"ငါမင်းကိုချစ်နေတုန်းပဲ ငါမင်းကိုချစ်တယ် ဒီပ..."
အသည်းယားလွန်းလို့ဒီပရဲ့ခန္ဓာကိုယ်သေးသေးလေးကိုကျွန်တော်ဖက်ထားလိုက်ပါတယ်။ပြီးတော့မှခွင့်ပြုမရသေးတာကို အမှတ်ရသွားတယ်။
"ဆောရီး...ငါမင်းကိုလွမ်းလွန်းလို့ပါကွာ"
လက်မောင်းနှစ်ဖက်ကိုညင်ညင်သာသာလေးဆွဲကိုင်ပြီးငုံ့ကြည့်နေတဲ့ကျွန်တော့်ကိုသူဘာမှမပြောသေး။ခေါင်းကိုတော့လွမ်းတယ်လို့ပြောလိုက်တည်းက ငုံ့သွားခဲ့တာပါ။
တော်တော်ကြာ(စိတ်ထင်၅မိနစ်လောက်ရှိ)တော့မှကျွန်တော့်မျက်နှာကိုမော့ကြည့်လာတာ။
"ဒီတစ်ခါတော့ အကို့ကိုမရက်စက်ဘူးမလားဟင်"
သူ့ဆီကထွက်ကျလာမယ့်စကားလုံးတွေကိုကျွန်တော်ရင်တထိတ်ထိတ်နဲ့နားထောင်နေရတယ်။
"ဒီပ...အကို့ကိုအဖြေပေးဦးလေကွာ"
ကျွန်တော်နဲ့မျက်လုံးချင်းဆုံနေတဲ့မျက်ဝန်းတစ်စုံမှာအရောင်လက်သွားသလိုပဲ။နှုတ်ခမ်းကွေးမသွားပေမယ့်သူ့မျက်လုံးတွေထဲမှာအရောင်တွေဖြတ်ပြေးသွားတယ်။ဒါသေချာတယ်။
ရင်တွေလည်းဒုန်းစိုင်းနေတာပဲ။ရိုလာကိုစတာအမြင့်ကြီးစီးရသလိုလေ။
"ကျနော်...."
ကဲ...ပြောလိုက်ပါတော့ကွာ...မင်းလည်းကိုယ့်ကိုအရမ်းချစ်တယ်ဆိုတာကိုပြောလိုက်ပါတော့...။
"အကို့ကို ချစ်လား အကို့ကို ဒီပချစ်တယ်မလား"
သူ့ရဲ့လက်မောင်းနှစ်ဖက်ကိုမြဲမြဲကိုင်ပြီး,မျက်နှာကိုငုံ့ကြည့်နေတဲ့ကျွန်တော့်ကိုပေးလာမယ့်အဖြေကို ရင်ခုန်လှုပ်ရှားစွာနားစိုက်ထောင်ဖြစ်တယ်။
မျက်နှာလေးကိုအနုစိတ်ငေးကြည့်နေတဲ့အချိန်မှာသူ,ခေါင်းညိတ်ပြနေတာကိုမြင်တဲ့အခါဒီပရဲ့ခန္ဓာ
ကိုယ်သေးသေးလေးကိုကျွန်တော့်ရင်ခွင်ထဲဆွဲထည့်ထားလိုက်မိပြီ။ကျွန်တော့်အသံထဲမှာအသံလှိုင်းတွေမငြိမ်တာကိုသူသတိထားမိမှာပါ။ကျွန်တော့်ရင်ဘတ်ဆီကတုန်ခါမှုတွေဟာလည်းဒီပဆီကိုကူးစက်ကုန်ပြီထင်ပါရဲ့။
YOU ARE READING
သူစိမ်း....သို့သော် [သူစိမ်း -၂] [U+Z] (completed)