(flashback)
လွန်ခဲ့သော ၁နှစ် - ၂၀၁၇စာမေးပွဲမပြီးခင်တစ်ပတ်အလိုတုန်းက တက်တက်
ကြွကြွရှိခဲ့တဲ့ကောင်လေးဟာ ဆယ်တန်းစာမေးပွဲကြီးလည်းပြီးရောသူမဟုတ်တော့တဲ့အတိုင်း၊အငြိမ်
ကြီီးငြိမ်နေတယ်။တစ်နေ့တစ်နေ့ ကိုရီယားဇာတ်
လမ်းတွဲကြည့်ရင်ကြည့်၊ မဟုတ်ရင်တစ်ယောက်ထဲထိုင်ပြီးမှိုင်တွေနေတတ်တာ။ ဘာကိုအလိုမကျသလဲတော့မသိဘူး၊တစ်ခုခုကိုအလိုမကျဖြစ်နေတာသေ
ချာတယ်။စာမေးပွဲမဖြေခင်သုံးလေးလ,ကာလပတ်လုံး ကျောင်းနဲ့အိမ်၊အိမ်နဲ့ night study camp ကူးလူသွားလာရလို့ဆိုပြီးညည်းခဲ့တဲ့သူ။ သူ့အဘွားဆီပေးမသွားတာကိုလည်း အကြီးအကျယ်စိတ်ခုပြီး တစ်အိမ်လုံးနဲ့စကားမပြောခဲ့ဘူး။အမေတို့ကတော့မြေးကိုအလိုလိုက်တဲ့အဘွားအကြောင်းသိလို့ကို, မသွားဖို့တားမြစ်ခဲ့ကြတာ။အဲဒီတုန်းကအဘွားဆီမသွားရလို့မိသားစုဝင်အား
လုံးကိုမကျေမချမ်းဖြစ်ခဲ့သလောက်၊ အခုလွတ်လွတ်ရှိသွားပြီ၊သွားလိုတဲ့နေရာဆီသွားနိုင်ပြီ
ဆိုတဲ့အခါကျတော့ အိမ်ထဲကနေအိမ်အပြင်တောင်
မဆင်းတော့ဘူး။ မထူးဆန်းလွန်းဘူးလား။"ဟဲ့ စာမေးပွဲမပြီးခင်တုန်းကတော့ အဘွားအိမ်
မလွှတ်လို့ နင်ကငါတို့ကို မကျေနပ်ဘူး အခုစာမေး
ပွဲဖြေပြီးပြီလေ ဘာလို့မသွားလဲ ဘာလဲ အဘွားနဲ့စိတ်ကောက်နေကြတာလား"အရင်တည်းကအစ်မကိုရိုသေတတ်သူမဟုတ်သော်
လည်း အခုလောက်ထိပြန်မပြောနားမထောင်မလုပ်ဖူးဘူး။ ကိုယ်နဲ့ကမျက်နှာကြောသိပ်မတည့်ချင်ဘူးဆိုပေမယ့် မေးရင်ပြောဖော်တော့ရသေးတယ်။ အခုတော့ တီဗွီရှေ့ကြမ်းခင်းပေါ်ထိုင်ကြည့်နေတဲ့သူရဲ့အနောက်က ဧည့်ခန်းခုံပေါ်ကနေမေးတာကို ဖြေလည်းမဖြေသလို၊လှည့်တောင်မကြည့်။ဒီကောင်လေး တစ်ခုခုဖြစ်နေတာ သေချာပါတယ်။
"မစု အဲဒါဘာလုပ်တာလဲဗျာ အလာကားနေရန်မဖြစ်ချင်စမ်းပါနဲ့"
လူကြီးကိုမထီမဲ့မြင်လုပ်နေလို့ သူကြည့်နေတဲ့တီဗွီကိုပလက်ပေါက်ကနေဆွဲဖြုတ်ပေးလိုက်တယ်။
"ငါမေးတာဖြေစမ်း နင်, မဖြေရင်ဇာတ်လမ်းတွဲဆက်ကြည့်ရမယ် မထင်နဲ့နော် နင်တစ်ခုခုဖြစ်နေ
တယ်မလား"
YOU ARE READING
သူစိမ်း....သို့သော် [သူစိမ်း -၂] [U+Z] (completed)