Sequelတို့prequelတို့ဆိုတာကိုယ်ကြိုက်တဲ့ရုပ်ရှင်၊စာပေတွေထဲကချစ်ရတဲ့ဇာတ်ကောင်တွေနဲ့ဒုတိယအကြိမ်၊တတိယအကြိမ်ပြန်ဆုံရတာမျိုးဆိုတော့
Sequelရုပ်ရှင်တွေprequelတွေကိုကျွန်တော်ကိုယ်တိုင်က တော်တော်ကြိုက်ပါတယ်။အကောင်းဆုံးtime travel ရုပ်ရှင်လို့ကျော်ကြားတဲ့ Back to The Future ရုပ်ရှင်ဆိုလည်း I ကိုကြိုက်ရသလို နောက်ဆက်တွဲ II, III ကိုလည်းသဘောကျလိုက်ရတာမှ။ Diseny animated ကားတွေဆိုလည်း ဝေဖန်ရေးဆရာတွေမကောင်းဘူး၊မူလရုပ်ရှင်ကိုဖျက်တယ်လို့ဝေဖန်ကြပေမယ့် ကြိုက်တာပဲ။ Cinderella II, III တို့၊ Little Mermaid II, III တို့လေ။Cinderella တို့ Ariel တို့ဆိုတာငယ့်ငယ်လေးထဲကကြိုက်ခဲ့ရတဲ့ဇာတ်ကောင်တွေဆိုတော့ ရုပ်ရှင်ပညာသဘောတရားအရဘယ်လောက်ပဲမူရင်းမမီပါစေဦး
ပရိသတ်တစ်ယောက်အနေနဲ့ ကြိုက်နိုင်တာပေါ့။တစ်ချို့ဒီနောက်ပိုင်းမှကြည့်ဖြစ်
တဲ့ကားအသစ်တွေဆိုရင်တော့ ဒုတိယအတွဲ၊တတိယအတွဲတွေမှာ ပထမတွဲကဇာတ်ကောင်တွေကိုပြန်တွေ့ရလို့ သဘောကျပေမယ့် မူရင်းလောက်မကြိုက်တာတွေ၊တခါတလေမူရင်းကြည့်တုန်းကခံစားချက်တွေကိုအနှောက်အယှက်သွားပေးတာတွေရှိတတ်တော့ sequel,prequel နဲ့ပက်သက်ရင် ကြိုက်တဲ့စိတ် နဲ့ မူရင်းအရသာပျက်မှာစိုးရိမ်တဲ့စိတ်, စိတ်နှစ်မျိုးဟာတွဲနေတာပဲ။ဒါကြောင့်ပဲ "သူစိမ်း" ကိုဒုတိယတွဲရေးချင်လိုက်၊ မရေးဖို့လုပ်လိုက်နဲ့ complete ဖြစ်သွားတဲ့ 2018 November ကနေဒီနေ့ထိပါပဲ။ မရေးဖြစ်ဘူးဆိုပေမယ့် စိတ်ထဲမှာတော့ရေးနေတာပေါ့။ အခုဒီ သူစိမ်း၂ ကလည်းစိတ်ကူးထဲခဏခဏရေးကြည့်ဖြစ်တဲ့ဇာတ်လမ်းတွေထဲကတစ်ခုပေါ့။ မူရင်းကိုဖျက်စီးသလိုဖြစ်သွားမလားဆိုတဲ့စိတ်ကိုအတတ်နိုင်ဆုံးဖျောက်ပြီးရေးပါ့မယ်။ "သူစိမ်း"နဲ့မတူ,တူအောင်ရေးမယ်ဆိုတဲ့စိတ်လည်းမေ့ထားပြီးတော့ေပါ့။
စာဖတ်သူတစ်ယောက်ကလည်း အတွေးတွေ၊ခံစားချက်တွေ ကန့်သတ်မထားသင့်ဘူးလို့ ကျွန်တော့်ကိုပြောပြဖူးတော့ ဒုတိယတွဲရေးဖြစ်တာရယ်။
