ချန်းခင် (၇)

416 37 6
                                    

( flashback )

လွန်ခဲ့သော သုံးနှစ် - ၂၀၁၅

ပထမနှစ်တက်တုန်းကတော့ မော်လမြိုင်နဲ့ကီလိုမီတာ၆၀ကျော်ဝေးတဲ့ တောင်ကုန်း(ရွာ)အိမ်ကိုတစ်ပတ်တစ်ခေါက် မှန်မှန်ပြန်ဖြစ်တယ်။ အထူးသဖြင့် ဆောင်းတွင်းဖြစ်နေတဲ့ ပထမနှစ်ဝက်မှာပေါ့။ဆောင်းတွင်းက ရော်ဘာအထွက်ကောင်းတဲ့ရော်ဘာရာသီဖြစ်နေတော့ အဖေတို့ကိုခြံထဲမှာဝိုင်းကူရတယ်လေ။

ဒုတိယနှစ်ရောက်လာတော့ အိမ်ကိုနှစ်ပတ်တစ်ခါ
မပြန်ဖြစ်တော့ဘူး။ မော်လမြိုင်နဲ့နေသားကျသွားတာရော၊အိမ်ကလူကြီးတွေလည်းခြံမှာဝိုင်းကူလုပ်ဖို့ လူငှားခေါ်လိုက်တာကြောင့်ရော။ အိမ်မပြန်ဖြစ်တာတစ်လရှိပြီဆိုတော့ ဒီပိတ်ရက်ပြန်ဖို့စဉ်းစားလိုက်တယ်။ နယျူးရီးယားက ကြာသပတေးနေ့ကျတယ်။
ဆိုတော့ ပိတ်ရက်လေးရက်ရတယ်ပေါ့။ အဲဒါနဲ့ ဗုဒ္ဓဟူးထဲကအတန်းတစ်ရက်ဖျက်ပြီး ကျွန်တော်အိမ်ပြန်လာခဲ့တာ။

အိမ်ရောက်တဲ့အချိန်မှာ နေ့လယ်ဆယ့်နှစ်နာရီထိုးခါနီးဆိုတော့ တရေးတမောအိမ်လိုက်တယ်။ ကျွန်တော်အိပ်ယာကနိုးတော့ ညနေလေးနာရီကျော်နေပြီ။ အိမ်မှာထိုင်နေရမှာပျင်းနေတာနဲ့ ဘောလုံးကွင်းဘက်ကိုခြေဦးလှည့်လာလိုက်မိတယ်။ ဝဏ္ဏကရန်ကုန်မှာဆိုတော့ ကျွန်တော့်မှာလွင့်စရာ ဘောလုံးကွင်းပဲရှိတာကိုး။ ဒီပကိုလည်းတွေ့ချင်နေတာနဲ့ အဆင်သင့်သွားတာပေါ့။ ဘောလုံးဝါသနာကြီးတဲ့ ဒီပတစ်ယောက်ကွင်းထဲရှိနေမှာ အသေအချာပဲမဟုတ်လား။

ကျွန်တော်ထင်တဲ့အတိုင်း ဒီပရှိနေပါတယ်။ လှုပ်ရှားပြေးလွှားနေကြတဲ့ ကွင်းပြင်ထဲမှာ ဒီပကိုတွေ့ဖို့ နည်းနည်းတော့အားထုတ်လိုက်ရတယ်။ ဒီပကိုကျွန်တော်မမှတ်မိချင်သလို ဖြစ်သွားလို့ပါ။ကျွန်တော့်ညီလေးဒီပဟာ မမှတ်မိချင်စရာဖြစ်နေတာကိုး။ သူ့ကိုနောက်ဆုံးတွေ့ခဲတုန်းက ခန္ဓာကိုယ်ညှပ်ညှပ်ကလေးနဲ့ အရပ်လေးပေကျော်ကျော်လေးသာရှိတဲ့ ကလေး။အခုတော့ အဲဒီကလေးကအရပ်ငါးပေတောင်ကျော်ချင်နေပြီလေ။ ခန္ဓာကိုယ်သိပ်မထွားလာပေမယ့် မနှစ်တုန်းကလောက် မပိန်တော့တာအမှန်ပဲ။ ဘိုကေးအတိုညှပ်ကနေ သူ့ဆံပင်ခပ်အုပ်အုပ်လေးကို ဘေးခွဲ,ခွဲထားသေးတာ။

သူစိမ်း....သို့သော် [သူစိမ်း -၂] [U+Z] (completed)Opowieści tętniące życiem. Odkryj je teraz