ကောင်းကျိုးမပေးသော သမီးပျို
အခန်း(၅၈၄)“ငါဒီနေ့ရောက်လာတာ ကံကောင်းသွားတာပဲ ငါသာ မလာခဲ့ရင် မင်းလို ချာတိတ်မလေးက စိတ်ထင်ရာတွေ လျှောက်လုပ်နေဦးမှာပဲ။မင်းအကျင့်စရိုက်က တော်တော်ဆိုးတာပဲ မင်းမိဘတွေ မင်းကို ဘယ်လိုများ ပြုစုပျိုးထောင်လာခဲ့သလဲ မသိဘူး”လို့ လီချီက ဧကရာဇ်ဆီက ချီးကျူးခံရမှာကို တွေးရင်း ကျေနပ်စွာဖြင့် ဆက်ပြောလိုက်သည်။
ရှန်ယန်ရှောင်ရဲ့ မျက်နှာပေါ်က အပြုံးက ပိုကြီးလာပြီး သူမရဲ့ မျက်လုံးထဲက အေးစက်မှုကတော့ ဆယ်စပိုများလာပါသည်။
“တမန်တော်ကြီး စကားပြောလို့ပြီးပြီလား”ဟု ရှန်ယန်ရှောင်က ပြောလိုက်သည်။
ရှန်ယန်ရှောင်ကို ဆူပူကြိမ်းမောင်းရတာကို သဘောတွေ့နေသော လီချီက စကားဖြတ်ပြောခံ လိုက်ရတာကြောင့် မျက်မှောင်ကြုတ်လိုက်ပြီးနောက် “တစ်ယောက်ယောက်က စကားပြောနေ တုန်းမှာ ဖြတ်မပြောရဘူးလို့ မင်းမိဘတွေက သင်မထားခဲ့ဘူးလားကွ နီတိမသိတဲ့ ကလေးမပဲ” လို့ ပြောလိုက်သည်။
လီချီစိတ်ထဲမှာတော့ ရှန်ယန်ရှောင်ဟာ ရှန်ဖန်ရဲ့ ဂရုစိုက်မှုအောက်မှာ ပန်းလေးတစ်ပွင့်လို ကြီးပြင်းလာခဲ့ရမှာပဲ ဘာကျောင်းပေါင်းစုံချန်ပီယံလဲ သေချာပေါက်ကို ရှန်ဖန်က ပြိုင်ပွဲဝင်တွေကို လာဘ်ထိုးထားခဲ့တာပဲဖြစ်မယ်။တက်သစ်နေမြို့တော်ကို တည်ဆောက်တာတဲ့ အဲ့ဒါကလည်း ဇာမဏီမျိုးနွယ်ရဲ့ ငွေကြေးထောက်ပံ့မှုကြောင့်ဆိုတာ သေချာပေါက်ပဲ ဒီကလေးမမှာ ဘာအရည်အချင်းမှ ရှိမှာမဟုတ်ဘူးလို့ တွေးနေမိသည်။
လီချီရဲ့ ကြိမ်းမောင်းမှုကြောင့် ဂူဝံပုလွေအဖွဲ့သားတွေ ပါးစပ်အဟောင်းသား ဖြစ်သွားခဲ့သည်။ ရှန်ယန်ရှောင်ကို ဒီလိုမျိုး ကြိမ်းမောင်းရဲတဲ့သူကို သူတို့ တစ်ခါမှ မတွေ့ခဲ့ဖူးသေးပါဘူး။ ချက်ခြင်းဆိုသလိုပဲ သူတို့အားလုံးစိတ်ထဲ မကောင်းတော့ဘူးလို့ ခံစားလိုက်မိပြီးနောက် ရှန်ယန်ရှောင်ကို လှမ်းကြည့်လိုက်မိကြပါသည်။
သို့ပေမယ့် ရှန်ယန်ရှောင်က ဘာမှ မတုံ့ပြန် မလှုပ်ရှားခဲ့ပါဘူး သူမအစား လန်ဖန်းလီကသာ ရှေ့ကို တက်လှမ်းလိုက်တာဖြစ်ပါသည်။
