ဝဏ္ဏ (၇)

339 34 37
                                    

ရှေ့မှာသူ့ကောင်လေးကိုချစ်ပြသည်းပြနေတဲ့သူငယ်
ချင်းဟာ ကျွန်တော့်အမြင်ထဲမှာတော့မျက်စိစပါးမွှေးစူးချင်စရာပါ။ ဒီကောင်လေးကိုသူပိုင်ကြောင်းဆိုင်ကြောင်း အဲဒီလောက်ထိကဲပြသင့်သလား။ သူ့ငယ်သူငယ်ချင်းနှစ်ယောက်လုံးကို ရှေ့မှာထားပြီးတော့လေ။ သူဒီလောက်ထိအကဲပိုပြတတ်မယ်လို့ ကျွန်တော်မထင်ခဲ့ဘူး။

"နှာလေးကိုရဲလို့ ကြည့်စမ်း ဘာရှက်စရာရှိလဲ ဗညားတို့က အကို့ဘော်ဒါတွေပဲဟာ"

အခုလည်းကြည့်ပါလား၊ကျွန်တော်တို့ကိုရှေ့မှာထား
ပြီးကောင်လေးရဲ့နှာတံကို ပွတ်သပ်ကျီစယ်နေတယ်။

"ဟုတ်တယ် ညီလေး အကိုတို့ကိုဘာမှရှက်နေစရာမရှိဘူး"

ဗညားဆိုတဲ့ကောင်ကြီးကလည်း မြှောက်ပေးနေတယ်။ သူမြှောက်လို့ပဲဟိုကရဲတင်းလာပြီးခပ်ဖွာဖွာဖြစ်ချင်နေတဲ့ ဒီပရဲ့ဆံသားတွေကိုပိုပွအောင်ထိုးဆွနေပြီ။မျက်နှာချင်းလည်းနီးနီးကပ်ကပ်။ ဘယ်
လောက်နီးသလဲဆို အခုလူရှေ့သူရှေ့မှာပဲ သူရည်း
စားကိုနမ်းတော့မယ့်အတိုင်း။

"အကို ဒီပအတွက်ခေါင်းအုံးမုန့်ဝယ်လာတယ်..."

ပြောပြောဆိုဆိုကျွန်တော်ထိုင်နေတဲ့ကုတင်ပေါ်မှာ
ချထားတဲ့သူ့ခရီးဆောင်အိတ်ထဲက မုန့်ထုပ်ကြီးကို
ဆွဲထုတ်လိုက်တယ်။ ပြီးတော့မုန့်ကိုသူကိုယ်တိုင်
ဖောက်လို့ ဟိုကလေးကိုခွံ့တောင်ကျွေးနေပြီ။ ကျွန်
တော်သိသလောက်ကောင်လေးလက်တွေအကောင်း
ကြီးပါ။

"ငချန်းက ရည်းစားမထားရင်မထားဘူးနော် ထားတော့လည်း သည်းတယ်ဟေ့"

လိုတာထက်ပိုအကဲဆတ်နေတာပါ။ ဒီစကားကိုတော့
စိတ်ထဲမှာသာ သိမ်းထားလိုက်ရပါတယ်။ ဗညားစကားကိုလည်း ကြိတ်ပြီးသာထောက်ခံရတယ်။

သူဘယ်လောက်ပဲချစ်ပြပါစေ၊ ကျွန်တော့်မျက်စိထဲ
မှာတော့ သူတို့အတွဲကမလိုက်ဖက်ဘူး။ တစ်ခုခု
လွဲနေသလိုပဲ။ ဘာလွဲလည်းတော့ ကျွန်တော်လည်း
မပြောတတ်ဘူး။

*****

သူရောက်လာတဲ့မနက်ဆယ်နာရီဝန်းကျင်ထဲက အခုညနေစောင်းတော့မယ့်အချိန်ထိ နှစ်ယောက်တပူးပူး
တတွဲတွဲဖြစ်နေတာကို ကျွန်တော်မနှစ်မြို့ချင်တော့
ဘူး။ တကယ်ဆို၊ ဒီနေ့တစ်နေ့လုံးအတွက်ကြိုတွေး
ထားတဲ့ကျွန်တော့်အစီအစဉ်ကို အကောင်အထည်
ဖော်နေရမှာမဟုတ်လား။ အခုတော့...။

သူစိမ်း....သို့သော် [သူစိမ်း -၂] [U+Z] (completed)Donde viven las historias. Descúbrelo ahora