(တနင်္ဂနွေ)
"ဝဏ္ဏရယ် မင်းခဏလောက် ငြိမ်နေစမ်းပါ မင့်ကြည့်ရတာ ခေါင်းတောင်မူးချင်သွားတယ်"
"ကိုဘွားကလဲ ပြောတော့မယ် သူ့တုန်းကျ အခုလို
မဖြစ်ဖူးတာကျလို့"ရှေ့ဆက်ပြီးဘာလုပ်ရမယ်မှန်းမသိလို့,စဉ်းစားလို့ရလိုရငြား ဧည့်ခန်းထဲမှာခေါက်တုံ့ခေါက်ပြန်လျှောက်နေမိလို့တဲ့။အဖြစ်သည်းတယ်ဆိုပြီးသမုတ်ကြတယ်လေ။ ကိုလှိုင်ဘွားရော, သူ့ဇနီးလောင်းလေးရဲ့သူငယ်ချင်းဆာဝါးရောပေါ့။ဆာဝါးကတော့ ကိုလှိုင်ဘွားလိုတစ်ဖက်သားကိုကိုယ်ချင်းမစာမနာ,မဟားနေဘူးပေါ့။ကျွန်တော့်စားချက်ကိုနားလည်နေတဲ့လူလို ကျွန်တော့်အဖြစ်ကိုငြိမ်ပြီးကြည့်နေတယ်။
"မနေ့ညက ကျနော်ရှင်းပြတာကိုခဏလောက်နားထောင်ပေးဖို့ ပြောတာကို တစ်ချက်တောင်အတွေ့မခံဘူးဗျာ နာရီဝက် မိနစ်၄၀ လောက်စောင့်
ခဲ့ပါသေးတယ်""လက်စသတ်တော့ မင်းကဖွန်ကြောင်နေလို့ ညကနောက်ကျတာကိုး မင့်ပြောတော့ဆိုင်က topping ပြင်နေရလို့ဆို ခွေးသား"
"ကဲ လုပ်ပြန်ပြီ မညှာမတာမပြောစမ်းပါနဲ့ ကိုဘွားရာ"
"နေရာမှာတင် လဲသေလိုက် မညှာဘူးဟေ့ မင်းအပြစ်နဲ့မင်းပဲ"
"ကိုဘွားကလည်း အကြောင်းစုံမသိလို့လဲမဟုတ်ဘူး
သိသိကြီးနဲ့ ကျနော့်ကိုပဲမဲနေတော့တာပဲ ဟိုကောင်
သူငယ်ချင်းအချင်းချင်း လုပ်သွားတာကျတော့ ထည့်မပြောဘူး""အော် သူကကိုယ့်လူမှမဟုတ်တာ အဲဒါကြောင့်ကိုယ့်လူဖြစ်တဲ့မင့်ကို ပြောနေရတာ ပြီးတော့
ချန်းခင်ကိစ္စ မင်းမှန်တယ်ပဲထားဦး ဟိုကောင်လေးကိစ္စမှာတော့မင်းအကြီးကြီး ဖောင်းခဲ့တာလေကွာ"ဒီတစ်ခါတော့ကျွန်တော်ဘာမှမခုခံနိုင်တော့ပါ။ကျွန်တော့်ကိုတွယ်တာနေတဲ့,ကျွန်တော့်ကိုအလေးပေးတဲ့သူကိုမှအောက်တန်းကျတဲ့စကားလုံးတွေနဲ့ ထိုးနှက်ခဲ့မိတယ်မဟုတ်လား။
"အင်းပါဗျာ ကြိုက်သလောက်ပြောပါ ကျနော်ခံပါ့မယ် အခုတော့ သူနဲ့အဆင်ပြေအောင်ကျနော်ဘာလုပ်သင့်လဲဆိုတာကို ကူစဉ်းစားပေးပါဦး ကိုဘွားရာ နော်"
ESTÁS LEYENDO
သူစိမ်း....သို့သော် [သူစိမ်း -၂] [U+Z] (completed)