ချန်းခင် (၁၅)

251 33 42
                                    

သောကြာ

မနက်၇နာရီ။ဒီပကတော့အိပ်ပျော်ကျနေတုန်း။
အရင်တုန်းကဆိုရင်တော့အဆောင်ရှေ့ထိစက်ဘီးနဲ့လာရောင်းတတ်တဲ့ပဲပြုတ်၊နံပြား၊အီကြာကွေး၊ပဲကတ္တီပါတစ်ခုခုရွေးပြီး သူ့ကိုတစ်ရက်တစ်မျိုးဝယ်ကျွေးဖြစ်ပါတယ်။သူကြိုက်တယ်ဆိုတဲ့ထိုင်နေကျလက်ဖက်ရည်ဆိုင်ကလက်ဖက်ရည်ကျစိမ့်ရောပေါ့။တာဝန်တွေကိုကျွန်တော်ပျက်ကွက်ခဲ့တာဒီနေ့နဲ့ဆို၇ရက်တိတိရှိပါပြီ။ဗုဒ္ဓဘူးမနက်ထိအိမ်ပြန်ရောက်နေတာဆိုတော့ ထားပါ။ဒါပေမယ့်အဆောင်ပြန်ရောက်လာတဲ့အချိန်မှာလည်းကျွန်တော်ပျက်
ကွက်နေခဲ့ပါတယ်။ဒါဟာမေ့လျော့စိတ်ကြောင့်မဟုတ်ဘဲ သိသိရက်နဲ့မလုပ်ဆောင်မိအောင်ခက်ခက်ခဲခဲ မျိုသိမ့်ရတာပါ။

ကျွန်တော့်ပယောဂကြောင့်အရင်လိုမလန်းဆန်းတော့တဲ့မပြုံံးမမဲ့,မျက်နှာကို ကျွန်တော်ထိုင်ကြည့်နေနိုင်တာတော့မဟုတ်ဘူး။ရင်ထဲမှာတဆစ်ဆစ်နာကျင်ရတာပါ။ဒါပေမယ့်စုမွန်ပြောသလိုတစ်
သက်လုံးနီးဖို့အတွက်၊တစ်သက်လုံးဒီပကိုစိတ်ချမ်း
သာအောင်ထားဖို့အတွက် ခဏလောက်တော့ကျွန်တော်တို့ ဒုက္ခခံရမယ်မဟုတ်ဘူးလား။ရက်
သတ္တပတ်၁ပတ်လောက်ပါပဲ၊၇ရက်ပြည့်လို့မှမျှော်
လင့်ထားသလိုဖြစ်မလာခဲ့ရင် နကိုယ်အတိုင်းပြန်
နေတော့မယ်လို့ကျွန်တော်ဆုံးဖြတ်ထားတယ်။ အဲဒီထက်ပိုပြီးကျွန်တော့်ညီလေးကိုမညှင်းဆဲလိုပါဘူး။မညှင်းဆဲရက်ဘူးလေ။

"ဟေ့ကောင် ဗညား ခဏထဦးကွာ"

ဗညား စောစောစီးစီးထနိုးတဲ့အကျင့်မရှိတာကိုကျွန်တော်သိပါတယ်။ဒါ‎ပေမယ့်သူမှမကူရင်လည်းမဖြစ်တော့လို့ အားနာနာနဲ့ပဲ အစောကြီးလာနှိုးရတာပါ။အခန်းတံခါးကိုသိပ်မကျယ်သွားအောင်ခေါက်တော့ အိပ်ချင်မူးတူးနဲ့တံခါးလာဖွင့်ပေးတယ်။

"ဘာလဲ ချန်းရာ မင်းဟာကလည်း အစောကြီးရှိသေးတာကိုကွာ"

"စောမှန်းသိပါတယ်ကွာ ခေါ်လိုက်ရတာလဲစိတ်မကောင်းပါဘူး ဒါပေမယ့်မင်းကူမှဖြစ်မှာမို့လို့ပါ"

"ဘာကိုလဲ"

ဗညားကမျက်လုံးတွေကိုလက်ခုံးနဲ့ပွတ်ပြီးသန်းလိုက်သေးတယ်။

သူစိမ်း....သို့သော် [သူစိမ်း -၂] [U+Z] (completed)Donde viven las historias. Descúbrelo ahora