🚨NSFW - Bareback, Cum, Rim, 🚨
အရင်ပိုင်းထက်၁၀ဆပိုကြမ်းပါတယ်။ 'Loe','Lee'
'sout' ,'a pout', ' a wa','phin' ဒီလိုကြမ်းတမ်းတဲ့စကားလုံးတွေပါတဲ့အတွက် ကြိုက်မှဖတ်ကြပါလို့။
nsfw မကြိုက်ရင် ဒီအပိုင်းရဲ့ first half ထိဖတ်လို့ရပါတယ်။ တစ်ဝက်လောက်က ဖြူဖြူစင်စင်ပါပဲ။***
၂၀၁၄တုန်းကဆိုပါတော့။ဒီပက၆တန်း၊ကျွန်တော်ကတော့၁၀တန်း။မှတ်မှတ်ရရအဲဒီနေ့ကဗယ်လယ်တိုင်းဒေးတဲ့။ဗယ်လယ်တိုင်းဆိုတာကအရင်တုန်းကဒီဘက်နယ်တွေမှာနာမည်မကြီးသေးဘူး။တေးဂီတဗီဒီယိုတွေမှာ၊မြန်မာရုပ်ရှင်ကားတစ်ချို့မှာတွေ့ဖူးမြင်ဖူးလို့သာရှိမှန်းသိပေမယ့်တကယ်တမ်းကိုယ်တို့တွေအတူပါဝင်ဖြစ်တာကတော့၂၀၁၄ပါပဲ။ပါတယ်ဆိုတာကဒီလို၊အချင်းချင်းပန်းပွင့်(ပန်းစည်းတော့မဟုတ်)တွေပေးကြ၊ကျောင်းမုန့်စျေးတန်းကချောကလတ်သကြားလုံးလေးတွေ၊ချောကလက်ကွက်ကီးလေးတွေချစ်သူခင်သူတွေကိုပေးကြ၊ခိုးကြွေရတဲ့သူကိုလက်ဆောင်ထည့်ကြပေါ့။တစ်ချို့မျက်
နှာပြောင်တဲ့ကောင်တွေဆိုအိမ်ကပန်းအိုးအလုံးလိုက်သယ်လာပြီးတော့ကြိတ်ခိုက်နေတဲ့ကောင်မ
လေးတွေကိုပေးကြတာ။မိန်းကလေးတွေကလည်းသူတို့သဘောကျနေတဲ့ကောင်လေးတွေကိုလက်
ဆောင်ပြန်ပေးကြနဲ့ရုပ်ရှင်ဇာတ်ဝင်ခန်းနဲ့တောင်တူသလို။ကျွန်တော်ဘက်ကတော့တစ်ယောက်ကိုမှမပေးဖြစ်ဘဲ၊ကျွန်တော့်ကိုချည်းချောကလက်တွေဝယ်ကျွေး၊ပန်းပွင့်တွေကမ်းပေးကြတာ။မယုံမရှိနဲ့၊ကိုးတန်းနှစ်မှသံဖြူဇရပ်အ၊ထ၊ကပြောင်းလာတဲ့ဝဏ္ကဟာကျောင်းမှာရေပန်းစားခဲ့တာအတည်ဗျ။ဟိုသကောင့်သားတွေလိုပြောင်ချော်ချော်လည်းမနေ၊တည်တည်
ငြိမ်ငြိမ်လေးဆိုတော့ပျိုမေတွေခိုက်ကြပြီပေါ့။တ
ကယ်ပြောတာ၊ကျွန်တော်က Lades' Man ဗျ။ဆိုတော့၁၄ရက်နေ့မှာရလိုက်တဲ့လက်ဆောင်ပန်းပွင့်တွေမှလက်နှစ်ဖက်လုံးနဲ့အပြည့်။ဖြစ်သင့်တာထက် Sor ပိုကြည်နေတော့ကျောင်းအပြန်လမ်းမှာမျက်နှာတောင်မထားတတ်တော့ဘူး။အဟုတ်ပြောတာ။
ကျွန်တော်ဘာစိတ်ကူးပေါက်တယ်မသိ၊အိမ်ကိုတန်းမပြန်ဘဲကျောင်းစိမ်းဝတ်ထားရက်လူတစ်ယောက်ရဲ့အိမ်ဘက်ကိုလှမ်းလာလိုက်တယ်။ကလေးတစ်ယောက်ရဲ့အိမ်ဆိုပါတော့။ကျွန်တော်နဲ့ချန်းကြီးဘောလုံးသင်ပေးခဲ့တဲ့၊အခုဆိုရင်ခြေစွမ်းကကျွန်တော်တို့ကိုတောင်အမှီလိုက်နိုင်တဲ့ကောင်လေးလေ။ကျောင်းဖွင့်ရက်ဆိုသူနေဖြစ်တယ်ဆိုတဲ့သူတို့အဘွားအိမ်(ချန်းနဲ့အိမ်ခြင်းကပ်ရပ်)ဆီကိုပေါ့။
ESTÁS LEYENDO
သူစိမ်း....သို့သော် [သူစိမ်း -၂] [U+Z] (completed)