ဝဏ္ဏ (၁၁)

260 34 35
                                    

ဗုဒ္ဓဟူး


ချန်းနဲ့ထိုးကြိတ်ထားရလို့မျက်နှာတစ်ခုလုံးယောင်ကိုင်းနေတယ်။ဒါပေမယ့်အပေါ်ယံဒဏ်ရာကရင်ထဲကဒဏ်ရာလောက်တော့ဘယ်နာမလဲ။အခုချိန်လောက်ဆိုကျွန်တော်နဲ့ချန်းကြားကရန်ပွဲအကြောင်းကိုသူသိနေလောက်ပါပြီ။မျက်နှာပေါ်ကအညိုအမဲကွက်တွေဟာတစ်ခြားလူတစ်ယောက်ကြောင့်လို့
ချန်းပြောပြထားမှာမဟုတ်ဘူး။ကျွန်တော့်ကိုလက်ညိုးကောင်းကောင်းထိုးမှာပဲ။ဒါမှသူအမှတ်ပိုရမှာလေ။ကျွန်တော့်သူငယ်ချင်းကကျွန်တော်ထင်မထား
ခဲ့တဲ့ အတိုင်းအတာတစ်ခုထိကို လည်ဝယ်တယ်မဟုတ်လား။ ကျွန်တော့်ကြောင့်ရတဲ့ဒဏ်ရာကိုအကြောင်းပြုပြီးကောင်လေးဆီက ညှတာမှုတွေ၊ကြင်နာမှုတွေသဲ့ယူသွားဦးမှာ။ ဒါကိုကျွန်တော်သေချာသိနေတယ်။

ပိုပြီးခံပြင်းစရာကောင်းတာကအခြေအနေတွေသိပြီးသည့်တိုင်အောင်ကျွန်တော့်ကိုဖုန်းဆက်မေးမြန်းဖော်မရတာပဲ။အူတူတူ,အတတပုံစံဖမ်းနေတဲ့အဲဒီကောင်လည်းအစတည်းကလှေနံနှစ်ဖက်နင်းချင်နေတဲ့သူမဟုတ်လား။သူ့ကောင်နဲ့ယှဉ်ရင်ကျွန်တော့်ကိုဘယ်ရွေးပါ့မလဲ၊ဒါကိုကျွန်တော်သိသင့်နေပြီ။ ကျွန်တော့်ကိုချစ်တယ်ဆိုပြီးတစ်ခါပဲဖွင့်ပြောဖူးတာ,ချန်းခင်ကိုတော့အကြိမ်ကြိမ်အခါခါပြောခဲ့မှာပေါ့။

တွေးရင်းတွေးရင်အသားပေါ်ကနာတာထက်ရင်ထဲမှာပိုနာလာတာ။စနေ၊တနင်္ဂနွေတုန်းကသူ့ကိုဂရုစိုက်ပြ,ယုယပြခဲ့တာဟာချန်းခင်ရဲ့နေ့တဒူဝယုယမှုတွေနဲ့နှိုင်းတဲ့အခါ အမှုန်အမွှားဖြစ်နေမှာပေါ့။

စိတ်ဆိုတာလည်းအခက်သား။နာကျင်ရမှန်းသိသိနဲ့တွယ်တာချင်တာမျိုး။ အခုလည်းအဖြေကိုသိသိရက်,သူ့ဆီကအတည်ပြုမှုကိုလိုချင်နေသေးတာ။ကျွန်တော်နဲ့ မပက်သက်ချင်တော့ဘူးဆိုတာကိုသူ့နှုတ်ဖျားကတစ်ဆင့်ကြားချင်နေတာ။ ကျွန်တော့်ကိုနက်နက်ရှိုင်းရှိုင်းနမ်းရှိုက်ခဲ့ဖူးတဲ့နှုတ်ခမ်းကတစ်ဆင့်လေ။

"ကျနော် အဆောင်လိုက်သွားဦးမယ် ကိုဘွား"

လွန်ခဲ့တဲ့သုံးနာရီကျော်ကျော်လောက်ကပဲပြန်လာခဲ့တဲ့, အဆောင်ကိုပြန်သွားမယ်ဆိုတော့ ကိုလှိုင်ဘွားကျွန်တော့်မျက်နှာကိုရေခဲကပ်ပေးနေရာကရပ်ပြီး
မသွားဖို့တားတယ်။

သူစိမ်း....သို့သော် [သူစိမ်း -၂] [U+Z] (completed)Tempat cerita menjadi hidup. Temukan sekarang