( flashback )
လွန်ခဲ့သော ၁နှစ်ကျော်
ကျွန်တော်တို့တုန်းကရွာမှာအလယ်တန်းအထိပဲတက်လို့ရပါတယ်။ရှစ်တန်ပြီးရင် အ.ထ.က(သံဖြူဇရပ်)မှာဆက်တက်ရတယ်။အဲဒီတုန်းကသံဖြူဇရပ်မှာလည်းအထက်တန်းကျောင်းတစ်ကျောင်းပဲရှိသေးတယ်။အခုတော့မြို့ပေါ်မှာလည်းအထက်တန်း
ကျောင်း၂ကျောင်းလောက်ရှိလာခဲ့သလိုတောင်ကုန်း
(ရွာ)ကကျောင်းသားလေးတွေလည်းမြို့ပေါ်ထိတက်စရာမလိုဘဲကိုယ့်ရွာမှာသာစာသင်နိုင်ခဲ့ပြီ။အထက်တန်းတိုးပြီးတာမကြာသေးတဲ့အတွက် ကျောင်းတော်ကြီးမှာရပ်မိရပ်ဖတွေရောဆရာတွေကပါဝိုင်းဝန်းကြိုးပမ်းကြရတယ်။ရွာမှာတစ်ချိန်လုံးရှိနေပြီဖြစ်တဲ့အတွက်ဒီအကြောင်းတွေကိုကျွန်တော်
သိတာပါ။အိမ်မှာအချိန်ပြည့်ရှိရတဲ့အကြောင်းရင်းကတော့ဒီနှစ်မှာကျောင်းကိုဒုတိယနှစ်အောင်ပြီးတဲ့အခြေ
အနေနဲ့ရပ်ထားခဲ့လို့လေ။တက္ကသိုလ်တက်နေစဉ်အခါကတစ်ပတ်တစ်ခါလောက်ရွာပြန်ရပြီးတစ်ပတ်မှာနှစ်ရက်လောက်ပဲ အိမ်ကလူကြီးတွေကိုဝိုင်းကူနိုင်ခဲ့တာဆိုတော့ ဆက်တက်လည်းမထူးဘူးဆိုပြီး နားထားလိုက်တာပါ။ပြီးတော့ အဲဒီနှစ်ပိုင်း(လွန်ခဲ့တဲ့နှစ်နှစ်)တုန်းကအိမ်မှာငွေရေးကြေးရေးအကြပ်
အတည်း၊အလုပ်သမားအကျပ်အတည်းလည်းကြုံခဲ့တာကိုး။အဲဒီနှစ်ပိုင်းတွေတုန်းကဆိုရင်ရော်ဘာစျေးဟာရစရာမရှိအောင်နိမ့်လွန်းလို့ခြံစိုက်စားသူ,ဦးကြီးအတော်များများအပင်ခုတ်ပြီးရောင်းသူကရောင်း၊ခြံပါရောင်းပြီးလုပ်ငန်းရပ်ရသူကရပ်,ဖြစ်ခဲ့ကြတယ်မဟုတ်လား။ အဲဒီထဲမှာကိုယ့်ခြံလည်းပါတာပေါ့။
ဒါပေမယ့်ဘ(အဖေ)တို့ကတော့ ဒီလုပ်ငန်းလုပ်လာတာလည်းကြာ၊စိုက်ထားတဲ့မြေဧကလည်းများတော့ လပိုင်း(တစ်နှစ်နီးပါး)လောက်တောင့်ခံခဲ့ကြရတယ်။အခုတော့ ရော်ဘာစျေးလည်း ဟိုးအရင်ကိုယ်တွေမူလတန်း၊အလယ်တန်းတုန်းကလောက်မကောင်းပေမယ့် ၂၀၁၅ဝန်းကျင်တုန်းကလိုလည်းမဆိုးဝါးတော့ပါဘူး။
ဒီဇင်ဘာဟာခြံမှာအလုပ်များတဲ့လ။ရော်ဘာအထွက်များတဲ့ကာလဆိုတော့ခြံမှာနေ့နေ့ညညဝိုင်းကူခဲ့ရတယ်။ဒီဇင်ဘာအလွန်ဇန်နဝါရီလကုန်လောက်မှာတော့ ကြိုကြားကြိုကြားအိမ်ပြန်နားလို့ရနေပြီ။ဘ(အဖေ)တို့ကလည်း အလုပ်ပါးတဲ့အခိုက်ရွာထဲပြန်လွှတ်တတ်တယ်။လူငယ်တစ်ယောက်ရဲ့လွတ်လပ်မှုမျိုးကိုခံစားစေချင်လို့နဲ့တူတယ်။
YOU ARE READING
သူစိမ်း....သို့သော် [သူစိမ်း -၂] [U+Z] (completed)