ချန်းခင်, ဝဏ္ဏ (၂)

357 30 59
                                    

A/N: ဒါက ဇာတ်သိမ်းပိုင်းရဲ့ part 1 ပါနော်။
_____________________________________________

ချန်းခင်

flashback to
(လွန်ခဲ့သော ၆လ - ၂၀၁၉)

sleeping beauty.........., ဒီပနဲ့ပက်သက်ရင်ဒီအသုံး
အနှုန်းလောက်သင့်တော်တဲ့အသုံးအနှုန်းမရှိဘူးလို့ကျွန်တော်ထင်တယ်။လသားအရွယ်ကလေးလေးတွေအတိုင်းအပြစ်ကင်းကင်းလေးနဲ့စာကြည့်စားပွဲပေါ်အိပ်ပျော်နေတဲ့သူ့အနားမှာဒူးထောက်ထိုင်ပြီးကျွန်တော်ငြိမ်ငြိမ်လေးငေးကြည့်နေခဲ့တာ
ဘယ်လောက်ကြာသွားပါလိမ့်။နည်းနည်းတော့ကြာ
ပြီထင်တယ်။

မတ်လနှစ်ဝက်စာမေးပွဲတွေဖြေကြဖို့တစ်ပတ်သာလိုသေးတဲ့အချိန်ဖြစ်တာကြောင့်ကျွန်တော့်ကောင်လေးပင်ပန်းနေလောက်ပြီ။ညဦးပိုင်းမို့လို့အဆောင်ထဲမှာစာကျက်သံဒီလောက်ညံနေတဲ့ကြားထဲ ကောင်းကောင်းအိပ်ပျော်သွားခဲ့တာမဟုတ်လား။

ကျွန်တော်တို့နှစ်ယောက်အိမ်မပြန်ဖြစ်တာ၃ပတ်ရှိသွားပါပြီ။အိမ်ကလူကြီးတွေကတော့စာမေးပွဲရှိမှန်းသိလို့နားလည်ပေးတာပေါ့လေ။တကယ်တော့စာမေးပွဲထက် ဒီပနဲ့တစ်ပတ်မှာကျောင်းပိတ်ရက်နှစ်ရက်လောက်ခွဲပြီးခြံထဲသွားရမယ့်အဖြစ်ကိုသဘောမတွေ့တာကြောင့် မပြန်ဖြစ်ကြတာပါ။တစ်ပတ်မှာငါးရက်လောက်တွေ့ပြီးနှစ်ရက်လေးခဏခွဲရတာကို ပိုပြသည်းပြနေတယ်လို့ပြောရင်ပြောကြပါတော့။

ပြတင်းပေါက်ကနေတစ်ဆင့်အခန်းထဲကိုဖြတ်သန်းတိုးဝင်လာတဲ့ည,လေညင်းကြောင့်သူ့ဆံသားလေးတွေ မဆိုစလောက်လေး,ဝေ့ဝဲနေတယ်။အဖုအထစ်လေးတွေကင်းစင်ပြီးဖောင်းဖောင်းလေးဖြစ်နေတဲ့ဒီပရဲ့ပါးပြင်ကိုကြည့်နေရင်းအသည်းယားလွန်းလို့ ကျွန်တော် ဖွဖွလေးဖြစ်ညှစ်ချင်နေတာ။

နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေတဲ့ကျွန်တော့်ကောင်လေးကိုမနိုးရက်ပေမယ့် ခေါ်သွားချင်တဲ့နေရာလေးရှိတာကြောင့် ခေါ်နိုးလိုက်ရပါတယ်။လန့်သွားမှာစိုးတဲ့အတွက်သူ့ရဲ့နားနားကိုကပ်ပြီးတော့သာ တီးတိုးလေးခေါ်နိုးဖြစ်တယ်။အအိပ်ဆတ်တဲ့ကျွန်တော့်ရည်းစားလေးကကျွန်တော်နာမည်ခေါ်တာကိုကြားတော့ ချက်ချင်းနိုးလာတယ်။မျက်တောင်လေးတွေပုတ်ခပ်ပုတ်ခပ်နဲ့လေ။မျက်လုံးဖွင့်ဖွင့်ချင်းကျွန်တော့်ကိုမြင်တဲ့အခါ နှုတ်ခမ်းလေးတွေကွေးနေအောင်ပြုံးပြတယ်။ဒီလောက်ချစ်ဖို့ကောင်းတဲ့ကောင်လေးကမ္ဘာမှာရှိနိုင်ဦးမလား။

သူစိမ်း....သို့သော် [သူစိမ်း -၂] [U+Z] (completed)Où les histoires vivent. Découvrez maintenant