၂၀၁၈
ဒီပနဲ့ချန်းတို့နှစ်ယောက်ရှိနေတဲ့အိမ်ရှေ့ကိုရောက်လာတော့ သူတို့နဲ့အတူသီချင်းတွေတီးဖြစ်ဆိုဖြစ်တယ်။ ပြီးရင်တော့ ဒီပကို ကျွန်တော် တောင်းဆိုစရာ ရှိပါတယ်။
ချန်းပြန်သွားလို့ ဒီပအိမ်ပေါ်တက်မယ်ပြင်တဲ့အချိန်က ကျွန်တော်ရဲ့တောင်းဆိုမှုကိုပြောပြဖို့အကောင်းဆုံးအချိန်လို့ ကျွန်တော်သတ်မှတ်တယ်။ ချန်းလည်းသိနေပြီသားကိစ္စဆိုသော်လည်း ဒီပရှက်သွားမှာစိုး၍ ချန်းပြန်သွားတဲ့အချိန်မှပြောဖို့ဆုံးဖြတ်လိုက်တာပင်။
"ဒီပ"
နောက်ကိုလှည့်ကြည့်လိုက်တဲ့ သူနဲ့ ရှေ့ကိုတိုးလာတဲ့ခဲ့တဲ့ကျွန်တော်။ သူ့ရဲ့ခန္ဓာကိုယ်အပူချိန်ကို ခံစားရနိုင်လောက်တဲ့အထိ ကျွန်တော်တို့နီးကပ်နေပါတယ်။
"ပြောလေ ကိုဝဏ္ဏ"
"ငါတို့ တွဲကြည့်ကြမလား"
"ဗျာ"
"ငါ့ကိုတွဲမှာလား"
ကျွန်တော့်အမေးကိုမဖြေခင်မှာ သူကျွန်တော်ရင်ခွင်ထဲအရင်တိုးလာပါတယ်။
"ကိုဝဏ္ဏကို ဖက်ချင်လို့" တဲ့။
အဲဒီလောက်ထိကျွန်တော့်ကိုချစ်ခဲ့တဲ့သူဟာ အခုတော့တစ်ခြားတစ်ယောက်ရင်ခွင်မှာတဲ့။ ကျွန်တော့်သူငယ်ချင်းရဲ့ရင်ခွင်ထဲမှာတဲ့။ ညကိုးနာရီလောက်ထဲကဟိုဘက်ခြံရှေ့မှာ သူငယ်ချင်းအရင်းခေါက်ခေါက်ကြီးက
ဂစ်တာတစ်လက်နဲ့ အချစ်သီချင်းလေးတွေတီးခတ်သီဆိုနေခဲ့တာ။ မနက်တုန်းက မတော်တဆကြားခဲ့ရတဲ့ ချန်းကြီးရဲ့ဝန်ခံစကားကို မကြားခဲ့ဘူးဆိုရင်တော့ သူ့ဂီတတေးသွားတွေဟာ စုမွန်အတွက်လို့ကျွန်တော်ထင်မိမှာပါ။ လွန်ခဲ့တဲ့နှစ်ပတ်လောက်က သူ့ခံစားချက်တွေကျွန်တော့်ကိုပြောပြသွားခဲ့ပေမယ့် ကျွန်တော်တမင်သဝန်တိုအောင်ပြောတယ်လို့ထင်ခဲ့တယ်။ အခုတော့...။ အခုတော့
ဟိုကလေးကို ချန်းတကယ်ချစ်နေတာသေချာသွားပြီပေါ့။ ချန်းချစ်မယ်ဆိုလည်းချစ်ချင်စရာပဲလေ။ ဒီပကမိန်းကလေးဖြစ်နေတဲ့ကျွန်တော့်ချစ်သူကလေးထက်တောင် ချစ်စရာကောင်းပါရဲ့။ ဒါကိုတော့ ကျွန်တော်ဝန်ခံပါတယ်။
YOU ARE READING
သူစိမ်း....သို့သော် [သူစိမ်း -၂] [U+Z] (completed)