(တနင်္ဂနွေ)
ကိုယ်ချစ်နေတဲ့လူဆီကမျှော်လင့်စောင့်စားနေတဲ့အချစ်ကိုရရှိသွားခဲ့ရင်အရာရာဟာရိုးရှင်းသွားလိမ့်မယ်ဆိုပြီးကျွန်တော်ထင်ခဲ့ဖူးတယ်။ တကယ်တမ်းလက်တွေ့မှာတော့မရိုးရှင်းရုံအပြင် ပိုလို့တိုးလို့တောင်ရှုပ်ထွေးနေတယ်။ ချစ်ရခြင်းမှာအပူအပန်
ကင်းမယ်ဆိုပြီးမျှော်လင့်မထားခဲ့ပေမယ့်လည်း အခုလောက်ထိစိတ်မောနေရမှာကို ကျွန်တော်ကြို
မသိခဲ့ပါဘူး။ချစ်ရခြင်း။ တကယ်တော့သူကျွန်တော့်ကိုချစ်ပါတယ်ဆိုပြီးပြောမှမပြောခဲ့ဖူးဘူးပဲ။ ကျွန်တော်တို့နှစ်ယောက်ရဲ့ဆက်ဆံရေး အခြေအနေကိုကျွန်တော်ကိုယ်တိုင်တောင်မသိတော့ပါဘူး။
သူကျွန်တော့်ကိုချစ်နေသလား။ကျွန်တော့်ကိုချစ်သူရည်းစားတစ်ယောက်လို သဘောထားသလား။ ဒါမှမဟုတ် ကျွန်တော်တို့နှစ်ယောက်ကြားမှာလိင်ကိစ္စပက်သက်မှုသပ်သပ်ပဲရှိသလား။ sex ဆိုတာကိုဖယ်လိုက်ရင်ကျွန်တော်တို့နှစ်ယောက်မှာ ဆက်ဆံရေးတစ်ခုရှိမှရှိနေပါဦးမလား။ ကျွန်တော်ဘာမှမဖြေနိုင်ဘူး။ ကျွန်တော်က ဒီမေးခွန်းတွေကိုဖြေပေးနိုင်တဲ့သူမှမဟုတ်တာဘဲ။
အစ်ကို့ကိုမေးမှသိနိုင်မယ့်အကြောင်းအရာတွေလေ။ အစ်ကိုဖြေမှရမယ့်မေးခွန်းတွေပါ။ ခက်တာကကျွန်တော်အစ်ကို့ကိုမမေးရဲဘူး။ ကျွန်တော့်မှာမေးပိုင်ခွင့်ရှိလား။ ရှိမယ်ထင်တယ်။သာယာမှုအတွက်သာကျွန်တော်နဲ့ပက်သက်နေတယ်ဆိုရင်တောင် ကျွန်တော့်မှာသိခွင့်ရှိတယ်မဟုတ်လား။ ပြဿနာကကျွန်တော့်မှာ ခက်ခဲတဲ့အရာကိုရင်ဆိုင်နိုင်တဲ့ အင်အားမရှိသေးဘူး။
ရင်ဆိုင်ဖြေရှင်းလိုက်လို့ ပက်သက်မှုတစ်စွန်းတစ်စပဲရှိနေတဲ့ဆက်ဆံရေးသာပျက်စီးသွားခဲ့ရင် ကျွန်တော်ခံနိုင်ရည်ရှိမှာမဟုတ်ဘူး။ ဒါကိုကျွန်တော်သိတယ်။
ချစ်တယ်ဆိုတဲ့ခံစားချက်မှာ ကြည်နူးရခြင်းနဲ့နာကျင်ရခြင်းနှစ်ခုပေါင်းစပ်နေတတ်သလား။ ကျွန်တော့်ကိုသူ့ကောင်လေးပါလို့သုံးနှုန်းလိုက်ရင် ရန်ခုန်ရသလို၊ ကောင်လေးနဲ့ချစ်ရသူဆိုတဲ့စကားလုံးနှစ်လုံးရဲ့ကွဲပြားမှုကို စဉ်းစားမိရင် ရင်မောရတာပဲ။
ESTÁS LEYENDO
သူစိမ်း....သို့သော် [သူစိမ်း -၂] [U+Z] (completed)