လန်ဖန်းလီရှေ့မှာ ရှန်ယန်ရှောင်ကို မည်သူမျှ စော်ကားပြောဆို၍ မရပါလေ အခုအချိန်မှာတော့ လန်ဖန်းလီဟာ လူသတ်ချင်သွားခဲ့ပါပြီ။
ဒါပေမယ့် ရှန်ယန်ရှောင်က လန်ဖန်းလီလက်ကိုဆွဲ၍ ပြန်ခေါ်လိုက်ပါသည်။
“မမ”လို့ လန်ဖန်းလီက နားမလည်စွာဖြင့် ရှန်ယန်ရှောင်ကိုကြည့်ကာ ပြောလိုက်သည်။
ရှန်ယန်ရှောင်က ခေါင်းခါပြလိုက်သည်။
“အချိန်လည်း လင့်နေပြီဖြစ်လို့ အထူးတမန်တော်၊ မင်းသားလေးနဲ့ မင်းတိုင်ပင်ကြီးတို့က ခရီးရှည်ကြီးကြောင့် ပင်ပန်းနေကြရောပေါ့။ကျွန်မက လူကြီးမင်းတို့အတွက် စားပွဲ ပြင်ဆင်ထား ပါတယ် လူကြီးမင်းတို့ အနားယူကြပါ”ဟု ရှန်ယန်ရှောင် ပြုံးကာပြောလိုက်သည်။
ရှန်ယန်ရှောင်ရဲ့ ကောင်းမွန်သော အပြုအမူတို့ကြောင့် လီချီကျေနပ်သွားသည်။ဒီလို နာခံတတ်တဲ့ မြို့တော်သခင်မျိုးက အရှင်မင်းကြီးရဲ့ အစီအစဉ်အတွက် အဆင်သင့်နေပါသည်။
“မင်းသားလေး မင်းတိုင်ပင်ကြီး အနားယူကြတော့မလား”လို့ ခေါင်းညိတ်လိုက်ပြီးနောက် လောင်ယူနဲ့ ဖေးယွမ်တို့ရှေ့မှာ နောက်လိုက်ခွေးတစ်ကောင်လို ဖြစ်သွားတဲ့ လီချီက ပြောလိုက်သည်။
လောင်ယူမင်းသားဟာ စိတ်နဲ့ကိုယ်နဲ့မကပ်သလိုပါပဲ သူဟာ လီချီပြောတာကို မသိလိုက်သော် လည်း ခေါင်းညိတ်ပြလိုက်ပါသည်။ဖေးယွမ်ဟာလည်း မကန့်ကွက်ခဲ့ဘဲ ရှန်ယန်ရှောင်ကိုသာ လေးနက်စွာဖြင့် ကြည့်လိုက်သည်။ငတုံးငအ လီချီလိုမဟုတ်သော ဖေးယွမ်ဟာ ရှန်ယန်ရှောင်ရဲ့ အလျှော့ပေးမှုကြောင့် ဒီကလေးမကတော့ ပေါ့ပေါ့တန်တန်တွက်လို့မရဘူးဟု တွေးလိုက်မိသည်။
သူမရဲ့ စွမ်းအား ဘယ်လိုပဲရှိနေပါစေ သူမ၏ တည်ငြိမ်မှုက သူမရဲ့အသက်အရွယ်မှာရှိတဲ့ မည်သူ့ထက်ကိုမဆို အများကြီးသာလွန်နေပါသည်။
လီချီပြောလိုက်သမျှကို ဖေးယွမ်နားနဲ့ ဆတ်ဆတ်ကြားခဲ့တာကြောင့် လီချီပြောတာတွေက စည်းလွတ်ဘောင်လွတ်ဖြစ်နေမှန်း သိသော်လည်း မင်းကြီးရဲ့ လက်အောက်ကဖြစ်တဲ့ ဖေးယွမ်အ နေနဲ့ အရမ်းကြီးပြဿနာမရှိဘူးလို့သာ မှတ်ယူထားပါသည်။ဒါပေမယ့် လီချီရဲ့ နောက်ဆုံးစကားမှာ သူမရဲ့ လက်လွတ်စပယ် လုပ်ကိုင်မှုကိုသာမကဘဲ ရှန်ယန်ရှောင်ရဲ့ မိဘတွေကိုပါ ထိခိုက်ပြောဆိုသွားတာဖြစ်သည်။