extra 4: endorphin, oxytocin and...

334 24 18
                                    


🚨 nsfw ပါအရင်အပိုင်းထကိအများကြီးကြမ်းပါတယ်နော်🚨

*****

"အကို ဆေးလိပ်သောက်တတ်တယ်ပေါ့"

ဆေးလိပ်နှစ်ရှိုက်,ရှိုက်ပြီးတဲ့အခါကျွန်တော့်အနားကိုသူရောက်လာပါတယ်။သူဆိုတာ မနေ့,နေ့လယ်တုန်းက Tinder မှာတွေ့ပြီးကျွန်တော့်ကိုမုန့်လိုက်ကျွေးခဲ့တဲ့သူပါ။
မနေ့ည,ကျိုက္ခမီဘုရားပေါ်မှာတုန်းကလည်း ကျွန်တော်နဲ့
စကားထပ်ပြောဖူးတဲ့ကောင်လေး။ တည်မြဲကောင်းကင်ဆိုတာလေ။

ကောင်လေးရဲ့စကားကိုကျွန်တော်စကားနဲ့မတုံ့ပြန်ဖြစ်ဘဲရော့တိရော့ရဲအပြုံးသာပြုံးပြခဲ့တယ်။မပီသတဲ့အပြုံးအတွက်သူ့ကိုအားနာပေမယ့်ကျွန်တော့်မှာလည်းကိုယ့်အခက်အခဲနဲ့ကိုယ်မဟုတ်လား။ကျွန်တော့်ဘက်ကအပြုံးဟာမပီပြင်ပေမယ့်ပြန်ပြုံးပြတဲ့ကောင်လေးရဲ့မျက်နှာကတော့ကြည်လည်နေတာပဲ။အဲဒီလန်းလန်းဆန်းဆန်းမျက်နှာကိုကြည့်ပြီးသူနဲ့စတွေခါစနေ့တုန်းကပုံရိပ်တွေကျွန်တော့်အာရုံထဲကိုတစ်ဖန်ပြန်ရောက်လာခဲ့တယ်။

လွန်ခဲ့တဲ့နှစ်ရက်၊အဲဒီနေ့ကမင်္ဂလာပွဲအတွက်လုပ်စရာဆောင်စရာတစ်ခုပြီးတစ်ခုနဲ့အလုပ်ရှုပ်နေခဲ့တဲ့သူငယ်ချင်းဖြစ်သူကိုကျွန်တော်ကူဖို့ဖြစ်လာခဲ့တယ်။မင်္ဂလာပွဲအတွက် Wedding Cake မှာပေးဖို့နဲ့အခမ်းအနားမှာအလှဆင်မယ့်ပန်းတွေကိုကြိုမှာထားဖို့ပါ။သံဖြူဇရပ်-မုဒုံခရီးကသိပ်ဝေးတဲ့ခရီးတော့မဟုတ်။ဒါပေမယ့်သူငယ်ချင်းကိုတစ်ယောက်တည်းမလွှတ်လိုတဲ့စုမွန်ဟာမောင်ဖြစ်သူကိုပါအတူထည့်ပေးခဲ့ပါတယ်။

သာမန်နေ့လေးတစ်နေ့လိုထင်စရာရှိတဲ့အဲဒီနေ့မှာသာမန်မဟုတ်တဲ့ကိစ္စလေးတစ်ခုဖြစ်ခဲ့တယ်။ကိုယ့်ချစ်သူအဖြစ်နဲ့ကိုယ့်ဘေးမှာသစ္စာရှိနေခဲ့ပေမယ့်ရည်းစားသက်တမ်း၆လအတွင်းမှာကိုယ့်ကိုချစ်တယ်ဆိုပြီးမပြောဖူးတဲ့ကောင်လေးကိုကျွန်တော်စိမ်းစိမ်းကားကားအဆက်ဖြတ်ခဲ့ပါတယ်။လွန်ခဲ့တဲ့လေးလကပေါ့လေ။အဲဲဒီဆုံးဖြတ်ချက်ကြောင့်ကိုယ့်ကိုယ်ကိုယ်ပြစ်တင်ရှုတ်ချမိတာအခါအခါပါ။ဒီပကိုတောင်းပန်ပြီးတော့အပြစ်တွေအတွက်ပေးဆပ်ရင်းအရင်အခြေအနေပြန်ရောက်ဖို့ကြိုးစားကြည့်ခဲ့တဲ့စိတ်ကလည်းပြီးခဲ့တဲ့လေးလ,တာကာလပတ်လုံးတစ်ရက်မှမလျော့ခဲ့ပါဘူး။

သူစိမ်း....သို့သော် [သူစိမ်း -၂] [U+Z] (completed)Where stories live. Discover now