒီဖြစ်ရပ်ကို လုံးဝသည်းခံမှာ မဟုတ်ပါဘူး။
“ဒါပေမဲ့ အဖွဲ့သုံးဖွဲ့ရဲ့ အမြစ်တွေက စွန့်ပစ်နယ်မြေထဲမှာ နက်နက်ရှိုင်းရှိုင်းဖောက်ဝင်နေပြီးပြီဖြစ်လို့ လက်တုံ့ပြန်ဖို့ ဒဏ္ဍာရီသတ္တဝါသုံးကောင်လုံး ခေါ်သွားမယ်ဆိုရင်တောင် သုံးနိုင်ငံပေါင်းအင်အားကို မင်း ဘယ်လိုခုခံမလဲ။သူတို့ ဆီမှာလည်း စွမ်းအားကြီးတဲ့ ဒဏ္ဍာရီသတ္တဝါတွေကို လျှို့ဝှက်ထားနိုင်တယ်ဆိုတာကိုတော့ မင်းသိထားရမယ်။ မင်းက အလောတကြီးနဲ့သွားပြီး ခြုံခိုတိုက်ခိုက်ခံရရင် တက်သစ်နေမြို့တော်မှာ အနာဂတ်ဆိုတာ ရှိတော့မှာ မဟုတ်ဘူး”
“မြို့တော်သခင် ပြန်စဉ်းစားဖို့ ကျနော်တို့ တောင်းဆိုပါတယ်”
“မြို့တော်သခင် ပြန်စဉ်းစားဖို့ ကျနော်တို့ တောင်းဆိုပါတယ်”
လူသားရော နတ်ဆိုးရောပါ ရှန်ယန်ရှောင်ရှေ့တွင် ဒူးထောက်လိုက်ကြပြီး အလျင်စလိုမလုပ်ဖို့ တောင်းဆိုနေကြပါတော့သည်။