ဇာတ်သိမ်း

771 33 73
                                    

ဝဏ္ဏ

flashback to
(လွန်ခဲ့သော ၁၀လ - ၂၀၁၈)

ကျွန်တော့ကို၁၀ရက်တာပြစ်ထားတဲ့ကောင်လေးကိုပိတ်ရက်နှစ်ရက်မှာတော့ကျွန်တော်အပိုင်သိမ်းခဲ့ပါတယ်။နှစ်ရက်လုံးလုံး,အိမ်ကိုမပြန်ခိုင်းတော့ဘဲနေ့ရောညမှာပါကျွန်တော်နဲ့အတူခေါ်ထားခဲ့တာပါ။ဒါပေမယ့်ကျွန်တော် မကျေနပ်နိုင်သေးဘူးဖြစ်နေတယ်။ဒီပကိုကျွန်တော့်အနားမှာပဲတစ်ချိန်လုံးရှိစေချင်တာ။ဒါ့ကြောင့်သူ့ဆီကိုဂစ်တာလာတီးတဲ့
ချန်းခင်ပြန်သွားတဲ့အခါကျွန်တော့်ဆီလာခဲ့ဖို့တောင်းဆိုလိုက်တယ်လေ။ကျွန်တော့်ကိုဆိုရင်ဘယ်တော့မှ"နိုး"မပြောဖူးသူကဒီတစ်ကြိမ်လည်းကျွန်တော့်ဆန္ဒကိုလိုက်လျောတာပဲ။ဘယ်လောက်တောင်ချစ်ဖို့ကောင်းလိုက်သလဲ၊ဘယ်လောက်တောင်အသည်းယားစရာကောင်းလိုက်သလဲ။

ကိုယ့်ကိုလိုက်လျောလွန်းတဲ့၊တွယ်တာလွန်းတဲ့ကောင်လေးကိုကျွန်တော့်ရင်ခွင်ထဲမူပိုင်ထည့်ထားဖို့ဆုံးဖြတ်တာမှားမယ်မထင်ဘူး။သူငယ်ချင်းအဖြစ်ကနေရည်းစားတော်ခဲ့ရတဲ့ကျွန်တော့်ကောင်မလေးနဲ့လမ်းခွဲဖို့ဟာလွယ်ကူမယ့်ကိစ္စမဖြစ်နိုင်လောက်ပေမယ့်ပေါ့။အဲဒီမလွယ်ကူခြင်းကိုကျွန်တော်ကျော်ဖြတ်လာရမှာပေါ့၊ဒီပအတွက်လေ။

"ဒီညတော့ တော်ပြီနော်"

မနေ့ညကနှစ်ကြိမ်၊ဒီနေ့မနက်တုန်းကတစ်ကြိမ်ကျွန်တော်အနိုင်ကျင့်တာခံခဲ့ရတဲ့ဒီပစကားကိုကြားတော့ကျွန်တော်သဘောတကျရယ်မိပါတယ်။

"ဘာရယ်တာလဲ ကျနော်အကောင်းပြောတာ ဒီညတော့ မရဘူးနော်"

ကျွန်တော်သူ့ကိုအဲဒီလောက်ထိမညှင်းစဲဘူးဆိုတဲ့အကြောင်းပြောပြလို့ရသားပဲ။တကယ်လည်းသူ့ကိုလိင်မှုကိစ္စတစ်ခုသပ်သပ်ကြောင့်အနားမှာခေါ်ထားတာမှမဟုတ်တာ။ဒါပေမယ့် မျက်မှောင်ကြုတ်ပြီးကြည့်နေတဲ့ ဒီပကိုကျွန်တော်ချစ်စနိုးလေးစ,နောက်ချင်နေတာ။

"မင်းကလည်းကွာ နောက်နေ့ကျောင်းသွားတော့မယ်
မလား တစ်ပတ်လုံးလုံးမတွေ့ရဘဲနေရဦးမှာ
ငါ့ကို မသနားဘူးလား"

သူစိမ်း....သို့သော် [သူစိမ်း -၂] [U+Z] (completed)Tahanan ng mga kuwento. Tumuklas ngayon