ဒီပ (၅)

250 32 36
                                    

လွန်ခဲ့သော နှစ်ပတ်

"အစ်မရေ ဒါလေးယူမယ်ဗျ"

ချောကလက်ကိုမှ toppingမှာချယ်ရီသီးလေးတွေအလှဆင်ထားတဲ့ကိတ်ကို ကိုချန်းလက်ညိုးထိုးပြနေတယ်။

"တစ်ခုလုံးယူမလို့လား အကို"

"အင်းပေါ့ ဒီပရ"

ကျွန်တော်နည်းနည်းတော့အံ့ဩနေတယ်။သိသ
လောက်ဒီနေ့ကိုချန်းမွေးနေ့မဟုတ်ပါဘူး။

"အကို့မွေးနေ့လည်း မဟုတ်ပါဘူး"

"အင်းလေ မဟုတ်ဘူးလေကွာ"

"အကို ကုန်လို့လား မကုန်ရင်နှမြောစရာကြီး"

"နှမြောရင် ကုန်အောင်စား"

"ဟင်"

"ဟုတ်တယ်လေ မင်းအတွက်မှာပေးတာ ဆိုင်ထဲဝင်ထဲက‎ ဒီတစ်ခုကို မင်းကြည့်နေတာ ငါမြင်သားပဲ"

နှစ်ယောက်ဆွေးနွေးနေတာကို glass case တစ်ဖက်ကဆိုင်ဝန်ထမ်းအမျိုးသမီးငယ်က ဘာများသဘော
တွေ့သလဲမသိ။ ကျွန်တော်နဲ့ကိုချန်းကိုကြည့်ပြီးပြုံးနေတယ်။

"တစ်စိတ်လောက်ဆို ဝ,ပါပြီဗျာ တစ်စိတ်ပဲယူလေ နော်"

ဒီလိုဆိုတော့မျက်ခုံးပါးပါး နှစ်ခုထိစပ်သွားတဲ့အထိ
ကျွန်တော့်ကိုမျက်မှောင်ကြုတ်ပြတယ်။

"အကို အပိုကုန်နေမှာစိုးလို့ ပြောတာပါဗျာ"

"ကိုယ်ရှာနေတာ မင်းအတွက်ချည်းပဲလေ ဘေဘီ"

တစ်ဖက်ကဝန်ထမ်းအစ်မ,စောစောတုန်းကလိုပြုံးရုံမဟုတ်တော့ဘဲ ခိုးခိုးခစ်ခစ်ရယ်နေပြီ။စနောက်နေမှန်းသိသည့်တိုင် ကျွန်တော့်ပါးတွေနွေးသွားရပြီ။

"ကိုချန်း ဘာတွေလျှောက်ပြောနေတာလဲဗျာ"

ကျွန်တော်သူ့ကိုမကြည့်မိတော့ဘဲ ရှေ့တည့်တည့်ကျနေတဲ့ ကောင်တာတစ်ဖက်ခြမ်းက coffee maker ကနေတစ်စက်ချင်းစီးကျနေတဲ့ကော်ဖီစက်ကိုသာ အကြောင်းမဲ့ငေးမိတယ်။ ကျွန်တော်ဘာဖြစ်သွားသလဲသိရက်နဲ့ နွေးသွားတဲ့ပါးပေါ်ကိုလက်ဖဝါးတင်ပြီး အပူစမ်းသလိုစမ်းသေးတယ်။

"babe နေမကောင်းဖြစ်ချင်လာလို့လား"

တစ်ဖက်ကအစ်မလည်းအရယ်မပြတ်တော့ဘူး။အားပေးနေတဲ့ဘောလုံးသမားဂိုးသွင်းလိုက်လို့ကျေ
နပ်နေတဲ့ပွဲကြည့်ပရိသတ်လို ကျွန်တော်တို့ကို ကြည့်ပြီးသဘောအကျကြီးကျနေပြီ။ ဒါကိုမျက်လုံးထောင့်ကနေမြင်နေရတယ်။

သူစိမ်း....သို့သော် [သူစိမ်း -၂] [U+Z] (completed)Donde viven las historias. Descúbrelo ahora