🚨Adult Content Warning - Sexual Content Warning🚨
"အကို protection မသုံးတော့ဘူးနော်"
သူ့နားရွက်နားကိုတီးတိုးလေးကပ်ပြီး ပြောလိုက်တဲ့အခါ ကောင်လေးကကျွန်တော့်ကို ကြောင်ပြီးကြည့်လာတယ်။ မနှစ်မြို့တဲ့အကြည့်လို့ကျွန်တော်ထင်လိုက်ပေမယ့် ကျွန်တော့်အထင်လွဲပါတယ်။ သူဘာပြောလဲဆိုတော့
"ကွိုင်ကိုပြောတာလား"
"အင်း အကိုမသုံးတော့ဘူးနော် ဘယ်လိုလဲ"
တကယ်တော့ကလေးကိုသပ်သပ်ညစ်ပြီးစနေတာပါ။ ကျွန်တော်စနောက်လည်းစနောက်ချင်စရာလေ
ဒီကောင်လေးဟာ အသည်းယားစရာကြီးမဟုတ်လား။ သူငယ်ငယ်ထဲက ကျွန်တော့်မျက်စိအောက်မှာကြီးပြင်းလာတာဆိုပေမယ့် အနီးကပ်ကြည့်ရင် ဒီလောက်နုဖက်နေမယ် ကျွန်တော်ဘယ်ထင်ခဲ့မလဲ။ သူ့ကို steak ကိုက်စားသလို တစ်ကိုက်ချင်းကိုက်စားလိုက်ချင်တာ။ စတာ။"ကိုဝဏ္ဏ သဘောလေ"
ကျွန်တော်စနေတာကို စမှန်းမသိဘဲဖြေနေတဲ့သူ့ကိုကြည့်ပြီး ကျွန်တော်ခပ်ဖွဖွရယ်မိသွားတယ်။ မဖွလို့မရတဲ့အကြောင်းက အိမ်အောက်ထပ်မှာ အဖေ့လူကြီးရှိနေတာကိုး
"ဘာဖြစ်လို့လဲ"
"ဘာမှမဖြစ်ပါဘူး သဘောကျလို့ အကို့နေရာ ချန်းဆိုရင်ရော ဒီလိုပဲဖြေမှာပဲလား"
ညဦးပိုင်တုန်းက ကျွန်တော့်မွေးနေ့အထိမ်းအမှတ်ဘော်ဒါတွေနဲ့ သောက်လာခဲ့တဲ့ အယ်ကိုဟောဟာ အခုမှအစွမ်းပြနေတော့တာပဲ။ မူးမူးနဲ့ ကျွန်တော်ဘာတွေပြောလိုက်မိပြီလဲ။ စိတ်ဆိုးရင်ဆိုးလို့ရတဲ့
ကျွန်တော့်မေးခွန်းကြားပြီး သူစိတ်မခုပါ။"သူက ကိုဝဏ္ဏမှမဟုတ်တာ၊ ပြီးတော့ ကိုချန်းကို
ကျနော့်အကိုလိုပဲသဘောထားတာ""ငါ့ကိုရော"
ကောင်လေးဘယ်လိုဖြေရမှန်းမသိတော့တဲ့ပုံ။
"ကဲကဲ ထပ်မစတော့ဘူး ဒီပ့စိတ်ကို အကိုသိပြီးသားပါ ခုနကကွိုင်မသုံးဘူးဆိုတာလဲ လျှောက်ပြောတာ"
ကျွန်တော်တို့အိပ်နေတဲ့ ကြမ်းခင်းကနေထပြီး စာကြည့်စားပွဲအံ့ဆွဲထဲမသုံးဘဲထည့်ထားခဲ့တဲ့ အကာအကွယ်ကိုခပ်လျင်လျင်သွားယူလိုက်ရတယ်။
![](https://img.wattpad.com/cover/216806049-288-k892741.jpg)
VOCÊ ESTÁ LENDO
သူစိမ်း....သို့သော် [သူစိမ်း -၂] [U+Z] (completed)