ဒီညမှအပြင်ထွက်ချင်တဲ့ဆန္ဒပေါ်လာပြီး ချန်းလည်းမရှိတော့ ဘယ်သွားရမှန်းမသိတဲ့ကျွန်တော်ဟာ ဘော်ဒါတွေလူပျိုလှည့်မယ်ဆိုလို့ လိုက်လာခဲ့လိုက်တယ်။ တက်ကြွနေတဲ့အပေါင်းအသင်းတွေထဲမှာ ကျွန်တော်တစ်ယောက်တည်း အူကြောင်ကြောင်နိုင်နေသလားမသိဘူး။ ပေါ့ပါးသွက်လက်နေတဲ့သူငယ်ချင်းတွေနဲ့မအပ်စပ်ဆို ကျွန်တော့်စိတ်တွေဘယ်ရောက်လို့ဘယ်ပေါက်နေမှန်း ကျွန်တော်ကိုယ်တိုင်တောင်မသိဘူး။
နေ့ခင်းတုန်းကဟိုကောင်လေးနဲ့ပြောဆိုဖြစ်တဲ့စကားလုံးတွေကို နားထဲပြန်,ပြန်ကြားနေခဲ့တာ။ကျွန်တော်ပျော်နေမှာပေါ့တဲ့။ အနေဝေးနေတဲ့ရည်းစားအလည်လာတော့မှာဆိုလို့ ကျွန်တော်ဝမ်းသာနေမှာပေါ့တဲ့။ အဲဒီစကားမှာမကျေနပ်စရာဘာရှိသလဲတော့ကျွန်တော်မသိဘူး၊ ဒါပေမယ့်ကျွန်တော်မကျေနပ်တာတော့သိတယ်။ သူ့ကိုလား၊ စကားလုံးအကြောင်းအရာကိုလား၊ ဒါလည်းမသိဘူး။ သေချာတာက သူငယ်ချင်းတွေနဲ့အတူသောက်ထားခဲ့တဲ့ အယ်ကိုဟော ကျွန်တော့်သွေးထဲမှာသိသိသာသာတိုးတက်လာတာပါ။
အဆင်မချောခဲ့တဲ့နေ့လယ်ကကွန်ဗာဆေးရှင်းအကြောင်းတွေးမိချန်းရဲ့အခြေအနေအကြောင်း
မပြောဖြစ်လိုက်တာကိုသတိသွားရတယ်။ညကိုးနာရီတော့ကျော်ခဲ့ပြီ။ ဝိုင်းကနေအိမ်လှည့်ပြန်ဖို့စိတ်ကူးတော့ တစ်စုံတစ်ခုကိုသတိထားမိတယ်။ အခုလောက်ဆိုချန်းကြီး သူ့ကောင်လေးကိုအကြောင်းစုံပြောပြီးရောပေါ့။ မဟုတ်ဘူးလား။ သူတို့ကသိပ်ချစ်ကြတဲ့ ချစ်သူတွေပဲဟာ။"ဟေ့ ဗညား မင်းကျောင်းမပြီးသေးဘူး မဟုတ်ဘူးလား"
အုပ်စုထဲမှာတက္ကသိုလ်စုံကောလိပ်စုံကလူတွေပါသလို ကျောင်းပြီးသွားသူရော၊ဘွဲ့ရတာကြာပြီဖြစ်တဲ့အစ်ကိုကြီးတွေရော ပါနေတယ်။ဗညားကတော့
ကျွန်တော်တို့နဲ့တစ်နှစ်ထဲ ဆယ်တန်းအောင်တဲ့တစ်ယောက်။ ကျွန်တော့်လိုကျောင်းပြီဆိုပေမယ့် မနှစ်ကသူစာမေးပွဲကျတဲ့အကြောင်း ချန်းပြောလို့သိခဲ့ရတယ်လေ။"အေးကွာ ကျောင်းကြီးကိုချစ်တော့ ဘွဲ့ကိုတစ်နှစ်ဆုတ်လိုက်ဦးမယ်လို့"
VOUS LISEZ
သူစိမ်း....သို့သော် [သူစိမ်း -၂] [U+Z] (completed)