ဝဏ္ဏ (၁၅)

291 32 26
                                    

flashback to (၂၀၁၈)

တက္ကသိုလ်ရောက်သွားတည်းကအတွေးထဲမှာရံဖန်
ရံခါအမှတ်တရရှိနေတတ်တာကလွဲရင် တောင်ကုန်း
(ရွာ)နဲ့သံဖြူဇရပ်ဟာကျွန်တော့်အတွက်တော့နေရာဟောင်းပါပဲ။ကြီးပြင်းခဲ့ဖူးတဲ့နေရာဟောင်းပေါ့လေ။မြို့ပြဆိုတဲ့အပြောင်းအလဲအသစ်နဲ့နေသားကျသွား
တဲ့အခါကျွန်တော့်အာရုံထဲကအိမ်ဆိုတာကျောင်း
တက်ခဲ့ဖူးတဲ့ရန်ကုန်ဖြစ်နေတာပါ။အခုကိုယ့်ဇာတိကိုပြန်ရောက်တယ်ဆိုပေမယ့်၊ဒါဟာခဏတာအခြေ
အနေပဲလို့ကျွန်တော်တွေးထားတယ်။ကျောင်းပြီးခါစ,ကာလနဲ့လုပ်ငန်းခွင်အကူးအပြောင်းချောမွေ့သွားတဲ့အခါ အခုနေ,ဖြစ်တဲ့မိဘအိမ်(အဖေ့)အိမ်ကိုနောက်ထပ်တစ်ခါပြန်ပြီးကျောခိုင်းရဦးမှာပါ။အား
လပ်ရက်တွေ၊ရုံးပိတ်ရက်တွေ၊ ရာသီပွဲတော်ရက်တွေနဲ့ကြုံရင်တော့အလည်လာဖြစ်ရင်လာဖြစ်မှာပေါ့။

အမြဲတမ်းအတွက်နေထိုင်သွားဖို့စိတ်ကူးမရှိပေမယ့်ရောက်နေတုန်းမှာတော့ ဒီဒေသဟာစိတ်ရဲ့နွေးထွေးမှုကိုပေးပါတယ်။

"ကိုဝဏ္ဏ ဘာတွေစဉ်းစားနေတာလဲ"

ဇွဲကပင်တောင်တက်လမ်းတစ်လျှောက်ရဲ့စိမ်းလန်းပုံကိုကြည့်ပြီးအတွေးလွင့်နေဆဲမှာကျွန်တော့်နားကိုကောင်လေးတစ်ယောက်ရောက်လာပါတယ်။ကျွန်တော်တို့ဘေးအိမ်ကချာတိတ်။ကျွန်တော့်သူငယ်ချင်းစုမွန်ရဲ့မောင်ဆိုလည်းဟုတ်တယ်။

သူ,ငယ်ငယ်တုန်းကချန်းခင်နဲ့ကျွန်တော်ဘောလုံးသင်ပြပေးဖူးတဲ့ကောင်လေးဆိုပါတော့။အခုဒီတောင်တက်ခရီးကိုလိုက်လာဖြစ်တာလည်း သူငယ်
ချင်းတွေရဲ့ဖိတ်ခေါ်မှုအပြင်သူ့ရဲ့တောင်းဆိုမှုကြောင့်လည်းပါတယ်။

"အော်... ဒီဒေသက ရန်ကုန်နဲ့မတူဘူးဆိုတဲ့အကြောင်းပါကွာ ဟိုမှာလည်းအပင်တွေရှိပေမယ့်
ဒီကသစ်ပင်တွေလောက်မစိမ်းလန်းဘူးလေ"

ရန်ကုန်မှာရှင်သန်ရတဲ့အဖြစ်ဟာဘယ်လိုမျိုးလဲဆိုပြီးကျွန်တော့်ကိုစိတ်ဝင်တစားသူမေးပါတယ်။ပြီးတော့

"ကိုဝဏ္ဏ ရန်ကုန်မှာပိုပျော်မှာပေါ့ နောက်ပြီးကျရင်ပြန်သွားမှာလား"

သူစိမ်း....သို့သော် [သူစိမ်း -၂] [U+Z] (completed)Donde viven las historias. Descúbrelo ahora