ဝဏ္ဏ (၁၄)

264 34 53
                                    

တနင်္လာ(ည)

ဒီနေ့အတွက်ကျွန်တော့်ရဲ့ Mission ဟာမအောင်မြင်ခဲ့ပါဘူး။ ကျွန်တော်မျှော်လင့်တောင့်တနေသလို,ဒီပကျွန်တော့်ကိုလက်ခံစကားမပြောခဲဘူးလေ။ဒါပေမယ့်ကော်ဖီဆိုင်မှာတုန်းကလို စိတ်ပျက်အားငယ်တာမျိုးလည်းမဖြစ်တော့ပါ။ ဘာကြောင့်လဲဆိုတော့,၃မိနစ်စာလောက်ကျွန်တော့်ကိုသူငြိမ်ငြိမ်လေးငေးမောနေခဲ့တယ်မဟုတ်လား။ကျွန်တော့်ကိုအခွင့်
အရေးထပ်ပေးဖို့ ဆန္ဒမရှိရင်နေရာမှာပဲ ကျွန်တော့်ကိုကျောခိုင်းထားခဲ့မှာပေါ့။ ကျွန်တော့်ကိုမြင်တာနဲ့လှည့်ထွက်သွားခဲ့မှာပေါ့။ တကယ့်လက်တွေ့မှာ
ကျွန်တော့်ကိုဒီပချက်ချင်း‎ရှောင်ထွက်မသွားခဲ့ဘူး။အဲဒါကပဲ ကျွန်တော့်ကိုအားပေးနေတာပါ။
ကျွန်တော်တို့နှစ်ယောက်ရဲ့ဆက်ဆံရေးဟတိုးတက်
မသွားခဲ့ပေမယ့်ဆုတ်ယုတ်တာလည်းမဖြစ်ခဲ့တဲ့အတွက် ကျွန်တော်ကျေနပ်ပါတယ်။ ဒီအကြောင်းကိုပဲ ကိုလှိုင်ဘွားကိုဝမ်းသာအားရပြောပြမိတာ။

"မင်း အဲဒီအကြောင်းကိုဘယ်နှစ်ခါပြောဦးမှာလဲ နွားလေးရေ နားကြားပြင်းကတ်လာပြီကွာ"

"ကျနော် ဝမ်းသာလို့ပါဗျာ သူကျနော့်ကိုမမုန်းဘူး
သိလား ကျနော့်ဘက်ကမိုက်မိုက်ရိုင်းရိုင်းပြောခဲ့ပေမယ့် သူကျွန်တော့်ကို မနာကြည်းဘူး"

"အေး ငါ့ညီသာဆိုရင် ကောင်းကောင်းဆဲထည့်ပေးလိုက်ပြီ ဒီလောက်ကိုယ့်ကို မှိုချိုးမြှစ်ချိုးပြောထားတဲ့ကောင်ကို စိတ်မနာလို့ဆိုပြီး"

"သူများအတွဲသာယာတာကို မနာလိုမရှုစိတ်မဖြစ်စမ်းပါနဲ့ ကိုဘွားရာ"

"အောင်မာ ငါကပဲ မင်းကိုမနာလိုရှုစိတ်ရဦးမယ်
မင့်သိဖို့ ငါက fiancée နဲ့နော် မင်းလိုအခုမှပိုးတုန်းမဟုတ်ဘူးကွ"

"ကြုံတုန်းကြွားသွားပြန်ပြီနော် အခုမှစပိုးလည်းဘာဖြစ်လဲဗျာ အဓိက,က သူကျနော့်ကိုချစ်နေသေးတယ်ဆိုတာ သိနေတာပဲ"

"သေချာလှချည်လားဟေ့ confidence level so high ကွာ"

"ကိုဘွားသာ စောင့်ကြည့်နေလိုက်ပါဗျာ ကျနော်သူနဲ့ညားကိုညားမှာ"

သူစိမ်း....သို့သော် [သူစိမ်း -၂] [U+Z] (completed)Hikayelerin yaşadığı yer. Şimdi keşfedin