(အင်္ဂါ)
စီးကရက်သောက်တတ်တာမှန်ပေမယ့် ကျွန်တော်စီးကရက်မသောက်ဖြစ်တာကြာခဲ့ပါပြီ။ဆယ်တန်းပြီးလို့တက္ကသိုလ်မတက်ခင်ဆက်ကြား၈လလောက်အတွင်းမှာကျွန်တော်သောက်ဖြစ်တဲ့စီးကရက်အလိပ်ရေကလက်ချိုးရေလို့ရတယ်။ နောက်ပိုင်းဘောလုံးကန်တာလည်းမှန်လာတဲ့အတွက်ဆေးလိပ်ပြတ်သလောက်နီးနီး ကျွန်တော်Tobacco ကိုရှောင်ခဲ့တယ်။အခုတော့ သွေးကြောကျဉ်းစေပြီး ရေရှည်မှာနှလုံးခုန်နှုန်းကိုဒုက္ခပေးတယ်ဆိုတဲ့ နီကိုတင်းတွေအများဆုံးထည့်ထားတဲ့ စီးကရက်ကိုကျွန်တော်တစ်လိပ်ပြီးတစ်လိပ်ရှိုက်ဖြစ်နေတယ်။
မှုတ်ထုတ်လိုက်တဲ့ဆေးလိပ်ငွေ့ထဲမှာ ရင်ထဲကနာကျင်မှုတွေပါမသွားနိုင်တာကိုကျွန်တော်သိတယ်။ ဒါပေမယ့်ခံစားချက်ကိုကုစားပေးနိုင်မယ်အထင်နဲ့ ဆေးလိပ်ကိုတစ်လိပ်ပြီးတစ်လိပ်အငမ်းမရ ရှိုက်မိနေတယ်။ ဥယာဉ်မကျ၊ခြုံနွယ်မကျတဲ့ အပင်အုပ်ကြားမှာဖြစ်တဲ့အတွက်စိတ်လိုလက်ရ ရှိုက်နေနိုင်တယ်။ ဘယ်သူမှမမြင်ဘူးဆိုတဲ့အသိဟာ ခံစားချက်ကိုဖွင့်ထုတ်ဖို့အထောက်အကူပြုနေသလား။
ကျွန်တော့်ပါးထက်မှာပူနွေးနေပြီ။ မျက်ရည်ကျသွားပြီနဲ့တူတယ်။ ကိစ္စမရှိပါဘူး၊ ကျွန်တော်တစ်
ယောက်တည်းပဲဟာ။ ကြိုက်သလောက်ကျပေါ့၊ မဟုတ်ဘူးလား။ ရှိုက်သံနဲ့ငိုချင်လည်းရတယ်လေ။
ညနေတုန်းကလို ထိန်းချုပ်ထားစရာမလိုတော့ဘူးပဲ။ခေါင်းထဲမှာတော့ ဘာကြောင့်ဆိုတဲ့မေးခွန်းတွေကိုအထပ်ထပ်အခါခါမေးကြည့်နေတယ်။ ဖြေပေးနိုင်တဲ့လူကကျွန်တော်မဟုတ်ဘူးဆိုတာသိရက်နဲ့။
ဘာကြောင့်လဲ
ဘာကြောင့်လဲ
ဘာကြောင့် ကျွန်တော်ချစ်မိသွားရတာလဲ
ဘာကြောင့် သူ့ကိုရူးရူးမိုက်မိုက်စွဲလမ်းရသလဲ
ဘာကြောင့်...
ဘာကြောင့်များလဲဗျာ..."ညီလေး..."
တီးတိုးသာယာတဲ့ခေါ်သံကြောင့်လှည့်ကြည့်မယ်ပြင်ဆဲမှာ ကျောပေးနေတဲ့ကျွန်တော့်ခန္ဓာကိုယ်သေးသေးလေးကိုသူ့ဘက်ဆွဲလှည့်ပြီး ရင်ခွင်ထဲသွင်းလိုက်တယ်။ ကျွန်တော့်ကိုလည်းတင်းတင်းကြပ်ကြပ်ဖက်ထားသလို ကျွန်တော်လည်းလွတ်ထွက်သွားမှာစိုးရိမ်နေတဲ့လူတစ်ယောက်လိုပွေ့လိုက်ပါတယ်။ အေးချမ်းတဲ့ရင်ခွင်မှာရှိနေရတယ်ဆိုတဲ့အသိကြောင့် ထိန်းကွပ်ထားရတဲ့နာကျင်မှုတွေအကုန်ဖိတ်စင်ကျလာတယ်။ ပူပူနွေးနွေးမျက်ရည်တွေနဲ့အတူ...။
YOU ARE READING
သူစိမ်း....သို့သော် [သူစိမ်း -၂] [U+Z] (completed)