ဒီပ (၁)

469 37 4
                                    

( flashback )

လွန်ခဲ့သော ၄နှစ် - ၂၀၁၄

သာမန်ဆောင်းတစ်ညနေ။လေးနာရီဝန်းကျင်ဖြစ်သောကြောင့် တောင်ကုန်း(ရွာ)အလယ်ပိုင်းမှာရှိသောဘောလုံးကွင်းတွင် ကျောင်းသားလေးတွေနှင့်ပြည့်လို့နေသည်။တစ်ချို့မှာ အိမ်နေရင်းအင်္ကျီလဲထားကြပြီး၊ တစ်ချို့မှာတော့ ကျောင်းစိမ်းနှင့် ထိုင်စရာခုံတန်းတွေပေါ်မှာ ကျောင်းလွယ်အိတ်၊ကျောပိုးအိတ်ကလေးတွေပုံချထားပြီး အတန်းစုံအရွယ်စုံစုပေါင်းဘောလုံးကန်နေကြသည်။

အားပေးသံ၊အော်ဟစ်သံများနှင့်သက်ဝင်လှုပ်ရှားနေသောဝန်းကျင်နှင့်ဆန့်ကျင်လျက် အရွယ်နှင့်မလိုက်အောင်တစ်ယောက်တည်း ထိုင်ပြီးငေးငိုင်နေသည့် ခြောက်တန်းကလေးတစ်ယောက်အနားကို အထက်တန်းကျောင်းသားတစ်ယောက် ရောက်လာသည်။

"ဒီပ ဘာထိုင်လုပ်နေတာလဲ ဒီနေ့ဝင်မကန်ဘူးလား အကိုတို့နဲ့အတူကန်လို့ရလောက်အောင် မင်းခြေစွမ်းတက်နေပြီလို့ မပြောဘူးလား"

ကလေးကကောင်လေးရဲ့အမေးကိုမဖြေသေးဘဲ လှုပ်လှုပ်ရှားရှားဖြစ်နေသည့် ကွင်းလယ်တစ်နေရာကိုသာအကြည့်ရောက်နေသည်။ပြီးတော့မှ ကောင်လေးကိုအဖြေပြန်ပေးသည်လေ။

"ခဏနေ ကန်မယ်လေ ကိုချန်း၊ ကိုချန်းရော"

"မင်းဝင်တဲ့အခါ ငါလည်းဝင်ကန်မယ်လေ"

ထိုကလေးငေးကြည့်နေသည့်သူမှာတစ်ခြားမဟုတ်။ ကောင်လေးရဲ့သူငယ်ချင်းအရင်းခေါက်ခေါက်ဖြစ်သူ ဝဏ္ဏပါပဲ။တစ်အောင့်နေတော့ ကလေးက ချန်းခင်ကိုတစ်ခုမေးလိုက်သည်။

"ကိုချန်းတို့ မကြာခင်တက္ကသိုလ်တက်ကြတော့မှာဆို အမပြောနေတာ ကြားလို့"

"နောက်နှစ်ရက်သုံးရက်နေရင် တက္ကသိုလ်စာသင်နှစ်တွေစပြီလေ ငါကတော့ တစ်ပတ်လောက်နေမှသွားတော့မယ်ရှေ့နှစ်ကအစ်ကိုတွေက လောစရာမလိုဘူးပြောတယ်"

"အော်...၊ကိုဝဏ္ဏလည်း အကိုနဲ့အတူတူလား"

"ဝဏ္ဏလား ဝဏ္ဏကငါ့လိုမော်လမြိုင်မှာမဟုတ်ဘူး ရန်ကုန်သွားတက်မှာ"

သူစိမ်း....သို့သော် [သူစိမ်း -၂] [U+Z] (completed)Where stories live. Discover now