၂၀၁၈
ချစ်သူကိုချစ်တဲ့အကြောင်းမပြောဘဲ၊တစ်ခြားတစ်ယောက်(သူ့မောင်)ကိုချစ်ကြိုက်ပါတယ်ဆိုပြီးလိမ်ညာထားရတာဆိုတော့စွန့်လွှတ်ထားတာနဲ့ တန်အောင်ကျွန်တော်အချိန်ဖြုန်းနေလို့မရ။ဒီပရဲ့အချစ်ရေးအခြေအနေတိုးတက်အောင်လုပ်မယ့် အစီအစဉ်အကြောင်းကြံစည်စဉ်းစားဖို့ ကျွန်တော့်ကိုယ်ကျွန်တော်အချိန်တိုင်းသတိပေးရတယ်။
ဝဏ္ဏရဲ့ခံနိုင်ရည်ကိုစမ်းသပ်ဖို့ ကျွန်တော်အစီအစဉ်ချထားပြီးသား။ ဒီပနဲ့ဝဏ္ဏနှီးစပ်စပြုခဲ့တဲ့ တောင်တက်ခရီးကို တစ်ဖန်ပြန်အသက်သွင်းဖို့ပေါ့။ ဝဏ္ဏကိုလည်း အစီအစဉ်ထဲဆွဲခေါ်ခဲ့ပြီ၊ သူလိုက်မှာသေချာနေပြီ။ကျွန်တော်လုပ်ဖို့ကျန်နေသေးတာက ဟန်ဆောင်ရည်းစားဇာတ်လမ်းကို ကျွန်တော်နဲ့ဒီပအကောင်အထည်ဖော်ဖို့ နှစ်ယောက်အတူ အသေးစိတ်စဉ်းစားထားဖို့လိုတယ်မဟုတ်လား။ဇာတ်ညွှန်းရေးကြဖို့ပေါ့လေ။ ဆိုတော့ ဒီပကိုဖုန်းဆင့်ခေါ်ရတယ်။
"အေး ဒီပ၊အိမ်လာခဲ့ ပြောစရာရှိလို့၊ ငါ့ဆီလာတယ်ဆိုတာကို ဝဏ္ဏသိသွားအောင်လုပ်ဦးနော်"
"ဗျာ"
"ဒီလိုကွာ ငါ့အိမ်မှာနေ့ခင်းဆို လူကြီးမရှိတာ၊ခြံထဲသွားတာ ဝဏ္ဏသိတယ်လေ၊ မင်းအိမ်ကမလွတ်လပ်တော့ ငါတို့နှစ်ယောက်လွတ်လွတ်လပ်လပ်ရှိတဲ့နေရာမှာ နှစ်ယောက်အတူရှိမယ့်အကြောင်း ဒီကောင်ကိုမသိမသာအသိပေးလိုက်တာမျိုးပေါ့"
"ကျွန်တော်က သူသိအောင်ဘယ်လိုသွားပြောရမလဲ
ကိုချန်း""ဘာကိုချန်းလဲ အကိုလို့ခေါ်ဆို"
"သူကြားမှာမှမဟုတ်တာဘဲ ကိုချန်းကလည်း၊ ကျွန်တော်တို့ကခြံချင်းကပ်ဆိုပေမယ့် ခြံနှစ်ခြံကြားမှာတော်တော်ခြားသေးတယ်လေ"
"ဟိုကောင် ကြားကြား မကြားကြား အကိုလို့ပဲခေါ် ကြားလား"
"အင်းပါဗျာ ခေါ်ပါ့မယ်၊ကျွန်တော် အကို့ဆီလာတာသူသိအောင် ကျွန်တော်ဘယ်လိုလုပ်ရမှာတုန်း"
"စုမွန်အိမ်မှာရှိတယ်မလား အဝတ်စားလဲလာလိုက် သိပ်မသိမသာတဲ့ဟာပေါ့ မသိမသာဆိုပေမယ့် သိတော့သိပါစေ၊ မင်းကိုမြင်ရင်စုမွန်တခုခုမေးမယ့်အဝတ်အစားမျိုးကွာ သူနဲ့စကားကြောရှည်အောင် သူမရစ် ရစ်အောင် ရှက်သလိုလိုကြောက်သလိုလိုလုပ်လိုက် စုမွန်စကားပြောတဲ့လေသံကို ငါတို့သိတာပဲလေ အလုပ်ဖြစ်မှာပါ"
YOU ARE READING
သူစိမ်း....သို့သော် [သူစိမ်း -၂] [U+Z] (completed)