extra 3 : sugar, smoke rings and a fool

331 24 16
                                    

flashback
(လွန်ခဲ့သော ၁လ)

သုံးလကျော်ကျော်လေးလနီးပါးအချိန်ကာလတစ်ခုကလူတစ်ယောက်ကိုထပ်မချစ်မိအောင်ကြိုးစားဖို့အတွက်လုံလောက်သလား။ကျွန်တော့်အတွက်ကတော့သုံးလေးနှစ်အချိန်ရရင်တောင်, မချစ်မိအောင်ကြိုးစားဖို့မလုံလောက်ပါဘူး။သူ့ကိုမေ့ဖို့အတွက်အချိန်ယန္တယားကြီးကကျွန်‎ေတာ့်ကိုနံပါတ်အများကြီးထပ်တိုးပေးလည်းကျွန်တော်လုပ်နိုင်မှာမဟုတ်ဘူး။ဒီပကိုကျွန်တော်မနေ့တစ်နေ့ကမှသိကျွမ်းခဲ့ရတာမဟုတ်ဘူးလေ။ကိုယ့်ညီလေးကိုကိုယ့်ချစ်သူအဖြစ်ကနေရုတ်သိမ်းခဲ့သူဟာကျွန်တော်ကိုယ်တိုင်ဖြစ်နေပေမယ့် စိတ်ပါလို့ရုတ်သိမ်းခဲ့တာမှမဟုတ်တာ။စိတ်ရင်းနဲ့သူ့ကိုလက်လွှတ်လိုက်တာမှမဟုတ်တာ။ကျွန်တော့်ဆန္ဒအတိုင်းဆိုရင် နောက်လေးငါးနှစ်အထိရော,ဆယ်စုနှစ်များစွာထိတိုင်အောင်ပါ, ဒီပကိုအဝေးမပို့နိုင်ပါဘူး။

ဒါပေမယ့်ကျွန်တော့်ကိုယ်တိုင်ကပဲသူနဲ့ဝေးသွားမယ့်ဦးတည်ချက်ကိုရွေးချယ်ခဲ့တယ်။အဲဒီဆုံးဖြတ်
ချက်အတွက်ကျွန်တော့်ကိုကျွန်တော်နေ့စဉ်ရက်စက်မုန်းတီးရတယ်။နေ့တိုင်းအခါတိုင်းကိုယ့်ကိုယ်ကိုပြစ်တင်ရှတ်ချနေတာပါ။

ကျွန်တော်မိုက်မဲလိုက်တာနော်။ရူးနှမ်းလိုက်တာဗျာ။

"ဘာများသုံးဆောင်မလဲရှင့်"

ကျောက်ရုပ်လိုကျွန်တော်ငြိမ်ပြီးနေခဲ့တာအချိန်ဘယ်လောက်ကြာပြီလဲ။ဘိုဆန်တဲ့ကော်ဖီဆိုင်ငယ်လေးရဲ့ casher counter ရှေ့တည့်တည့်ရပ်နေခဲ့တာမိနစ်ပိုင်းလောက်ကြာသွားမယ်တူတယ်။

"expresso ပဲပေးပါ ညီမလေး"

အခုနောက်ပိုင်းမှပြောင်းသောက်ဖြစ်လာတဲ့ကော်ဖီအမျိုးအစားတစ်မျိုးကိုကျွန်တော်မှာခဲ့တယ်။ပုံမှန်ဆိုကျွန်တော်ကနို့စိမ့်စိမ့်၊သကြားများများနဲ့ကော်ဖီကိုပဲစွဲလမ်းတာပါ။ခါးသက်သက်ရှိနေမယ့် expresso ကတော့ဒီပရဲ့အကြိုက်လေ။ တကယ်တော့ကျွန်တော်ရောက်နေတာဟာတစ်ခြားလူတစ်ဦးတစ်ယောက်ရဲ့သာမန်ကဖေးဆိုင်မဟုတ်ပါဘူး။ ဒီဆိုင်ကဒီပရဲ့ဆိုင်လေ။အတိအကျပြောရရင်တော့သူ့သူငယ်ချင်းမိသားစုပိုင်ပြီးသူအလုပ်လုပ်နေတဲ့ကာဖီ place လေးပဲဆိုပါတော့။

သူစိမ်း....သို့သော် [သူစိမ်း -၂] [U+Z] (completed)Where stories live. Discover now