ချန်းခင် (special chapter)

313 31 27
                                    

A/N: NSFW/ rated 18+
_____________________________________________

False God - Taylor Swift (Ryan Hurd Cover)

_____________________________________________

curve your name into my bed pose,
cause i don't want you like a best friend
- taylor swift

ရနံ့။ဘာအနံ့ပါလိမ့်။ရေကူးကန်တွေသွားရင်ရတတ်တဲ့chlorine အနံ့လည်းရတယ်။ creamy paper စက္ကူဝါဝါလေးတွေပါတဲ့စာအုပ်အသစ်ရဲ့အနံ့လည်းဟုတ်တယ်။ဝါးရုံတောထဲရောက်ရင်ရှုရှိုက်မိသွားမယ့်လတ်ဆက်တဲ့ဝါးနံ့လည်းပါတယ်။Bakery ဆိုင်တွေမှာရနေတတ်တဲ့Vanilla အနံ့လေးလည်းရောတယ်။ ဂျပန်Green Teaတွေထဲမှာမွှေးရတတ်တဲ့လက်ဖက်ရွက်ရဲ့ရနံ့လည်းပါသေးတယ်။ပြီးတော့ ကျွန်တော်အဓိပ္ပါယ်မဖွင့်တတ်တဲ့နာမည်စဉ်းစားလို့မရတဲ့ရနံ့လေးတစ်စုံ။

ရူးကြောင်ကြောင်နိုင်သလားမပြောတတ်ဘူး။စော
စောကရနံ့တွေအားလုံးကိုတစ်ပြိုင်နက်တည်းရနေသလို တစ်ခုစီကိုလည်းသဲသဲကွဲကွဲခံစားလို့ရတယ်။အဲဒီရနံ့တွေအားလုံး ကျွန်တော့်မျက်နှာနဲ့တော်တော်လေးနီးကပ်နေတဲ့ဒီပရဲ့ချောမွတ်တဲ့မျက်နှာပြင်ကနေလာတာလေ။ပြီးတော့ ကျွန်တော့်နှုတ်ခမ်းနဲ့
အကြာကြီးတွယ်ကပ်နေခဲ့တဲ့နှုတ်ခမ်းပါးပါးလေးဆီကရော။

အစောဦးပိုင်းကလိုမတ်ရပ်နေတာမျိုးမဟုတ်ဘဲနှစ်ယောက်လုံး ကျွန်တော့်ကုတင်ထောင့်စွန်းနားမှာထိုင်နေကြတာပါ။ နှုတ်ခမ်းနှစ်စုံတစ်သားတည်းဖြစ်နေတယ်။ ကျွန်တော့်လက်ဖဝါးနှစ်ဖက်လုံးကတော့သူ့မျက်နှာသေးသေးလေးကို ဖွဖွလေးကိုင်ထားခဲ့တာ။ဒီပရဲ့မျက်နှာလေးကိုလက်ဖဝါးနှစ်ဖက်လုံးမြှောက်
ပင့်ပြီးမှ နမ်းရှိုက်ရတာကို ကျွန်တော်ပိုအားရသလို။

ခေါင်းကိုမော့ထားရသလိုခါးကိုဆန့်ထားရတော့သူညောင်းနေမလား။သူ့လက်ဖဝါးတွေကတော့ကျွန်တော့်ခါးကိုစိုးစိုးပိုင်ပိုင် ဖက်ထားလျက်သား။

ကျွန်တော်ကျိမ်ပြီးပြောရဲပါတယ်။ဒီပကကျွန်တော့်ရဲ့ first kiss ဆိုတာကိုလေ။

သူစိမ်း....သို့သော် [သူစိမ်း -၂] [U+Z] (completed)Where stories live. Discover now