A/N: NSFW/rated 18+
____________________________________________
Dress - Taylor Swift
_____________________________________________all the pieces fall right into place
getting caught up in the moment
- taylor swiftflashback to
(လွန်ခဲ့သောနှစ်နှစ် - ၂၀၁၆)အစ်ကိုတောင်းကုန်း(ရွာ)ကိုပြန်မလာတာ၂ပတ်လောက်ရှိပြီ။ဖေဖော်ဝါရီကုန်ဆုံးခါနီးဆိုတော့မတ်လစာမေးပွဲအတွက်စာလုပ်နေရလားမသိ။မစုကတော့အပတ်တိုင်းပြန်တာပဲ၊သူ့ရည်းစားကြီးရွာမှာရှိလို့ဖြစ်မယ်။ဒါဆိုရင်အိမ်မပြန်လာတဲ့ကိုချန်းကရည်းစားမရှိသေးဘူးထင်တယ်။ဒါမှမဟုတ်ကိုချန်းရဲ့ချစ်ရသူကမော်လမြိုင်သူဖြစ်လို့အိမ်ပြန်မလာတာလည်းဖြစ်ချင်ဖြစ်မယ်။
ကျွန်တော်ကတော့အစ်ကို့ကိုရည်းစားမရှိစေချင်သေးဘူး။ကောင်မလေးမရှိမှကျွန်တော်အပူကပ်ချင်သလိုကပ်လို့ရမှာလေ။မုန့်ဝယ်ကျွေးစေချင်တိုင်းမုန့်ကျွေးဖို့ပူဆာလို့ရတာပေါ့။အစ်ကိုကသဘောသိပ်ကောင်းတယ်လေ။
"မစု..."
သီချင်းဖွင့်ထားတဲ့လက်ကိုင်ဖုန်းကို စားပွဲပေါ်တင်ပြီးဧည့်ခန်းခုံပေါ်မှာဝတ္ထုစာအုပ်ဖတ်နေတဲ့အစ်မကိုလှမ်းခေါ်တော့ ကျွန်တော့်ကိုတော်ရုံပြန်မထူး။တစ်
ယောက်တည်းဖတ်ပြီးတစ်ယောက်တည်းပြုံးနေလို့အရူးကြီးနဲ့တောင်တူသေးတယ်။စာအုပ်နာမည်ကိုကျွန်တော်ဖတ်ကြည့်တော့"ချစ်သူလား...စကားတစ်ပွင့်ပွင့်ခဲ့တယ်"-ဂျူးတဲ့။ဘာကိုများကျေနပ်စရာကောင်းသလဲမသိ။"မစု"
ဒုတိအကြိမ်ပြန်ခေါ်တော့မှ"ဟေ"ဆိုပြီးထူးဖော်ရတယ်။
"ကိုချန်း ဘာလို့မပြန်တာလဲ သိလား"
သူတို့နှစ်ယောက်မော်လမြိုင်တက္ကသိုလ်မှာတက်ကြတာချင်းတူတယ်လေ။အထူးပြုဘာသာရပ်တော့မတူဘူးပေါ့။
"ဟဲ့ ချန်း ပြန်လာတယ်လေဟယ် နင်မသိဘူးလား"
"ဟင်"
ŞİMDİ OKUDUĞUN
သူစိမ်း....သို့သော် [သူစိမ်း -၂] [U+Z] (completed)