အတွဲ၁ဖတ်ထားတာကြာနေပြီမလို့ တော်တော်များများမေ့နေလောက်ပါပြီ။ ပြန်ဖတ်ပေးရင်ကျေးဇူးတင်မိမှာပါ၊ ဒါပေမယ့် အချိန်မရလို့ပဲဖြစ်ဖြစ် ၂ကနေပဲဆက်ဖတ်ချင်တာမျိုးဖြစ်ဖြစ် ဇာတ်လမ်းပြန်မှတ်မိအောင် အကျဉ်းလေးပြောပြပါရစေ။
ခံစားချက်ဆိုတာဘာလဲသေချာမသိသေးတဲ့ အလယ်တန်းကျောင်းသားအရွယ်ကတည်းက အစ်ကိုကြီးဝဏ္ဏကို အစ်ကိုထက်ပိုချစ်နေတဲ့ ဒီပ။
ဆယ်တန်းပြီးကတည်းက မတွေ့ခဲ့ရတဲ့ ကောင်လေးတစ်ယောက်ဟာ သူ့အိမ်နဲ့ကပ်ရက်တစ်ဖက်ခြံမှာနေကြောင်းသိကာ ကောင်လေး(ဒီပ) နဲ့ရင်းနှီးလာခဲ့တဲ့ ဝဏ္ဏ။
ဝဏ္ဏလိုအမှတ်တမဲ့မဟုတ်ဘဲ ဒီပကိုဟိုးငယ်ငယ်လေးထဲက ညီလေးအရင်းတစ်ယောက်လိုတွယ်တာလာပြီး၊ ဝဏ္ဏထက်လည်း ဒီပနဲ့အနေပိုးနီးတဲ့ ဝဏ္ဏသူငယ်ချင်း ချန်းခင်။
သူ့အပေါ်ထားတဲ့ ဒီပရဲ့ခံစားချက်ကို သိပြီးသွားတဲ့နောက် ရည်းစားလိုနေကြည့်ဖို့တောင်းဆိုခဲ့တဲ့ ဝဏ္ဏဟာ မကြာခင်မှာပဲ ဒီပနဲ့လမ်းခွဲဖို့ဖြစ်လာခဲ့တဲ့အခါ။ တစ်ဖက်မှာလည်း သူတို့နှစ်ယောက်ဇာတ်လမ်းကို ဘေးကနေထိုင်ကြည့်လာတဲ့ ချန်းခင်ကလည်း ဒီပကိုစိတ်ဝင်စားနေတဲ့အကြောင်း ဝဏ္ဏကိုပြောပြလိုက်ပြီး ဒီဇာတ်လမ်းထဲကိုကိုယ်တိုင် ဝင်ပါလာတဲ့အခါ။
အဲဒီနားမှာပဲ ပေးထားတဲ့ fic နာမည်နဲ့လိုက်အောင် ကျွန်တော် ဇာတ်သိမ်းပေးခဲ့မိပါတယ်။ ဝဏ္ဏက ဒီပကို တကယ်ချစ်သွားသလား၊ ဝဏ္ဏကြောင့်ခံစားနေရတဲ့ ဒီပကို ချန်းကနှစ်သိမ့်ပေးမှာလား ဆိုပြီးစာဖတ်သူဘက်ကို မေးခွန်းအများကြီးပေးပြီး ဇာတ်သိမ်းလိုက်သလိုဖြစ်ခဲ့ပါတယ်။
ဒီ သူစိမ်း-၂ မှာတော့ အပေါ်မှာပြောပြခဲ့တဲ့မေးခွန်းနှစ်ခုကို အဖြေပေးတာရယ် ၊ တန်းလန်းရပ်သလိုဖြစ်ခဲ့တဲ့ ဇာတ်လမ်းကို သေသေချာချာလေးဇာတ်သိမ်းပေးချင်တာပါ။
ပထမတစ်ခုလောက်မကြိုက်ရင်တောင် အရမ်းကြီးမနှစ်သက်တာမျိုးမဖြစ်သွားရအောင် ကြိုးစားရေးပါ့မယ်နော်။
Love, Hanrik@GoodSoup
YOU ARE READING
သူစိမ်း....သို့သော် [သူစိမ်း -၂] [U+Z] (completed)